ျပည္ႀကီးတံခြန္ ၿမိဳ႕မရဲစခန္းမွာ အခ်ဳပ္သားေတြ ခိုက္ရန္ျဖစ္ပြားၿပီး တစ္ဦးေသဆုံး

0
141

ျပည္ႀကီးတံခြန္ ၿမိဳ႕မရဲစခန္းမွာ အခ်ဳပ္သားေတြ ခိုက္ရန္ျဖစ္ပြားၿပီး တစ္ဦးေသဆံုးခဲ့ပါတယ္။ ဒီသတင္းကုိ MCN မႏၱေလး သတင္းေထာက္ ညဏ္လင္းထူးက ေပးပုိ႔ထားပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွာ ဇန္နဝါရီလ ၂ရက္ေန႔က အခ်ဳပ္သားခ်င္း ခိုက္ရန္ျဖစ္ပြားခဲ႔ရာမွာ အခ်ဳပ္သားတစ္ဦး ေသဆံုးခဲ႔တာ ျဖစ္ပါတယ္။ ေသဆံုးခဲ႔တဲ႔အခ်ဳပ္သားဟာ မူးယစ္ရမ္းကားမႈနဲ႔ ဇန္နဝါရီလ ၂ရက္ေန႔မွာပဲ ထိန္းသိမ္းခံခဲ႔ရတာၿဖစ္ၿပီး အခုလိုေသဆံုးတဲ႔အေပၚ ရဲတပ္ဖြဲ႔အေနနဲ႔လည္း တာဝန္ရွိတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

Sound Bite ကိုကိုသက္ ( ေသဆံုးသူမိသားစုဝင္ )

ေဆးမွတ္တမ္းေတြအရ အဲ႔ဒီအခ်ဳပ္သားဟာ ဦးေႏွာက္ေသြးခဲၿပီး ေသဆံုးခဲ႔တာ ျဖစ္တယ္လို႔ သိရပါတယ္။ အခ်ဳပ္သားခ်င္းခိုက္ရန္ျဖစ္ပြားၿပီးေနာက္ အခ်ဳပ္ခန္းအျပင္ဘက္ကို ထုတ္ထားခဲ႔ၿပီး မနက္ကိုးနာရီ မိသားစုနဲ႔ ေတြ႕ဆံုခ်ိန္မွာ သတိလစ္ေမ့ေျမာေနၿပီျဖစ္ပါတယ္။

Sound Bite ကိုကိုသက္ (ေသဆံုးသူမိသားစုဝင္ )

အခုကိစၥအေပၚ အခ်ဳပ္သားေလးဦးကိုလည္း လူသတ္မႈနဲ႔ အမႈဖြင့္လွစ္ထားသလို စံုစမ္းစစ္ေဆးေရး ေတြစတင္ျပဳလုပ္ေနၿပီး ဥပေဒအတိုင္း ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ဦးေနမ်ဳိးေအာင္ကေျပာပါတယ္။
မိသားစုဝင္ေတြအေနနဲ႔ တာဝန္ေပါ့ေလ်ာ့ခဲ႔တဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြကိုပါ တရားစြဲဆိုဖို႔ႀကိဳးစားေနေပမယ့္ လက္ရွိအခ်ိန္အထိ အမႈဖြင့္လွစ္ခြင့္မရရွိေသးတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ အချုပ်သားတွေ ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေး သတင်းထောက် ညဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဇန်နဝါရီလ ၂ရက်နေ့က အချုပ်သားချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှာ အချုပ်သားတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့အချုပ်သားဟာ မူးယစ်ရမ်းကားမှုနဲ့ ဇန်နဝါရီလ ၂ရက်နေ့မှာပဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အခုလိုသေဆုံးတဲ့အပေါ် ရဲတပ်ဖွဲ့အနေနဲ့လည်း တာဝန်ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

Sound Bite ကိုကိုသက် ( သေဆုံးသူမိသားစုဝင် )

ဆေးမှတ်တမ်းတွေအရ အဲ့ဒီအချုပ်သားဟာ ဦးနှောက်သွေးခဲပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အချုပ်သားချင်းခိုက်ရန်ဖြစ်ပွားပြီးနောက် အချုပ်ခန်းအပြင်ဘက်ကို ထုတ်ထားခဲ့ပြီး မနက်ကိုးနာရီ မိသားစုနဲ့ တွေ့ဆုံချိန်မှာ သတိလစ်မေ့မြောနေပြီဖြစ်ပါတယ်။

Sound Bite ကိုကိုသက် (သေဆုံးသူမိသားစုဝင် )

အခုကိစ္စအပေါ် အချုပ်သားလေးဦးကိုလည်း လူသတ်မှုနဲ့ အမှုဖွင့်လှစ်ထားသလို စုံစမ်းစစ်ဆေးရေး တွေစတင်ပြုလုပ်နေပြီး ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်ကြီး တံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးနေမျိုးအောင်ကပြောပါတယ်။
မိသားစုဝင်တွေအနေနဲ့ တာဝန်ပေါ့လျော့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ တရားစွဲဆိုဖို့ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိ အမှုဖွင့်လှစ်ခွင့်မရရှိသေးတာဖြစ်ပါတယ်ခင်ဗျာ။

?bph6