ရခိုင္ျပည္ အခ်ဳပ္အျခာ အာဏာက်ဆံုးျခင္း (၂၃၄) ႏွစ္ေျမာက္ အခမ္းအနား က်င္းပ

0
128

ရခိုင္ျပည္ အခ်ဳပ္အျခာအာဏာက်ဆံုးျခင္း (၂၃၄) ႏွစ္ေျမာက္ အခမ္းအနားကို ရခုိင္အမ်ိဳးသားပါတီမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ က်ေရာက္တဲ့ ရခုိင္ျပည္အခ်ဳပ္အျခာအာဏာက်ဆံုးျခင္း ၂၃၄ ႏွစ္ေျမာက္ အခမ္းအနားကို ရခုိင္အမ်ိဳးသားပါတီ ANP ဗဟိုဌာနခ်ဳပ္မွာ က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။

အဲဒီအခမ္းအနားကို အရင္ႏွစ္ေတြက ရခုိင္ျပည္နယ္အတြင္း ၿမိဳ႕နယ္အမ်ားစုတုိ႔မွာ က်င္းပျပဳလုပ္ခဲ့ၾကေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ေျမာက္ဦးပစ္ခတ္မႈျဖစ္စဥ္ေၾကာင့္ အခုႏွစ္စစ္ေတြတစ္ၿမိဳ႕တည္းမွာပဲ က်င္းပျပဳ လုပ္ခဲ့တာျဖစ္ပါတယ္။

Sound bite- ဦးထြန္းေအာင္ေက်ာ္ (အေထြေထြအတြင္းေရးမွဴး)
ရခုိင္အမ်ိဳးသားပါတီ (ANP)

ဒါ့အျပင္ အခုလိုမ်ိဳး အခမ္းအနားေတြကို က်င္းပျပဳလုပ္ေပးျခင္းအားျဖင့္ လူငယ္ေတြအေနနဲ႔ မိမိတုိ႔ရဲ႕ သမိုင္းေၾကာင္းေတြကို သိရွိခြင့္ရရွိခဲ့ၿပီး ရခိုင္တစ္ျပည္နယ္လံုးမွာ က်င္းပျပဳလုပ္ေပးသင့္ေၾကာင္းနဲ႔ အခုလိုမ်ိဳး အခမ္းအနားေတြကို တားဆီးပိတ္ပင္တာေတြ မလုပ္သင့္ေၾကာင္း အခမ္းအနားတက္ေရာက္လာတဲ့ လူငယ္ေတြက ေျပာပါတယ္။

Sound bite – ေမာင္ေအာင္ေနဝင္း (ေက်ာင္းသား)

ၿပီးခဲ့တဲ့ႏွစ္က ေျမာက္ဦးမွာျဖစ္ပြားခဲ့တဲ့ ေျမာက္ဦးၿမိဳ႕ျဖစ္စဥ္ေၾကာင့္ ျပည္သူေတြအေနနဲ႔ အခုလိုမ်ိဳး အခမ္းအနားေတြကို က်င္းပျပဳလုပ္ပါက ဖမ္းဆီးခံရမွာကို စိုးရိမ္ေၾကာင့္ၾကၿပီး တျခားၿမိဳ႕နယ္ေတြမွာ မျပဳလုပ္ၾကတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၄) နှစ်မြောက် အခမ်းအနားကို ရခိုင်အမျိုးသားပါတီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၄ နှစ်မြောက် အခမ်းအနားကို ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို အရင်နှစ်တွေက ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများစုတို့မှာ ကျင်းပပြုလုပ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်ကြောင့် အခုနှစ်စစ်တွေတစ်မြို့တည်းမှာပဲ ကျင်းပပြု လုပ်ခဲ့တာဖြစ်ပါတယ်။

Sound bite- ဦးထွန်းအောင်ကျော် (အထွေထွေအတွင်းရေးမှူး)
ရခိုင်အမျိုးသားပါတီ (ANP)

ဒါ့အပြင် အခုလိုမျိုး အခမ်းအနားတွေကို ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ သမိုင်းကြောင်းတွေကို သိရှိခွင့်ရရှိခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးမှာ ကျင်းပပြုလုပ်ပေးသင့်ကြောင်းနဲ့ အခုလိုမျိုး အခမ်းအနားတွေကို တားဆီးပိတ်ပင်တာတွေ မလုပ်သင့်ကြောင်း အခမ်းအနားတက်ရောက်လာတဲ့ လူငယ်တွေက ပြောပါတယ်။

Sound bite – မောင်အောင်နေဝင်း (ကျောင်းသား)

ပြီးခဲ့တဲ့နှစ်က မြောက်ဦးမှာဖြစ်ပွားခဲ့တဲ့ မြောက်ဦးမြို့ဖြစ်စဉ်ကြောင့် ပြည်သူတွေအနေနဲ့ အခုလိုမျိုး အခမ်းအနားတွေကို ကျင်းပပြုလုပ်ပါက ဖမ်းဆီးခံရမှာကို စိုးရိမ်ကြောင့်ကြပြီး တခြားမြို့နယ်တွေမှာ မပြုလုပ်ကြတာလည်းဖြစ်ပါတယ်ခင်ဗျာ

?bph6