ဝါးစိမ္းေတာင္ကို ေၾကးနီသတၱဳ စမ္းသပ္ခြင့္ ေတာင္းခံထားတဲ့အေပၚ ေဒသခံ ေတာင္သူေတြ ကန္႔ကြက္

0
359

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္ရိွ ဝါးစိမ္းေတာင္ကို ျမန္မာ-ယမ္စီကုမၸဏီက ေၾကးနီသတၱဳ စမ္းသပ္ခြင့္ ေတာင္းခံထားတဲ့အေပၚ ေဒသခံေတာင္သူေတြက ကန္႔ကြက္ခဲ့ၾကပါတယ္။ ဒီသတင္းကုိ MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထားၿပီး ေမာင္ထက္ တင္ဆက္ ေပးထားပါတယ္။

စစ္ကုိင္းတုိင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ၀ါးစိမ္းေတာင္ကုိ ျမန္မာ-ယမ္စီကုမၸဏီက ေၾကးနီသတၱဳ စမ္းသပ္ခြင့္ ေထာင္းခံထားတဲ့အေပၚ ေဒသခံေတာင္သူေတြက လက္မွတ္ေရးထုိး ကန္႔ကြက္ခဲ့တာေၾကာင့္ တုိင္းေဒသႀကီးအစုိးရအဖြဲ႕ ထံတင္ျပသြားမွာျဖစ္ပါတယ္။

စမ္းသပ္ခြင့္ကုိလည္း တုိင္းေဒသႀကီးလႊတ္ေတာ္မွာ ကန္႔ကြက္တင္ျပသြားမွာျဖစ္တယ္လို႔ ယင္းမာပင္ၿမိဳ႕နယ္ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီက ဒီဇင္ဘာလ ၂၅ ရက္ေန႔ျပဳလုပ္တဲ့ ေဒသခံထူလုေတြရဲ႕ အသံနားေထာင္တဲ့ပြဲမွာ ေျပာပါတယ္။

Sound Bite း (33)- ေဒၚေအာင္ေမရီ (စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္)
ယင္းမာပင္ၿမိဳ႕နယ္

၀ါးစိမ္းေတာင္ဟာ အရံေတာင္ေပါင္း ၃၃လံုးရိွၿပီး ေၾကးနီစမ္းသပ္မႈကေနထုတ္လုပ္ခြင့္ ေတာင္းခံလာခဲ့ပါက ေတာင္ကိုမွီတင္းစိုက္ပ်ိဳးလုပ္ကိုင္ၾကတဲ့ ေဒသခံေတာင္သူေတြအေနနဲ႕ လယ္ယာေျမမ်ားဆံုးရံႈးမႈေတြ အျပင္ သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈေတြရိွလာမွာကိုလည္း စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

Sound Bite း (27) – ဦးေအာင္မ်ိဳး၀င္း ( သေျပေအးေက်းရြာ ၊ ယင္းမာပင္ၿမိဳ႕နယ္ )

၀ါးစိမ္းေတာင္ေျခ၀န္းက်င္မွာ ေက်းရြာေပါင္း ၄၁ ရြာရိွၿပီး အမ်ားဆံုးက ႏွမ္း ၊ ပဲစိမ္းငံု၊ ပဲတီစိမ္း ၊ ေျပာင္း ၊ ခရမ္းခ်ဥ္ စတဲ့ ယာသီးႏွံေတြစိုက္ပ်ိဳးၾကတာျဖစ္ပါတယ္ ။

စိုက္ခင္းအတြက္ ေရကို ၀ါးစိမ္းေတာင္ေပၚက်လာတဲ႕ ေတာင္က်ေခ်ာင္းေတြကေန ရရွိေနတာ ျဖစ္တာေၾကာင့္ အစိုးရက ေၾကးနီစမ္းသပ္ခြင့္ေပးလိုက္မယ္ဆုိပါက ေတာင္က်ေခ်ာင္းေတြ ေပ်ာက္ကြယ္သြားနိုင္ၿပီး စိုက္ပ်ိဳးဖို႕ အခက္ခဲျဖစ္မွာကုိ ေဒသခံေတြ စုိးရိမ္ေနၾကပါတယ္။

Sound Bite း (28) – ဦးျမတ္၀င္း( သေျပေအးေက်းရြာ ၊ ယင္းမာပင္ၿမိဳ႕နယ္ )

၀ါးစိမ္းေတာင္ေပၚမွာ ဘုန္းႀကီးေက်ာင္း ၂ ေက်ာင္းအျပင္ ေရွးေဟာင္း ဘုရား ေစတီတစ္ဆူအပါ၀င္ စုစုေပါင္း ဘုရားေစတီ ၃ ဆူတည္ရိွတာျဖစ္ပါတယ္။ ဒါ့အျပင္ ေၾကးနီစမ္းသပ္ခြင့္ေတာင္းခံလာတဲ့ အေပၚ ေဒသခံေတြရဲ႕ သေဘာတူညီရယူ ညိွႏႈိုင္းတိုင္ပင္ၿပီးမွ ခြင့္ျပဳနိုင္မွာျဖစ္ေၾကာင္းလည္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ါးစိမ်းတောင်ကို ကြေးနီသတ္တု စမ်းသပ်ခွင့် တောင်းခံထားတဲ့အပေါ် ဒေသခံ တောင်သူတွေ ကန့်ကွက်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရှိ ဝါးစိမ်းတောင်ကို မြန်မာ-ယမ်စီကုမ္ပဏီက ကြေးနီသတ္တု စမ်းသပ်ခွင့် တောင်းခံထားတဲ့အပေါ် ဒေသခံတောင်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး မောင်ထက် တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ ဝါးစိမ်းတောင်ကို မြန်မာ-ယမ်စီကုမ္ပဏီက ကြေးနီသတ္တု စမ်းသပ်ခွင့် ထောင်းခံထားတဲ့အပေါ် ဒေသခံတောင်သူတွေက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံတင်ပြသွားမှာဖြစ်ပါတယ်။

စမ်းသပ်ခွင့်ကိုလည်း တိုင်းဒေသကြီးလွှတ်တော်မှာ ကန့်ကွက်တင်ပြသွားမှာဖြစ်တယ်လို့ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ဒီဇင်ဘာလ ၂၅ ရက်နေ့ပြုလုပ်တဲ့ ဒေသခံထူလုတွေရဲ့ အသံနားထောင်တဲ့ပွဲမှာ ပြောပါတယ်။

Sound Bite း (33)- ဒေါ်အောင်မေရီ (စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
ယင်းမာပင်မြို့နယ်

ဝါးစိမ်းတောင်ဟာ အရံတောင်ပေါင်း ၃၃လုံးရှိပြီး ကြေးနီစမ်းသပ်မှုကနေထုတ်လုပ်ခွင့် တောင်းခံလာခဲ့ပါက တောင်ကိုမှီတင်းစိုက်ပျိုးလုပ်ကိုင်ကြတဲ့ ဒေသခံတောင်သူတွေအနေနဲ့ လယ်ယာမြေများဆုံးရှုံးမှုတွေ အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိလာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

Sound Bite း (27) – ဦးအောင်မျိုးဝင်း ( သပြေအေးကျေးရွာ ၊ ယင်းမာပင်မြို့နယ် )

ဝါးစိမ်းတောင်ခြေဝန်းကျင်မှာ ကျေးရွာပေါင်း ၄၁ ရွာရှိပြီး အများဆုံးက နှမ်း ၊ ပဲစိမ်းငုံ၊ ပဲတီစိမ်း ၊ ပြောင်း ၊ ခရမ်းချဉ် စတဲ့ ယာသီးနှံတွေစိုက်ပျိုးကြတာဖြစ်ပါတယ် ။

စိုက်ခင်းအတွက် ရေကို ဝါးစိမ်းတောင်ပေါ်ကျလာတဲ့ တောင်ကျချောင်းတွေကနေ ရရှိနေတာ ဖြစ်တာကြောင့် အစိုးရက ကြေးနီစမ်းသပ်ခွင့်ပေးလိုက်မယ်ဆိုပါက တောင်ကျချောင်းတွေ ပျောက်ကွယ်သွားနိုင်ပြီး စိုက်ပျိုးဖို့ အခက်ခဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Sound Bite း (28) – ဦးမြတ်ဝင်း( သပြေအေးကျေးရွာ ၊ ယင်းမာပင်မြို့နယ် )

ဝါးစိမ်းတောင်ပေါ်မှာ ဘုန်းကြီးကျောင်း ၂ ကျောင်းအပြင် ရှေးဟောင်း ဘုရား စေတီတစ်ဆူအပါဝင် စုစုပေါင်း ဘုရားစေတီ ၃ ဆူတည်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ကြေးနီစမ်းသပ်ခွင့်တောင်းခံလာတဲ့ အပေါ် ဒေသခံတွေရဲ့ သဘောတူညီရယူ ညှိနှိုုင်းတိုင်ပင်ပြီးမှ ခွင့်ပြုနိုင်မှာဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

?bph6