ဂြၿမိဳ႕နယ္အတြင္း ဒီေရေတာအပင္ ငါးသိန္းအထိ စိုက္ပ်ိဳးၿပီးစီး

0
59

ဂြၿမိဳ႕နယ္အတြင္း ဒီေရေတာအပင္ ၅ သိန္းအထိ စိုက္ပ်ိဳးၿပီးစီးေနၿပီျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ဒီေရေတာထိန္းသိမ္း ကာကြယ္ေရးလုပ္ငန္းေတြကို ေဆာင္ရြက္ေနတဲ့ ရခုိင္ကမ္းရိုးတန္းေဒသ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႔ RCA ကေနၿပီးေတာ့ ရခုိင္ျပည္နယ္အတြင္း ပ်က္စီးသြားတဲ့ဒီေရေတာ ေတြကို ျပန္လည္စိုက္ပ်ဳိးမႈေတြျပဳလုပ္ေနတာ ျဖစ္ပါတယ္။

အဲဒီအဖြဲ႔ဟာ ၂၀၀၇ ခုႏွစ္ကေန ရခုိင္ျပည္နယ္ေတာင္ပိုင္းေဒသ ဂြၿမိိဳ႕နယ္အတြင္းမွာ ျပဳန္းတီးသြားတဲ့ ဒီေရေတာေတြကို ျပန္လည္ထိန္းသိမ္းကာကြယ္မႈေတြျပဳလုပ္ၿပီး အပင္မရွိတ့ဲေနရာေတြမွာ အသစ္စိုက္ပ်ိဳးတာေတြ ျပဳလုပ္လာခဲ့တာ အခုဆိုရင္ ဧကေပါင္း ၇၀၀၀ ေက်ာ္မွာ ဒီေရေတာပင္ ၅ သိန္းေက်ာ္စိုက္ပ်ိဳးၿပီးစီးခဲ့ၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ေဒါက္တာေမာင္ေမာင္ၾကည္ (ဥကၠဌ)
ရခိုင္ကမ္းရိုးတန္းေဒသ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ (RCA)

ရခုိင္ျပည္နယ္အတြင္း ပုဇြန္္ကန္ေဖာ္တာ၊ ဒီေရေရာက္ေျမကြက္ေတြကို တာတမံဆည္ဖုိ႔ၿပီး စပါးစိုက္ပ်ိဳးလုပ္ကိုင္တာ၊ ဆားကြင္းေတြ ေဖာ္ေဆာင္တာေတြေၾကာင့္ ဒီေရေတာေတြဟာ အမ်ားအျပား ဆံုးရံႈးခဲ့ရတာျဖစ္ပါတယ္။
ဒါ့အျပင္ သဘာဝသစ္ေတာေတြကို ခုတ္ယူသံုးစြဲတဲ့ ဓေလ့စရိုက္ေတြ ပေပ်ာက္ဖို႔အတြက္ ေဒသခံအစုအဖြဲ႔ပိုင္ သစ္ေတာေတြ ထူေထာင္ၿပီး ကိုယ္ပိုင္သစ္ေတာေတြက ထုတ္ယူသံုးစြဲႏုိင္ေအာင္ သစ္ေတာလုပ္ထံုးလုပ္နည္း ေတြနဲ႔အညီ ေဆာင္ရြက္ဖုိ႔လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ေဒါက္တာေမာင္ေမာင္ၾကည္ (ဥကၠဌ)
ရခိုင္ကမ္းရိုးတန္းေဒသသဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ (RCA)

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ႏွစ္ခုေလာက္က ေရခ်ိဳပုဇြန္ေတြ ေဈးေကာင္းရရွိခဲ့တဲ့အတြက္ ရခုိင္ျပည္နယ္အတြင္း ပုဇြန္ေမြးျမဴေရးကန္ေတြ ေဖာ္ေဆာင္ခဲ့ရာ ဒီေရေတာဧကေပါင္း ၂ သိန္းနီးပါး ျပဳန္းတီးသြားခ့ဲတာ ျဖစ္ပါတယ္။

ဒီေရေတာေတြကို အမွီျပဳၿပီး မ်ိဳးပြားရွင္သန္ေနတဲ့ ဇီဝမ်ိဳးစံုမ်ိဳးကြဲေတြဟာ ရခုိင္ပင္လယ္ျပင္အတြင္း ေရေပၚငါးမ်ိဳးစိတ္ တည္ရွိမႈမွာ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ က်န္ရွိေတာ့တယ္လို႔ ေနာ္ေဝႏုိင္ငံ ပင္လယ္ျပင္သားငါး သုေတသနဌာနက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂွမြို့နယ်အတွင်း ဒီရေတောအပင် ငါးသိန်းအထိ စိုက်ပျိုးပြီးစီး
ဂွမြို့နယ်အတွင်း ဒီရေတောအပင် ၅ သိန်းအထိ စိုက်ပျိုးပြီးစီးနေပြီဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒီရေတောထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ RCA ကနေပြီးတော့ ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားတဲ့ဒီရေတော တွေကို ပြန်လည်စိုက်ပျိုးမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ၂၀ဝ၇ ခုနှစ်ကနေ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ ဂွမြို့နယ်အတွင်းမှာ ပြုန်းတီးသွားတဲ့ ဒီရေတောတွေကို ပြန်လည်ထိန်းသိမ်းကာကွယ်မှုတွေပြုလုပ်ပြီး အပင်မရှိတဲ့နေရာတွေမှာ အသစ်စိုက်ပျိုးတာတွေ ပြုလုပ်လာခဲ့တာ အခုဆိုရင် ဧကပေါင်း ၇၀ဝ၀ ကျော်မှာ ဒီရေတောပင် ၅ သိန်းကျော်စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဒေါက်တာမောင်မောင်ကြည် (ဥက္ကဌ)
ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (RCA)

ရခိုင်ပြည်နယ်အတွင်း ပုဇွန်ကန်ဖော်တာ၊ ဒီရေရောက်မြေကွက်တွေကို တာတမံဆည်ဖို့ပြီး စပါးစိုက်ပျိုးလုပ်ကိုင်တာ၊ ဆားကွင်းတွေ ဖော်ဆောင်တာတွေကြောင့် ဒီရေတောတွေဟာ အများအပြား ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝသစ်တောတွေကို ခုတ်ယူသုံးစွဲတဲ့ ဓလေ့စရိုက်တွေ ပပျောက်ဖို့အတွက် ဒေသခံအစုအဖွဲ့ပိုင် သစ်တောတွေ ထူထောင်ပြီး ကိုယ်ပိုင်သစ်တောတွေက ထုတ်ယူသုံးစွဲနိုင်အောင် သစ်တောလုပ်ထုံးလုပ်နည်း တွေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဒေါက်တာမောင်မောင်ကြည် (ဥက္ကဌ)
ရခိုင်ကမ်းရိုးတန်းဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (RCA)

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်က ရေချိုပုဇွန်တွေ ဈေးကောင်းရရှိခဲ့တဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ပုဇွန်မွေးမြူရေးကန်တွေ ဖော်ဆောင်ခဲ့ရာ ဒီရေတောဧကပေါင်း ၂ သိန်းနီးပါး ပြုန်းတီးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရေတောတွေကို အမှီပြုပြီး မျိုးပွားရှင်သန်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေဟာ ရခိုင်ပင်လယ်ပြင်အတွင်း ရေပေါ်ငါးမျိုးစိတ် တည်ရှိမှုမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ နော်ဝေနိုင်ငံ ပင်လယ်ပြင်သားငါး သုတေသနဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ။

?bph6