ၿမိတ္ကြ်န္းစု အေပ်ာ္စီး ခရီးသည္တင္ တိမ္းေမွာက္မႈ အမ်ိဳးသမီး ၂ ဦးေသဆံုး

0
256

ၿမိတ္ကြ်န္းစု အေပ်ာ္စီး ခရီးသည္တင္ Speed Boat တိမ္းေမွာက္မႈ ေၾကာင့္ အမ်ိဳးသမီး ၂ဦးေသဆုံးခဲ့ပါတယ္ ။ ဒီသတင္းကုိ MCN ၿမိတ္သတင္းေထာက္ ေဇာ္ေဇာ္က ေပးပို႔ထားၿပီး ေသာ္တာတုိးက တင္ဆက္ထားပါတယ္။

ၿမိတ္ကြ်န္းစု ေရျပင္ရွိ ေရျမစ္ႀကီး ေက်းရြာအုပ္စု၊ ေနၾကာေအာ္ ေက်းရြာ အေရွ႕ ေရျပင္မွာ ဒီဇင္ဘာ ၂၃ ရက္ေန႔ မနက္ပိုင္းက ခရီးသည္တင္အေပ်ာ္စီး Speed Boat တိမ္းေမွာက္မွဳ ျဖစ္ပြားခဲ႔ၿပီး ခရီးသည္ အမ်ိဳးသမီး ၂ ဦး ေသဆံုးမွဳ ေသဆုံးခဲ့တာပါ။
တိမ္းေမွာက္မွဳ ျဖစ္ပြားခဲ႔တဲ့ အေပ်ာ္စီး ခရီးသည္တင္ Speed Boat စက္ေလွဟာ ၿမိတ္အေျခစိုက္ ထူးထက္ရွိန္ ခရီးသြားကုမၸဏီက ျဖစ္ၿပီး၊ အဲဒီ ေလွေပၚမွာ ခရီးသည္ ၁၇ ဦးနဲ႔ ေလွသား ၂ ဦး စီးနင္း လိုက္ပါခဲ့ၾကတာျဖစ္ပါတယ္။

Sound Bite ဦးႏိုင္လင္းေဇာ္ ( လက္ေထာက္ညႊန္ၾကားေရးမွဴး)
ဟိုတယ္နဲ႔ခရီးသြားညႊန္ၾကားေရးဦးစီးဌာန

ေသဆုံးသူအမ်ိဳးသမီးေတြျဖစ္တဲ့ ေဒၚၾကင္စု (ခ) ခင္ခ်ိဳ အသက္ ၆၆ ႏွစ္ မႏၱေလးၿမိဳ႕ေနထိုင္သူနဲ႔ ေဒၚခင္ေသာင္းတင္ အသက္ ၆၈ ႏွစ္တုိ႔ဟာ ရန္ကုန္ၿမိဳ႕ကလာေရာက္တဲ့ ခရီးသြားဧည့္သည္ေတြလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ အေပ်ာ္စီးSpeed Boat တိမ္းေမွာက္မွဳ ျဖစ္စဥ္မွာ စီးနင္းလုိက္ပါသူေတြနဲ႔ ထိခုိက္နစ္နာသူေတြ ဘက္ကေန လုိက္လံေဆာင္ရြက္ေပးသြားမယ္လို႔ ၿမိတ္ခရိုင္ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ကေျပာပါတယ္။

Sound Bite ေဒါက္တာ သိန္းေဆြျမင္႔ (ဥကၠ႒)
ၿမိတ္ခရိုင္ ခရီးသြားလုပ္ငန္း ရွင္မ်ား အသင္း

ၿမိတ္အေျခစိုက္ ထူးထက္ရွိန္ ခရီးသြား ကုမၸဏီမွ Speed Boat ေမာင္းသူ ပဲ႔နင္း ဦးစိုးေအာင္ အသက္ ၃၉ ႏွစ္၊ (ဘ) ဦးေအးေမာင္ ကို ကြ်န္းစုၿမိဳ႕နယ္ရဲစခန္းက (ပ)၂၄၇/၂၀၁၈၊ ရာဇ သတ္ႀကီး ပုဒ္မ-၂၈၀/၃၃၇/၃၀၄-က နဲ႔ အမွဳဖြင္႔ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်ကျွန်းစု အပျော်စီး ခရီးသည်တင် Speed Boat တိမ်းမှောက်မှု ကြောင့် အမျိုးသမီး ၂ဦးသေဆုံးခဲ့ပါတယ် ။ ဒီသတင်းကို MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး သော်တာတိုးက တင်ဆက်ထားပါတယ်။

မြိတ်ကျွန်းစု ရေပြင်ရှိ ရေမြစ်ကြီး ကျေးရွာအုပ်စု၊ နေကြာအော် ကျေးရွာ အရှေ့ ရေပြင်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်အပျော်စီး Speed Boat တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် အမျိုးသမီး ၂ ဦး သေဆုံးမှု သေဆုံးခဲ့တာပါ။
တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ အပျော်စီး ခရီးသည်တင် Speed Boat စက်လှေဟာ မြိတ်အခြေစိုက် ထူးထက်ရှိန် ခရီးသွားကုမ္ပဏီက ဖြစ်ပြီး၊ အဲဒီ လှေပေါ်မှာ ခရီးသည် ၁၇ ဦးနဲ့ လှေသား ၂ ဦး စီးနင်း လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။

Sound Bite ဦးနိုင်လင်းဇော် ( လက်ထောက်ညွှန်ကြားရေးမှူး)
ဟိုတယ်နဲ့ခရီးသွားညွှန်ကြားရေးဦးစီးဌာန

သေဆုံးသူအမျိုးသမီးတွေဖြစ်တဲ့ ဒေါ်ကြင်စု (ခ) ခင်ချို အသက် ၆၆ နှစ် မန္တလေးမြို့နေထိုင်သူနဲ့ ဒေါ်ခင်သောင်းတင် အသက် ၆၈ နှစ်တို့ဟာ ရန်ကုန်မြို့ကလာရောက်တဲ့ ခရီးသွားဧည့်သည်တွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အပျော်စီးSpeed Boat တိမ်းမှောက်မှု ဖြစ်စဉ်မှာ စီးနင်းလိုက်ပါသူတွေနဲ့ ထိခိုက်နစ်နာသူတွေ ဘက်ကနေ လိုက်လံဆောင်ရွက်ပေးသွားမယ်လို့ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ကပြောပါတယ်။

Sound Bite ဒေါက်တာ သိန်းဆွေမြင့် (ဥက္ကဋ္ဌ)
မြိတ်ခရိုင် ခရီးသွားလုပ်ငန်း ရှင်များ အသင်း

မြိတ်အခြေစိုက် ထူးထက်ရှိန် ခရီးသွား ကုမ္ပဏီမှ Speed Boat မောင်းသူ ပဲ့နင်း ဦးစိုးအောင် အသက် ၃၉ နှစ်၊ (ဘ) ဦးအေးမောင် ကို ကျွန်းစုမြို့နယ်ရဲစခန်းက (ပ)၂၄၇/၂၀၁၈၊ ရာဇ သတ်ကြီး ပုဒ်မ-၂၈၀/၃၃၇/၃၀၄-က နဲ့ အမှုဖွင့်ထားပါတယ်ခင်ဗျာ။

?bph6