ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္နဲ႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕တို႔ ေတြ႕ဆံုေဆြးေႏြး

0
168

ျမန္မာႏုိင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္နဲ႔ ရခုိင္ျပည္နယ္အစိုးရအဖြဲ႔တုိ႔ဟာ ဘဂၤါလီေတြ ေနရပ္ျပန္ႏိုင္ေရးအပါအ၀င္ ႏွစ္ႏုိင္ငံဖြံ႔ၿဖိဳးတိုးတက္မႈေတြ ဆင့္ျမွင့္တင္ႏုိင္ေရး ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္ႏုိင္ငံသံအမတ္ အပါအဝင္ ႏုိင္ငံေရးေကာင္စစ္ဝန္နဲ႔ စီးပြားေရးေကာင္စစ္ဝန္တုိ႔ အဖြဲ႔ဟာ ရခုိင္ျပည္နယ္ကိုေရာက္ရွိလာခဲ့ၿပီး ရခုိ္င္ျပည္နယ္အစိုးရအဖြဲ႔၊ ရခုိင္ျပည္နယ္လႊတ္ေတာ္ဥကၠဌတုိ႔နဲ႔ ဒီကေန႔မနက္ပိုင္းက ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ေရာက္ရွိေနတဲ့ ဘဂၤါလီေတြကို ျပန္လည္ပို႔ေဆာင္ေရးနဲ႔ပတ္သက္ၿပီး ဒီလအကုန္ပိုင္းမွာ ျပန္လည္စတင္ေဆာင္ရြယ္မယ္ဆိုတာဟာ တိက်တဲ့အေျဖမဟုတ္ေၾကာင္းနဲ႔ အဲဒီလူေတြဟာ လံုၿခံဳေရးစိုးရိမ္မႈေတြရွိေနၿပီး ေနေရးထို္င္ေရးအတြက္ အခက္အခဲရွိႏုိင္တာေၾကာင့္ ျပန္မလာေသးတာ ျဖစ္တယ္လို႔ သံအမတ္ႀကီးက ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – H.E.Mr Manjurul Karim Khan Chowdhury
(ျမန္မာႏုိင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္)

ဘာသာျပန္- ဒီကိစၥက ႏူးႏူးည့့ံည့ံကို္င္တြယ္ေျဖရွင္းမယ့္ ကိစၥျဖစ္တယ္။ ဟိုဘက္ကလာတဲ့သူေတြရွိသလို ဒီဘက္က သြားတဲ့သူေတြလည္းရွိေနပါတယ္။ ျမန္မာႏုိင္ငံအစိုးရေရာ ဘဂၤလားေဒ့ရွ္အစိုးရပါ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ ျမန္မာအစိုးရ၊ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ UNHCR တို႔ပူးေပါင္းၿပီးေတာ့ လက္တြဲေဆာင္ရြက္ႏုိင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ ျပန္ပို္႔ႏုိင္မယ့္ရက္ကိုေတာ့ အတိအက်ေျပာလို႔မရေသးပါဘူး။

ႏုိဝင္ဘာ ၁၅ ရက္ေန႔ကေန စၿပီးေတာ့ဒီကိစၥကိုေဆာင္ရြက္ခဲ့ပါတယ္။ ဒါေပမယ့္ ျပန္ဝင္လာလို႔ရွိရင္ ဘယ္ေနရာေတြမွာ ေနထုိင္ရမယ္ဆိုတာ သူတုိ႔ဟာသူတုိ႔မသိၾကဘူး။ ယံုၾကည္မႈေတြမရွိဘူး။ လံုၿခံဳေရးအရ စိတ္မခ်လို႔ျမန္မလာျဖစ္တာလို႔ ထင္ပါတယ္။
အဲဒီေတြ႔ဆံုေဆြးေႏြးမႈမွာ ႏွစ္ႏုိင္ငံဖြံ႔ၿဖိဳးတိုးတက္မႈေတြအတြက္ နယ္စပ္ကုန္သြယ္ေရးကို တရားဝင္ေဆာင္ရြက္ႏုိင္ေရးနဲ႔ ဆင့္ျမွင့္တင္လုပ္ကိုင္ႏုိင္ေရး အပါအဝင္ ႏုိင္ငံေရးကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

အင္တာဗ်ဴး – H.E.Mr Manjurul Karim Khan Chowdhury

ဘာသာျပန္- ဒီေန႔ကၽြန္ေတာ္တို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ရခုိင္ျပည္နယ္လႊတ္ေတာ္ ဥကၠဌတုိ႔နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ အဓိကကေတာ့ ႏွစ္ႏုိင္ငံနယ္စပ္ကိစၥေတြကိုေဆြးေႏြးျဖစ္ၾကပါတယ္။ ေနာက္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ ရခုိင္ျပည္နယ္ဟာ နယ္စပ္ခ်င္းထိစပ္ေနတဲ့ေဒသတစ္ခုျဖစ္တယ္။ ျမန္မာနဲ႔ဘဂၤလားေဒ့ရွ္ဟာ အနာဂတ္မွာဒီထက္မက ဖြံ႔ၿဖိဳးတိုးတက္လာ ေအာင္ လက္တြဲလုပ္ေဆာင္ဖုိ႔လိုတယ္။ နယ္စပ္ကုန္သြယ္ေရးကို အဓိကတုိးတက္ေအာက္လုပ္ေဆာင္ဖုိ႔အတြက္ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ နယ္စပ္ျပႆနာေတြကို ေျဖရွင္း ေဆာင္ရြက္တဲ့အခါ ဘဂၤလာားေဒ့ရွ္ႏုိင္ငံရဲ႕ ဥပေဒေတြကို ျမန္မာဘက္က ေလးစားလိုက္နာဖို႔ လိုအပ္သလို ျမန္မာႏုိင္ငံရဲ႕ ဥပေဒေတြကိုလည္း ဘဂၤလားေဒ့ရွ္အေနနဲ႔ ေလးစားလိုက္နာဖုိ႔ လိုအပ္တယ္လို႔ ရခုိင္ျပည္နယ္လႊတ္ေတာ္ဥကၠဌနဲ႔ ေတြ႔ဆံုစဥ္ လႊတ္ေတာ္ဥကၠဌ ဦးစံေက်ာ္လွက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ဟာ ဘင်္ဂါလီတွေ နေရပ်ပြန်နိုင်ရေးအပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေ ဆင့်မြှင့်တင်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ် အပါအဝင် နိုင်ငံရေးကောင်စစ်ဝန်နဲ့ စီးပွားရေးကောင်စစ်ဝန်တို့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကိုရောက်ရှိလာခဲ့ပြီး ရခိ်ုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌတို့နဲ့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေကို ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး ဒီလအကုန်ပိုင်းမှာ ပြန်လည်စတင်ဆောင်ရွယ်မယ်ဆိုတာဟာ တိကျတဲ့အဖြေမဟုတ်ကြောင်းနဲ့ အဲဒီလူတွေဟာ လုံခြုံရေးစိုးရိမ်မှုတွေရှိနေပြီး နေရေးထိ်ုင်ရေးအတွက် အခက်အခဲရှိနိုင်တာကြောင့် ပြန်မလာသေးတာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – H.E.Mr Manjurul Karim Khan Chowdhury
(မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်)

ဘာသာပြန်- ဒီကိစ္စက နူးနူးညံ့ညံ့ကိ်ုင်တွယ်ဖြေရှင်းမယ့် ကိစ္စဖြစ်တယ်။ ဟိုဘက်ကလာတဲ့သူတွေရှိသလို ဒီဘက်က သွားတဲ့သူတွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံအစိုးရရော ဘင်္ဂလားဒေ့ရှ်အစိုးရပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR တို့ပူးပေါင်းပြီးတော့ လက်တွဲဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ပြန်ပိ်ု့နိုင်မယ့်ရက်ကိုတော့ အတိအကျပြောလို့မရသေးပါဘူး။

နိုဝင်ဘာ ၁၅ ရက်နေ့ကနေ စပြီးတော့ဒီကိစ္စကိုဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ဝင်လာလို့ရှိရင် ဘယ်နေရာတွေမှာ နေထိုင်ရမယ်ဆိုတာ သူတို့ဟာသူတို့မသိကြဘူး။ ယုံကြည်မှုတွေမရှိဘူး။ လုံခြုံရေးအရ စိတ်မချလို့မြန်မလာဖြစ်တာလို့ ထင်ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအတွက် နယ်စပ်ကုန်သွယ်ရေးကို တရားဝင်ဆောင်ရွက်နိုင်ရေးနဲ့ ဆင့်မြှင့်တင်လုပ်ကိုင်နိုင်ရေး အပါအဝင် နိုင်ငံရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အင်တာဗျူး – H.E.Mr Manjurul Karim Khan Chowdhury

ဘာသာပြန်- ဒီနေ့ကျွန်တော်တို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ နှစ်နိုင်ငံနယ်စပ်ကိစ္စတွေကိုဆွေးနွေးဖြစ်ကြပါတယ်။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ဟာ နယ်စပ်ချင်းထိစပ်နေတဲ့ဒေသတစ်ခုဖြစ်တယ်။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဟာ အနာဂတ်မှာဒီထက်မက ဖွံ့ဖြိုးတိုးတက်လာ အောင် လက်တွဲလုပ်ဆောင်ဖို့လိုတယ်။ နယ်စပ်ကုန်သွယ်ရေးကို အဓိကတိုးတက်အောက်လုပ်ဆောင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နယ်စပ်ပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဥပဒေတွေကို မြန်မာဘက်က လေးစားလိုက်နာဖို့ လိုအပ်သလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံစဉ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောကြားခဲ့ပါတယ် ခင်ဗျား။

?bph6