သံဃာေတာ္ေတြ သပိတ္ေမွာက္ခံထားရတဲ့အေပၚ သာသနာေရးဝန္ႀကီးထံ အသနားခံ တင္ျပမယ္

0
668

သံဃာေတာ္ေတြ သာေရး၊ နာေရး သပိတ္ေမွာက္ခံထားရတဲအေပၚ သာသနာေရးဝန္ႀကီးထံ အသနားခံ တင္ျပ သြားမယ္လို႔ ရံုးသာေက်းရြာသားေတြက ေျပာပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုခရိုင္၊ ဝက္လက္ၿမိဳ႕နယ္ ရုံးသာေက်းရြာမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၁ရက္ေန႔က ကိုယ္ထူကိုယ္ထမီးလင္းေရးေကာ္မတီ အသစ္ျပန္လည္ဖြဲ႔စည္းရာမွာ သံဃာေတာ္ေတြ မပါဝင္ေတာ့တဲ႔အတြက္ သံဃာေတာ္ေတြ မပါဝင္ေစခ်င္တဲ႔ ေက်းရြာသား ၆၃ ဦးကို သာေရး၊ နာေရး သပိတ္ေမွာက္တယ္လို႔ သံဃာေတာ္ေတြက ေၾကညာခဲ႔ပါတယ္။

သံဃာေတာ္ေတြ သာေရး၊ နာေရး သပိတ္ေမွာက္ခံထားရတဲ႔ ရုံးသာေက်းရြာသားေတြက သာသနာေရးဝန္ႀကီးထံ အသနားခံ တင္ျပ သြားမယ္လို႔ ေျပာပါတယ္။

Soundbite ဦးေအာင္ကို၀င္း (ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး)
ရုံးသာေက်းရြာအုပ္စု၊ ဝက္လက္ၿမိဳ႕နယ္

အရင္က ကိုယ္ထူကိုယ္ထမီးလင္းေရးေကာ္မတီမွာ ရုံးသာေက်းရြာရိွ ရြာဦးေက်ာင္း၊ ေတာရေက်ာင္း၊ ေရႊဥမင္ေက်ာင္းက သံဃာေတာ္ေတြ ပါဝင္ခဲ႔ေပမယ့္ အသစ္ျပန္လည္ဖြဲ႔စည္းတဲ႔ ကိုယ္ထူကိုယ္ထ မီးလင္းေရးေကာ္မတီမွာ သံဃာေတာ္ေတြ မပါဝင္တာ ျဖစ္ပါတယ္။
အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ေက်းရြာအတြင္းရွိ နာေရးတစ္ခုမွာ သံဃာေတာ္ေတြက သာေရး၊ နာေရး သပိတ္ေမွာက္ထားတဲ႔အတြက္ ၾကြေရာက္ႏိုင္ျခင္းမရွိဘူးလို႔ ေရႊဥမင္ဆရာေတာ္က မိန္႔ပါတယ္။

Soundbite ဦးကုလာ၀ံသ (ေက်ာင္းထိုင္ဆရာေတာ္)
ေရႊဥမင္ဘုန္းႀကီးေက်ာင္း၊ ရံုးသာေက်းရြာ

ရုံးသာေက်းရြာအတြင္း နာေရးတစ္ခုမွာ သံဃာေတာ္ေတြက သက္ေပ်ာက္တရား မနာၾကားေပးတဲ႔အေပၚ သံဃာေတာ္ေတြအေနနဲ႔ သာေရး၊ နာေရး သပိတ္ေမွာက္ထားတာကို ဆက္လက္ မျပဳလုပ္ဖို႔ ရုံးသာေက်းရြာသားေတြက ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သံဃာတော်တွေ သပိတ်မှောက်ခံထားရတဲ့အပေါ် သာသနာရေးဝန်ကြီးထံ အသနားခံ တင်ပြမယ်

သံဃာတော်တွေ သာရေး၊ နာရေး သပိတ်မှောက်ခံထားရတဲအပေါ် သာသနာရေးဝန်ကြီးထံ အသနားခံ တင်ပြ သွားမယ်လို့ ရုံးသာကျေးရွာသားတွေက ပြောပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက ပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရုံးသာကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ရက်နေ့က ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းရာမှာ သံဃာတော်တွေ မပါဝင်တော့တဲ့အတွက် သံဃာတော်တွေ မပါဝင်စေချင်တဲ့ ကျေးရွာသား ၆၃ ဦးကို သာရေး၊ နာရေး သပိတ်မှောက်တယ်လို့ သံဃာတော်တွေက ကြေညာခဲ့ပါတယ်။

သံဃာတော်တွေ သာရေး၊ နာရေး သပိတ်မှောက်ခံထားရတဲ့ ရုံးသာကျေးရွာသားတွေက သာသနာရေးဝန်ကြီးထံ အသနားခံ တင်ပြ သွားမယ်လို့ ပြောပါတယ်။

Soundbite ဦးအောင်ကိုဝင်း (ကျေးရွာအုပ်ချုပ်ရေးမှူး)
ရုံးသာကျေးရွာအုပ်စု၊ ဝက်လက်မြို့နယ်

အရင်က ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီမှာ ရုံးသာကျေးရွာရှိ ရွာဦးကျောင်း၊ တောရကျောင်း၊ ရွှေဥမင်ကျောင်းက သံဃာတော်တွေ ပါဝင်ခဲ့ပေမယ့် အသစ်ပြန်လည်ဖွဲ့စည်းတဲ့ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီမှာ သံဃာတော်တွေ မပါဝင်တာ ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအတွင်းရှိ နာရေးတစ်ခုမှာ သံဃာတော်တွေက သာရေး၊ နာရေး သပိတ်မှောက်ထားတဲ့အတွက် ကြွရောက်နိုင်ခြင်းမရှိဘူးလို့ ရွှေဥမင်ဆရာတော်က မိန့်ပါတယ်။

Soundbite ဦးကုလာဝံသ (ကျောင်းထိုင်ဆရာတော်)
ရွှေဥမင်ဘုန်းကြီးကျောင်း၊ ရုံးသာကျေးရွာ

ရုံးသာကျေးရွာအတွင်း နာရေးတစ်ခုမှာ သံဃာတော်တွေက သက်ပျောက်တရား မနာကြားပေးတဲ့အပေါ် သံဃာတော်တွေအနေနဲ့ သာရေး၊ နာရေး သပိတ်မှောက်ထားတာကို ဆက်လက် မပြုလုပ်ဖို့ ရုံးသာကျေးရွာသားတွေက မျှော်လင့်နေတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6