မန္တလေးမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၁၅၅ အထိ ရှိနေ
0
285
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးမှာ အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၁၅၅ အထိရှိနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူး ကပေးပို့ထား ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၈ခုနှစ်အတွင်း အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမား ခေါင်းဆောင်တွေအပါအဝင် သမဂ္ဂအဖွဲ့ဝင် စုစုအေါင်း ၁၅၅ယောက်အထိရှိလာနေပြီ ဖြစ်ပါတယ်။
ပုဂံသရပါဟိုတယ်က အလုပ်သမားသပိတ်စခန်းကို ဖြိုခွဲခဲ့သလို နေပြည်တော်ကို ချီတက်မယ့် သပိတ်စစ်ကြောင်းကိုလည်း အင်အားသုံးတားဆီးခဲ့တဲ့အတွက် အလုပ်သမားတွေအနေနဲ့ မကျေနပ်မှုတွေ လည်းရှိနေတာပါ။
Sound Bite ဦးသက်နှင်းအောင် အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလုပ်သမားကိစ္စရပ်တွေ ကိုင်တွယ်တဲ့အပေါ်မှာ အလုပ်သမားတွေ အနေနဲ့ လက်မခံနိုင် ဖြစ်နေတာပါ။ အလုပ်သမားသမဂ္ဂတွေ ဖိနှိပ်ခံနေရတဲ့အပေါ် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံ သိရှိအလေးထား လာစေဖို့လည်း ကြိုးစားနေပါတယ်။
Sound Bite ဦးသက်နှင်းအောင် အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝနိဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အလုပ်သမားပြသနာ အများအပြားရှိနေပြီး အချိန်ကြာမြင့်လာတဲ့အထိ မဖြေရှင်းနိုင်သေးတဲ့ ပြသနာတွေလည်းရှိနေတာဖြစ်ပါတယ်ခင်ဗျာ။
?bph6