ေမယုကၽြန္းဆြယ္မွာ အေျခခ်မယ့္ သူေတြအတြက္ ေငြေၾကး နဲ႔ ေျမေနရာ အခက္အခဲ ရွိေန

0
165

ေျမေနရာနဲ႔ ေငြေၾကးအခက္အခဲေၾကာင့္ ေမယုကၽြန္းဆြယ္ေဒသမွာ လာေရာက္ေျခခ်မယ့္ မိသားစုေတြကို ေနရာခ်ထားမႈ မျပဳလုပ္ႏုိင္ေၾကာင္း ရခိုင္အမ်ိဳးသားနယ္ေျမ ျပန္လည္ထူေထာင္ေရးေကာ္မတီ CRR ကေျပာပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္း ေမယုကၽြန္းဆြယ္ေဒသတစ္ေလွ်ာက္မွာ ရခိုင္တုိင္းရင္းသားေတြ ျပန္လည္ေနထိုင္ႏုိင္ေရးအတြက္ အေနာက္ဘက္နယ္စပ္ေဒသ ရခုိ္င္မ်ိဳးသားနယ္ေျမ ျပန္လည္ထူေထာင္ေရးေကာ္မတီ (CRR)က ေနအိမ္ေတြေဆာက္လုပ္ၿပီး ေရရွည္ေနထိုင္ႏုိင္ေရးအတြက္ အလုပ္အကိုင္ေတြဖန္တီးေပးေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က အဲဒီစီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး လာေရာက္အေျခခ်သူေတြကို ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္အနီးမွာ ေက်းရြာသစ္ႏွစ္ရြာကို တည္ေဆာက္ေပးခဲ့ပါတယ္။
အခုႏွစ္မွာ ထပ္မံၿပီး လာေရာက္အေျခခ်မယ့္သူေတြရွိေနေပမယ့္ ေငြေၾကးနဲ႔ ေျမေနရာေတြ အခက္အခဲဲေၾကာင့္ ေနရာခ်ထားမႈေတြ မျပဳလုပ္ႏုိင္ေၾကာင္း CRR အတြင္းေရးမွဴး ဦးသန္းထြန္းက ေျပာပါတယ္။

Soundbite – ဦးသန္းထြန္း (အတြင္းေရးမွဴး)
အေနာက္ဘက္နယ္စပ္ေဒသ ရခိုင္အမ်ိဳးသားနယ္ေျမ ျပန္လည္ထူေထာင္ေရးေကာ္မတီ (CRR)

၂၀၁၇ ခုႏွစ္က ေနရာခ်ထားေပးခဲ့တဲ့ ေက်းရြာသစ္ႏွစ္ရြာက မိသားစုေပါင္း ၆၀၀ ေက်ာ္တုိ႔ဟာ တစ္ႏွစ္တာကာလအတြင္း အေျခခ်ေနထိုင္ေနတာျဖစ္ၿပီး အဲဒီေက်းရြာသားေတြအတြက္ အခုႏွစ္မွာ ငါးဖမ္းလုပ္ငန္းအျပင္ စီးပြားျဖစ္ေက်းရြာပိုင္စိုက္ပ်ိဳးေရးလုပ္ငန္းေတြ ဖန္တီးေပးထားတာျဖစ္ၿပီး အဲဒီကရရွိတဲ့ အက်ိဳးအျမတ္ေတြကို ေက်းရြာအတြက္ျပန္လည္အသံုးခ်သြားမွာ ျဖစ္ပါတယ္။

Sound Bite – ဦးသန္းထြန္း (အတြင္းေရးမွဴး)
အေနာက္ဘက္နယ္စပ္ေဒသ ရခိုင္အမ်ိဳးသားနယ္ေျမ ျပန္လည္ထူေထာင္ေရးေကာ္မတီ (CRR)

လက္ရွိမွာ ယာယီေနအိမ္ေတြအျဖစ္ ေဆာက္လုပ္ေပးထားတာျဖစ္ေပမယ့္ ေက်းရြာသားေတြ အေျခတက် ေနထိုင္လာပါက အၿမဲတမ္းေက်းရြာေတြအျဖစ္ ေဆာင္ရြက္ေပးဖုိ႔အတြက္ အစိုးရအဖြဲ႔ကိုေတာင္းဆိုမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ အသစ္ထပ္မံၿပီး လာေရာက္အေျခခ်မယ့္သူေတြကို အစိုးရအေနနဲ႔ အာရံုစိုက္ေပးဖုိ႔နဲ႔ အကူအညီေတြေပးဖုိ႔ လိုအပ္တယ္လို႔ ဦးသန္းထြန္းက ေျပာပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေနေရာနဲ့ ငွေကြေးအခက်အခဲကြောင့် မေယုကျွန်းဆွယ်ဒေသမှာ လာရောက်ခြေချမယ့် မိသားစုတွေကို နေရာချထားမှု မပြုလုပ်နိုင်ကြောင်း ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ CRR ကပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုကျွန်းဆွယ်ဒေသတစ်လျှောက်မှာ ရခိုင်တိုင်းရင်းသားတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ဘက်နယ်စပ်ဒေသ ရခိ်ုင်မျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ (CRR)က နေအိမ်တွေဆောက်လုပ်ပြီး ရေရှည်နေထိုင်နိုင်ရေးအတွက် အလုပ်အကိုင်တွေဖန်တီးပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အဲဒီစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး လာရောက်အခြေချသူတွေကို ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နဲ့ မောင်တောမြို့နယ် အင်းဒင်အနီးမှာ ကျေးရွာသစ်နှစ်ရွာကို တည်ဆောက်ပေးခဲ့ပါတယ်။
အခုနှစ်မှာ ထပ်မံပြီး လာရောက်အခြေချမယ့်သူတွေရှိနေပေမယ့် ငွေကြေးနဲ့ မြေနေရာတွေ အခက်အခဲကြောင့် နေရာချထားမှုတွေ မပြုလုပ်နိုင်ကြောင်း CRR အတွင်းရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

Soundbite – ဦးသန်းထွန်း (အတွင်းရေးမှူး)
အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ (CRR)

၂၀၁၇ ခုနှစ်က နေရာချထားပေးခဲ့တဲ့ ကျေးရွာသစ်နှစ်ရွာက မိသားစုပေါင်း ၆၀ဝ ကျော်တို့ဟာ တစ်နှစ်တာကာလအတွင်း အခြေချနေထိုင်နေတာဖြစ်ပြီး အဲဒီကျေးရွာသားတွေအတွက် အခုနှစ်မှာ ငါးဖမ်းလုပ်ငန်းအပြင် စီးပွားဖြစ်ကျေးရွာပိုင်စိုက်ပျိုးရေးလုပ်ငန်းတွေ ဖန်တီးပေးထားတာဖြစ်ပြီး အဲဒီကရရှိတဲ့ အကျိုးအမြတ်တွေကို ကျေးရွာအတွက်ပြန်လည်အသုံးချသွားမှာ ဖြစ်ပါတယ်။

Sound Bite – ဦးသန်းထွန်း (အတွင်းရေးမှူး)
အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ (CRR)

လက်ရှိမှာ ယာယီနေအိမ်တွေအဖြစ် ဆောက်လုပ်ပေးထားတာဖြစ်ပေမယ့် ကျေးရွာသားတွေ အခြေတကျ နေထိုင်လာပါက အမြဲတမ်းကျေးရွာတွေအဖြစ် ဆောင်ရွက်ပေးဖို့အတွက် အစိုးရအဖွဲ့ကိုတောင်းဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အသစ်ထပ်မံပြီး လာရောက်အခြေချမယ့်သူတွေကို အစိုးရအနေနဲ့ အာရုံစိုက်ပေးဖို့နဲ့ အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ ဦးသန်းထွန်းက ပြောပါတယ်ခင်ဗျာ။

?bph6