မႏၱေလးဂရိတ္ေဝါ ကုမၸဏီကို ေတာင္သူေတြ ဆႏၵျပ

0
454

မႏၲေလးဂရိတ္ေဝါကုမၸဏီက ေရာင္းခ်ခဲ့တဲ့ စပါးမ်ိဳးေစ့ေတြဟာ အာမခံထားတဲ့အတုိင္း စပါးမထြက္ရွိတာေၾကာင့္ နစ္နာေၾကးေပးဖို႔ ေတာင္သူေတြ ဆႏၵျပခဲ့ၾကပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးကေပးပို႔ထားၿပီး တင္ေမာင္ေထြး က တင္ဆက္ေပးထားပါတယ္။

မႏၲေလးဂရိတ္ေဝါကုမၸဏီက တစ္ဧကကို တင္း ၁၅၀ နီးပါးထြက္ရိွမယ္ဆုိၿပီး အာမခံခ်က္နဲ႔ ေရာင္းခ်ခဲ့ေပမယ့္ တင္းျပည့္ စပါးမထြက္ရွိဘဲ တစ္ဧကကို တင္း ၅၀ ေက်ာ္ေလာက္သာ ထြက္ရိွခဲ႔တာေၾကာင့္ ဆုံးရႈံးခဲ့ရအေပၚ နစ္နာေၾကးေပးဖို႔ ေရႊဘိုၿမိဳ႕နယ္အတြင္း ေက်းရြာ ၅ ရြာက ေတာင္သူေတြက ဆႏၵျပခဲ့ၾကတာပါ။

ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ မံုရြာၿမိဳ႕ တိုင္းသႀကီးေဘာလုံးကြင္းကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းတစ္ေလွ်ာက္ ဆင္းရဲသားေတာင္သူလယ္သမားေတြအေပၚ မမွန္မကန္ ဂုတ္ေသြးစုပ္ေသာ မႏၱေလးဂရိတ္ေဝါကုမၸဏီ အလိုမရွိ ဆိုတဲ႔ ပိုစတာေတြကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

Sound Bite shwebo farmer (29) – ဦး၀င္းေသာင္း (လယ္သမား) သီကုန္းေက်းရြာ၊ ေရႊဘိုၿမိဳ႕နယ္

ဒါ့အျပင္ ေက်းရြာ ၅ ရြာက ေတာင္သူေပါင္း ၂၅၀ ေက်ာ္ပိုင္ဆိုင္တဲ႔ ဧကေပါင္း ၁၄၀၀ နဲ႔ ၁၅၀၀ ၾကား ရိွၿပီး စပါးစိုက္ ၁ ဧကကို ဆံုးရႈံးမႈ တန္ဖိုး က်ပ္ေငြ ၃ သိန္းမွ ၄ သိန္းၾကားရိွေနတာပါ။
အခုလို ဆံုးရံႈးနစ္နာမႈခဲ့တဲ့အေပၚ ညိွႏိႈင္းေဆာင္ရြက္ေပးဖုိ႔ ၿပီးခဲ့တဲ့ ဇြန္ ၃၀ ရက္ေန႔က စတင္ကာ သက္ဆိုင္ရာ ဌာနကုိ တိုင္ၾကားခဲ႔တာေၾကာင့္ ကြင္းဆင္းစစ္ေဆးတာေတြ ရိွခဲ႔ေပမယ့္ တစ္စုံတစ္ရာ ထူးျခားမႈမရွိလာတဲ့ အတြက္ အခုလုိဆႏၵေဖာ္ထုတ္ခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

Sound Bite shwebo farmer (30) – ဦးရန္နိုင္၀င္း (လယ္သမား) ခြန္းေတာင္းေက်းရြာ၊ ေရြႊဘိုျမိဳ႕နယ္

အခုလို ဆႏၵေဖာ္ထုတ္ရမွာ ခြန္ေတာင္းႀကီး ၊ သီးလံုး၊ ေညာင္ပင္သာ၊ က်ားရြာ၊ လိပ္ခ်င္းေက်းရြာေတြက ေတာင္သူဦးေရ ၁၀၀ ေက်ာ္ ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ နစ္နာတဲ႕ေတာင္သူေတြက ပထမဆုံးအႀကိမ္ သတင္းစာရွင္းလင္းပြဲဲျပဳလုပ္ခဲ့ၿပီး ဆႏၵထုန္ေဖာ္ထုတ္တာဟာ ႏွစ္ႀကိမ္တုိင္ရွိခဲ့ၿပီ လဲျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးဂရိတ်ဝေါကုမ္ပဏီက ရောင်းချခဲ့တဲ့ စပါးမျိုးစေ့တွေဟာ အာမခံထားတဲ့အတိုင်း စပါးမထွက်ရှိတာကြောင့် နစ်နာကြေးပေးဖို့ တောင်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် ထွန်းလင်းဦးကပေးပို့ထားပြီး တင်မောင်ထွေး က တင်ဆက်ပေးထားပါတယ်။

မန္တလေးဂရိတ်ဝေါကုမ္ပဏီက တစ်ဧကကို တင်း ၁၅၀ နီးပါးထွက်ရှိမယ်ဆိုပြီး အာမခံချက်နဲ့ ရောင်းချခဲ့ပေမယ့် တင်းပြည့် စပါးမထွက်ရှိဘဲ တစ်ဧကကို တင်း ၅၀ ကျော်လောက်သာ ထွက်ရှိခဲ့တာကြောင့် ဆုံးရှုံးခဲ့ရအပေါ် နစ်နာကြေးပေးဖို့ ရွှေဘိုမြို့နယ်အတွင်း ကျေးရွာ ၅ ရွာက တောင်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မုံရွာမြို့ တိုင်းသကြီးဘောလုံးကွင်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် ဆင်းရဲသားတောင်သူလယ်သမားတွေအပေါ် မမှန်မကန် ဂုတ်သွေးစုပ်သော မန္တလေးဂရိတ်ဝေါကုမ္ပဏီ အလိုမရှိ ဆိုတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Sound Bite shwebo farmer (29) – ဦးဝင်းသောင်း (လယ်သမား) သီကုန်းကျေးရွာ၊ ရွှေဘိုမြို့နယ်

ဒါ့အပြင် ကျေးရွာ ၅ ရွာက တောင်သူပေါင်း ၂၅၀ ကျော်ပိုင်ဆိုင်တဲ့ ဧကပေါင်း ၁၄၀ဝ နဲ့ ၁၅၀ဝ ကြား ရှိပြီး စပါးစိုက် ၁ ဧကကို ဆုံးရှုံးမှု တန်ဖိုး ကျပ်ငွေ ၃ သိန်းမှ ၄ သိန်းကြားရှိနေတာပါ။
အခုလို ဆုံးရှုံးနစ်နာမှုခဲ့တဲ့အပေါ် ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က စတင်ကာ သက်ဆိုင်ရာ ဌာနကို တိုင်ကြားခဲ့တာကြောင့် ကွင်းဆင်းစစ်ဆေးတာတွေ ရှိခဲ့ပေမယ့် တစ်စုံတစ်ရာ ထူးခြားမှုမရှိလာတဲ့ အတွက် အခုလိုဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Sound Bite shwebo farmer (30) – ဦးရန်နိုင်ဝင်း (လယ်သမား) ခွန်းတောင်းကျေးရွာ၊ ရွေွှဘိုမြို့နယ်

အခုလို ဆန္ဒဖော်ထုတ်ရမှာ ခွန်တောင်းကြီး ၊ သီးလုံး၊ ညောင်ပင်သာ၊ ကျားရွာ၊ လိပ်ချင်းကျေးရွာတွေက တောင်သူဦးရေ ၁၀ဝ ကျော် ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ နစ်နာတဲ့တောင်သူတွေက ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဆန္ဒထုန်ဖော်ထုတ်တာဟာ နှစ်ကြိမ်တိုင်ရှိခဲ့ပြီ လဲဖြစ်ပါတယ် ခင်ဗျာ။

?bph6