နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေမှာ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေ

0
533



Sound bite – ဒ်ါခင်မာကြည် (ဥက္ကဋ္ဌ)




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်မြေမတည်ငြိမ်တဲ့ဒေသတွေမှာ အမျိုးသမီးအခွင့်ရေးတွေ ဆုံးရှုံးနေဆဲဖြစ်တယ်လို့ မုံရွာမြို့ခံ အရပ်ဖက်အဖွဲ့စည်းတချို့က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး သတင်းထောက် ကိုသက် က တင်ဆက်ထားပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ဒေသတွေက အမျိုးသမီးတွေဟာ လိင်အလွဲသုံးစားပြုကျင့်ခံရမှု၊ လိင်အကြမ်းဖက်ခံရမှု ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကြောင့် အမျိုးသမီးအခွင့်ရေးတွေ ဆုံးရှုံးနေရဆဲဖြစ်တယ်လို့ မုံရွာမြို့ နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့ချုပ်က ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့က မုံရွာမြို့ ကျောက်စိမ်းဟိုတယ် မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့အခမ်းနား ကျင်းပခဲ့တာပါ။

Sound bite – ဒါ်ခင်မာကြည် (ဥက္ကဋ္ဌ)
နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့ချုပ်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်ရတဲ့ ကိစ္စတွေကို ကိုင်တွင်ဖြေရှင်းဖို့ ခိုင်မာတဲ့ ဥပဒေပြဌာန်းတာမျိုး လိုအပ်တယ်လို့လည်း အရပ်ဘက်အဖွဲ့စည်းတွေက တောင်းဆိုခဲ့ပါတယ်။

Sound bite- မမေမီးမီးမိုး ( မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ)

လူ့ခွင့်ရေး စံချိန်စံနှုန်းနဲ့ပတ်သတ်ပြီး တိုင်းတာရင် မြန်မာနိုင်ငံရဲ့လူ့အခွင့်ရေးဟာ မရသလောက် အနေထားဖြစ်နေတယ်လို့ အခမ်းအနားကိုတက်ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်ခင်ဗျား။

?bph6