တက္ကသိုလ်ဝင်ခွင့် စနစ်သစ်ကြောင့် ဘာသာစုံ ဂုဏ်ထူးရှင် နှစ်ရာကျော် နစ်နာမှု ရှိနေ
0
96
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တက္ကသိုလ်ဝင်ခွင့် စနစ်သစ်ကြောင့် ဘာသာစုံ ဂုဏ်ထူးရှင် နှစ်ရာကျော်မှာ နစ်နာမှုတွေ ရှိနေပါ တယ်။ ဒီသတင်းကိုတော့် MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။
တက္ကသိုလ်ဝင်ခွင့် စနစ်သစ်ကို အသုံးပြုခဲ့ရာမှာ တက္ကသိုလ် သုံးလေးခုမှာ နာမည်စာရင်းပါနေတဲ့ကျောင်းသားတွေရှိနေတဲ့အတွက် တခြားကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ဝင်ခွင့်နေရာတွေ ဆုံးရှုံးနေတာဖြစ်ပါတယ်။ လက်ရှိဆေးတက္ကသိုလ်ကို လျှောက်ထားခဲ့တဲ ့ကျောင်းသားနှစ်ရာကျော်မှာ ဝင်ခွင့်ဆုံးရှုံးနေတဲ့အတွက် ဝင်ခွင့်ရရှိပြီး မတက်ရောက်သူတွေနေရာမှာ ပြန်လည်အစားထိုးဝင်ခွင့်ရရှိဖို့ တောင်းဆိုနေကြတာပါ။
အင်တာဗျူး စောကျော်ဇံလွင် ဝင်ရောက်ခွင့်မရရှိသူ
ဆေးတက္ကသိုလ်မှာ ဝင်ခွင့်ရရှိသူ ၆၅ယောက်မှာ တခြားတက္ကသိုလ်တွေမှာလည်း ဝင်ခွင့်ရရှိနေတာတွေရှိနေတာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်ကိုလျှောက်ထားခဲ့ပြီး မရရှိခဲ့သူ နှစ်ရာကျော်မှာတခြားတက္ကသိုလ်တွေမှာ လျှောက်ထားရက်အခက်အခဲကြောင့် လက်ရှိအချိန်အထိ ဘယ်တက္ကသိုလ်ကိုမှ ဝင်ရောက်ခွင့်မရရှိသေးတာလည်း ဖြစ်ပါတယ်။
အင်တာဗျူး ဒေါ်ခင်ငြိမ်းငြိမ်းအေး လက်ထောက်ကထိက တောင်ကြီးတက္ကသိုလ် ကျောင်းသားမိဘ
ဒါ့အပြင် ဥပဒေအရ ပညာသင်နှစ်နဲ့ တစ်ဆက်တည်းမှာသာ တက်ရောက်ခွင့်ရှိတဲ့ တက္ကသိုလ်တွေဖြစ်တဲ့ အတွက် အခုနှစ်မှာဝင်ခွင့်မရရှိခဲ့ရင် လုံးဝစွန့်လွှတ်လိုက်ရမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။
?bph6