ဘဂၤါလီ သံုးေထာင္ေက်ာ္ တိုင္းရင္းသားအျဖစ္ လက္ခံထားမႈကုိ ကန္႔ကြက္ဆႏၵျပ

0
174

ဘဂၤါလီသံုးေထာင္ေက်ာ္ကို တိုင္းရငး္သားအျဖစ္ လက္ခံထားတာနဲ႔ ပက္သက္ၿပီး စည္းကမ္းထိန္းသိမ္းေရး ရဟန္းေတာ္ေတြ ဦးေဆာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္၊ ေက်ာက္နီေမာ္ေက်းရြာက ဘဂၤါလီ ၃၃၀၀ ေက်ာ္ကို ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္စုျဖစ္တဲ့ ကမန္လူမ်ိဳးေတြထဲမွာ ထည့္သြင္းၿပီး မွတ္ပံုတင္ထုတ္ေပးလိုက္တဲ့ အေပၚ ကန္႔ကြက္ေၾကာင္း စစ္ေတြၿမိဳ႕က စည္းကမ္းထိန္းသိမ္းေရး ရဟန္းေတာ္ေတြနဲ႔ အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြပူးေပါငး္ၿပီး ႏို၀င္ဘာလ ၂၅ ရက္ေန႔က စစ္ေတြၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။
ဆႏၵထုတ္ေဖာ္ပြဲမွာ ဘဂၤါလီေတြကို တုိင္းရင္းသားမ်ဳိးႏြယ္စု၀င္ေတြ ထဲထည့္သြင္းလိုက္တဲ့ကိစၥ၊ ေမာင္ေတာေတာင္ပိုင္းမွာ ျပန္လည္ေနရာခ်ထားမႈမျပဳလုပ္ဖုိ႔ကိစၥ၊ ခိုး၀င္ဘဂၤါလီေတြကို စိစစ္အေရးယူေပးဖုိ႔ကိစၥနဲ႔ ဘဂၤါလီလူငယ္ေတြကို ပညာေရး၀န္ထမ္းခန္႔အပ္မေပးေရးကိစၥေတြ ကို ကန္႔ကြက္ခဲ့တာပါ။

အင္တာဗ်ဴး- ေဒၚေအးေက်ာ့စိန္ (ဆႏၵျပေခါင္းေဆာင္)

ဘဂၤါလီေတြဟာ ရခိုင္ျပည္နယ္အတြင္း တရားမ၀င္ေနထိုင္သူေတြျဖစ္ၿပီး တုိင္းရင္းသားမ်ိဳးႏြယ္ေတြကို ႏုိင္ထက္စီးနင္းမႈေတြျပဳလုပ္ေနတဲ့အျပင္ နယ္ေျမလုယူဖုိ႔ႀကိဳးေနတာျဖစ္ၿပီး ရခိုင္တုိင္းရင္းသားေတြအေနနဲ႔ ဘဂၤါလီေတြရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈကို အခ်ိန္မေရြးႀကံဳရႏုိင္တာေၾကာင့္ ဘဂၤါလီေတြကို ျပန္လည္လက္ခံတဲ့အခါမွာ ရခိုင္ျပည္သူေတြရဲ႕ သေဘာထားေတြကို လိုက္နာဖုိ႔လိုအပ္တယ္လို႔ ဆႏၵထုတ္ေဖာ္ ပြဲမွာ ပါ၀င္သူတစ္ဦးကေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚေအးေစာသိန္း (ဆႏၵေဖာ္ထုတ္ပြဲမွာပါ၀င္သူ)

ဆႏၵထုတ္ေဖာ္ရတဲ့ အေၾကာင္းအရာနဲ႔ ပက္သက္ၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္အပါအ၀င္ ႏုိင္ငံေတာ္သမၼတနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဆီကို တိုင္ၾကားစာေပးပို႔ထားခဲ့ေပမယ့္ တစ္စံုတရာထူးျခားမႈမရွိတဲ့အတြက္ အခုလို ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီသုံးထောင်ကျော်ကို တိုင်းရငး်သားအဖြစ် လက်ခံထားတာနဲ့ ပက်သက်ပြီး စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်တွေ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီ ၃၃၀ဝ ကျော်ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ ကမန်လူမျိုးတွေထဲမှာ ထည့်သွင်းပြီး မှတ်ပုံတင်ထုတ်ပေးလိုက်တဲ့ အပေါ် ကန့်ကွက်ကြောင်း စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပူးပေါငး်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ဘင်္ဂါလီတွေကို တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ ထဲထည့်သွင်းလိုက်တဲ့ကိစ္စ၊ မောင်တောတောင်ပိုင်းမှာ ပြန်လည်နေရာချထားမှုမပြုလုပ်ဖို့ကိစ္စ၊ ခိုးဝင်ဘင်္ဂါလီတွေကို စိစစ်အရေးယူပေးဖို့ကိစ္စနဲ့ ဘင်္ဂါလီလူငယ်တွေကို ပညာရေးဝန်ထမ်းခန့်အပ်မပေးရေးကိစ္စတွေ ကို ကန့်ကွက်ခဲ့တာပါ။

အင်တာဗျူး- ဒေါ်အေးကျော့စိန် (ဆန္ဒပြခေါင်းဆောင်)

ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်အတွင်း တရားမဝင်နေထိုင်သူတွေဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်တွေကို နိုင်ထက်စီးနင်းမှုတွေပြုလုပ်နေတဲ့အပြင် နယ်မြေလုယူဖို့ကြိုးနေတာဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အချိန်မရွေးကြုံရနိုင်တာကြောင့် ဘင်္ဂါလီတွေကို ပြန်လည်လက်ခံတဲ့အခါမှာ ရခိုင်ပြည်သူတွေရဲ့ သဘောထားတွေကို လိုက်နာဖို့လိုအပ်တယ်လို့ ဆန္ဒထုတ်ဖော် ပွဲမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

အင်တာဗျူး – ဒေါ်အေးစောသိန်း (ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်သူ)

ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီကို တိုင်ကြားစာပေးပို့ထားခဲ့ပေမယ့် တစ်စုံတရာထူးခြားမှုမရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်ခင်ဗျား။

?bph6