ဖမ္းမိဘဂၤါလီေတြကို ျပန္ပို႔ေပးခဲ့ေပမယ့္ ျပည္ပထြက္ခြာသူေတြ ဆက္လက္ ရွိေနႏိုင္

0
463

ေက်ာက္တန္းၿမိဳ႕နယ္ ပင္လယ္ျပင္အတြင္းက ဖမ္းမိတဲ့ဘဂၤါလီေတြကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ေပမယ့္ အဲဒီလို ျပည္ပထြက္ခြာသူေတြ ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္အတြင္းက မေလးရွားႏုိင္ငံကို တရားမဝင္ထြက္ခြာသြားတဲ့ ဘဂၤါလီတစ္ရာေက်ာ္ကို ရန္ကုန္တုိင္းေဒသႀကီး ေက်ာက္တန္းၿမိဳ႕နယ္အတြင္းမွာ ဖမ္းဆီးရမိခဲ့ၿပီး အဲဒီဘဂၤါလီေတြကို ႏုိဝင္ဘာလ ၂၁ ရက္ေန႔က စစ္ေတြၿမိဳ႕ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။

အခုလို ဘဂၤါလီေတြ ပင္လယ္လမ္းေၾကာင္းကေန ျပည္ပကို တရားမဝင္ထြက္ခြာေနၾကတာဟာ လက္ရွိေနထိုင္တဲဲ့ ေနရာေတြမွာ အလုပ္အကိုင္ရွားပါးမႈ၊ သြားလာေရးအဆင္မေျပမႈေတြ ရွိေနၿပီး စားဝတ္ေနေရး အခက္အခဲနဲ႔ ႀကံဳလာရတာေၾကာင့္ မေလးရွားႏုိင္ငံကို သြားေရာက္အလုပ္လုပ္ကိုင္ဖုိ႔ ထြက္ခြာေနၾကတာျဖစ္တယ္။

အင္တာဗ်ဴး – ဦးေက်ာ္လွ (စခန္းေကာ္မတီဝင္)
သဲေခ်ာင္းကယ္ဆယ္ေရးစခန္း

အဲဒီ ဘဂၤါလီေတြဟာ စစ္ေတြၿမိဳ႕နယ္အတြင္းက သေကၠျပင္၊ သဲေခ်ာင္း၊ ဒါးပိုင္၊ ေခါင္းဒုကၠာ စတဲ့ေက်းရြာေတြကျဖစ္ၿပီး လြတ္လပ္စြာသြားလာခြင့္မရရွိဘဲ မူလအခြင့္အေရးေတြကို ပိတ္ပင္ခံထားရတာေၾကာင့္ အခုလိုပံုစံမ်ိဳးစံုနဲ႔ သြားလာေနၾကတာ ျဖစ္ပါတယ္။

အဲဒီဘဂၤါလီေတြဟာ လြန္ခဲ့တဲ့ တစ္လေက်ာ္ေလာက္ကေန ေလွသံုးစီးနဲ႔ထြက္ခြာသြားခဲ့ၾကတာျဖစ္ၿပီး ေနာက္ထပ္ႏွစ္စီးမွာ အဆက္အသြယ္မရရွိေသးေၾကာင္းနဲ႔ အခုလိုျပန္လည္ပို႔ေဆာင္ေပးတဲ့အေပၚ အစိုးရကို ေက်းဇူးတင္ေၾကာင္း စခန္းေကာ္မတီဝင္ ဦးေက်ာ္လွကေျပာပါတယ္။

အင္တာဗ်ဴး- ဦးေက်ာ္လွ (စခန္းေကာ္မတီဝင္)
သဲေခ်ာင္းကယ္ဆယ္ေရးစခန္း

အခုလို ပြင့္လင္းရာသီေရာက္လာရင္ ဘဂၤါလီေတြဟာ ရခိုင္ျပည္နယ္အတြင္းကေန ရန္ကုန္နဲ႔ တျခားေဒသေတြကို သြားလာမႈေတြ ႏွစ္စဥ္ရွိေနၿပီး လူတစ္ဦးကို ေလွခအျဖစ္ အနည္းဆံုး က်ပ္ငါးသိန္း ေပးၿပီးေတာ့ သြားလာေနၾကတာလည္း ျဖစ္ပါတယ္ ခင္ဗ်ာ။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်တန်းမြို့နယ် ပင်လယ်ပြင်အတွင်းက ဖမ်းမိတဲ့ဘင်္ဂါလီတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့ပေမယ့် အဲဒီလို ပြည်ပထွက်ခွာသူတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက မလေးရှားနိုင်ငံကို တရားမဝင်ထွက်ခွာသွားတဲ့ ဘင်္ဂါလီတစ်ရာကျော်ကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပြီး အဲဒီဘင်္ဂါလီတွေကို နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

အခုလို ဘင်္ဂါလီတွေ ပင်လယ်လမ်းကြောင်းကနေ ပြည်ပကို တရားမဝင်ထွက်ခွာနေကြတာဟာ လက်ရှိနေထိုင်တဲ့ နေရာတွေမှာ အလုပ်အကိုင်ရှားပါးမှု၊ သွားလာရေးအဆင်မပြေမှုတွေ ရှိနေပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံလာရတာကြောင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာဖြစ်တယ်။

အင်တာဗျူး – ဦးကျော်လှ (စခန်းကော်မတီဝင်)
သဲချောင်းကယ်ဆယ်ရေးစခန်း

အဲဒီ ဘင်္ဂါလီတွေဟာ စစ်တွေမြို့နယ်အတွင်းက သက္ကေပြင်၊ သဲချောင်း၊ ဒါးပိုင်၊ ခေါင်းဒုက္ကာ စတဲ့ကျေးရွာတွေကဖြစ်ပြီး လွတ်လပ်စွာသွားလာခွင့်မရရှိဘဲ မူလအခွင့်အရေးတွေကို ပိတ်ပင်ခံထားရတာကြောင့် အခုလိုပုံစံမျိုးစုံနဲ့ သွားလာနေကြတာ ဖြစ်ပါတယ်။

အဲဒီဘင်္ဂါလီတွေဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကနေ လှေသုံးစီးနဲ့ထွက်ခွာသွားခဲ့ကြတာဖြစ်ပြီး နောက်ထပ်နှစ်စီးမှာ အဆက်အသွယ်မရရှိသေးကြောင်းနဲ့ အခုလိုပြန်လည်ပို့ဆောင်ပေးတဲ့အပေါ် အစိုးရကို ကျေးဇူးတင်ကြောင်း စခန်းကော်မတီဝင် ဦးကျော်လှကပြောပါတယ်။

အင်တာဗျူး- ဦးကျော်လှ (စခန်းကော်မတီဝင်)
သဲချောင်းကယ်ဆယ်ရေးစခန်း

အခုလို ပွင့်လင်းရာသီရောက်လာရင် ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ တခြားဒေသတွေကို သွားလာမှုတွေ နှစ်စဉ်ရှိနေပြီး လူတစ်ဦးကို လှေခအဖြစ် အနည်းဆုံး ကျပ်ငါးသိန်း ပေးပြီးတော့ သွားလာနေကြတာလည်း ဖြစ်ပါတယ် ခင်ဗျာ။

?bph6