အိႏိၵယႏုိင္ငံထုတ္ Bajaj-RE သံုးဘီးနဲ႔ TVS ဆိုင္ကယ္ျပပြဲ ျပဳလုပ္ (႐ုပ္/သံ)

0
138

အရည္အေသြးေကာင္းမြန္တဲ့ ပစၥည္းေတြကို အသံုးျပဳႏုိင္ဖုိ႔ရည္ရြယ္ၿပီး အိႏိၵယႏုိင္ငံ ကုမၸဏီႏွစ္ခုက ထုတ္လုပ္တဲ့ သံုးဘီးနဲ႔ ဆိုင္ကယ္ေတြကို ျပပြဲျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ခရီးသည္နဲ႔ ပို႔ေဆာင္ေရးလုပ္ငန္းေတြမွာ အသံုးျပဳမႈ အမ်ားဆံုးျဖစ္တဲ့ ဆိုင္ကယ္နဲ႔ သံုးဘီးေတြကို အရည္အေသြးေကာင္းမြန္တဲ့ ပစၥည္းေတြအျဖစ္အသံုးျပဳႏုိင္ဖုိ႔အတြက္ အိႏိၵယႏုိင္ငံက ထုတ္လုပ္တဲ့ Bajaj-RE သံုးဘီးနဲ႔ TVS ဆိုင္ကယ္ေတြကို ထုတ္လုပ္ေနတဲ့ ကုမၸဏီႏွစ္ခုက အေရာင္းျပပြဲတစ္ခုကို ႏုိဝင္ဘာလ ၁၅ ရက္ေန႔က စစ္ေတြၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။

လက္ရွိမွာ ရခုိင္ျပည္နယ္အတြင္း အဲဒီဆိုင္ကယ္အမ်ိဳးအစားေတြကို ျဖန္႔ျဖဴးေရာင္းခ်ေနေပမယ့္ တရုတ္ႏုိင္ငံ ထုတ္သံုးဘီးေတြကိုပဲ အသံုးျပဳမႈ မ်ားျပားေနတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးရန္ႏုိင္ေအာင္ (မန္ေနဂ်ာ)
Janian Auto Company

အခုလိုမ်ိဳး အေရာင္းျပခန္းေတြကိုျပဳလုပ္ေပးရတာဟာ သံုးစြဲသူေတြအေနနဲ႔ အငွားယဥ္လုပ္ငန္းေတြအျပင္ တျခားစီးပြားေရး လုပ္ငန္းေတြကိုပါ ခ်ဲ႔ထြင္လုပ္ကိုင္ဖုိ႔အတြက္ ရည္ရြယ္ၿပီး ေဆာင္ရြက္ရတာျဖစ္တယ္လို႔ TVS ကုမၸဏီက ေျပာပါတယ္။

အင္တာဗ်ဴး ဦးေအာင္ဘိုဘိုခန္႔ (ေရာင္းအားျမွင့္တင္ေရးမန္ေနဂ်ာ)
TVS Company

Bajaj-RE သံုးဘီးေတြကို ရခုိင္ျပည္နယ္အတြင္း ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကစတင္ၿပီး အေရာင္းကိုယ္စား လွယ္ေတြကေန တစ္ဆင့္ ေရာင္းခ်ေပးေနတာျဖစ္ၿပီး သံုးစြဲမႈပမာဏကေတာ့ တစ္ႏုိင္ငံလံုး အတိုင္းအတာအရ ရခုိင္ျပည္နယ္မွာ ၃၀ ရာခိုင္ႏႈန္းထိ ရွိေနတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယနိုင်ငံထုတ် Bajaj-RE သုံးဘီးနဲ့ TVS ဆိုင်ကယ်ပြပွဲ ပြုလုပ်

အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ ကုမ္ပဏီနှစ်ခုက ထုတ်လုပ်တဲ့ သုံးဘီးနဲ့ ဆိုင်ကယ်တွေကို ပြပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခရီးသည်နဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုမှု အများဆုံးဖြစ်တဲ့ ဆိုင်ကယ်နဲ့ သုံးဘီးတွေကို အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေအဖြစ်အသုံးပြုနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ Bajaj-RE သုံးဘီးနဲ့ TVS ဆိုင်ကယ်တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီနှစ်ခုက အရောင်းပြပွဲတစ်ခုကို နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အဲဒီဆိုင်ကယ်အမျိုးအစားတွေကို ဖြန့်ဖြူးရောင်းချနေပေမယ့် တရုတ်နိုင်ငံ ထုတ်သုံးဘီးတွေကိုပဲ အသုံးပြုမှု များပြားနေတာဖြစ်ပါတယ်။

အင်တာဗျူး ဦးရန်နိုင်အောင် (မန်နေဂျာ)
Janian Auto Company

အခုလိုမျိုး အရောင်းပြခန်းတွေကိုပြုလုပ်ပေးရတာဟာ သုံးစွဲသူတွေအနေနဲ့ အငှားယဉ်လုပ်ငန်းတွေအပြင် တခြားစီးပွားရေး လုပ်ငန်းတွေကိုပါ ချဲ့ထွင်လုပ်ကိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရတာဖြစ်တယ်လို့ TVS ကုမ္ပဏီက ပြောပါတယ်။

အင်တာဗျူး ဦးအောင်ဘိုဘိုခန့် (ရောင်းအားမြှင့်တင်ရေးမန်နေဂျာ)
TVS Company

Bajaj-RE သုံးဘီးတွေကို ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး အရောင်းကိုယ်စား လှယ်တွေကနေ တစ်ဆင့် ရောင်းချပေးနေတာဖြစ်ပြီး သုံးစွဲမှုပမာဏကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်ပြည်နယ်မှာ ၃၀ ရာခိုင်နှုန်းထိ ရှိနေတာဖြစ်ပါတယ် ခင်ဗျာ။