ေမာင္ေတာၿမိဳ႕ေတာင္ပုိငး္မွာ ဘဂၤါလီေတြ ေနရာမခ်ထားဖို႔ ANP ေျပာ (႐ုပ္/သံ)

0
58

ျပန္လည္ဝင္ေရာက္လာမယ့္ ဘဂၤါလီေတြ ေမာင္ေတာၿမိဳ႕နယ္ေတာင္ပိုင္းမွာ ေနရာခ်ထားမႈေတြ မျပဳလုပ္ဖုိ႔ လိုအပ္တယ္လို႔ ရခုိင္အမ်ိဳးသားပါတီ (ANP) ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ဳိးႏြယ္က ေပးပို႔ထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒုကၡသည္စခန္းရွိ ေနရပ္ျပန္မယ့္သူေတြကို ႏိုဝင္ဘာ ၁၅ ရက္ေန႔ကစၿပီး တစ္ရက္ကို လူ ၁၅၀ ႏႈန္းနဲ႔ လူေပါင္း ၂၂၆၀ ေက်ာ္ကို ပထမအသုတ္အေနနဲ႔ ျပန္လည္လက္ခံသြားမွာ ျဖစ္ပါတယ္။

အဲဒီလုိ လက္ခံတဲ့ေနရာမွာ ဘဂၤါလီေတြ ျပန္လည္ေနရာခ်ထားတဲ့အခါ အၾကမ္းဖက္မႈေတြ ေနာက္ထပ္ မျဖစ္ပြားေစဖုိ႔နဲ႔ ေဒသတြင္းေနထုိင္ေနတဲ့ ရခုိင္တုိင္းရင္းသားေတြ လုံၿခံဳမႈရွိဖို႔ ပင္လယ္ကမ္းေျခေဒသျဖစ္တဲ့ ေမာင္ေတာၿမိဳ႕နယ္ ေတာင္ပိုင္းမွာ ေနရာခ်ထားမႈေတြ မျပဳလုပ္ဖုိ႔ လိုအပ္တယ္လို႔ ရခုိင္အမ်ိဳးသားပါတီ (ANP) ဒုဥကၠ႒ ေဒၚေအးႏုစိန္က ေျပာပါတယ္။

ႏုိဝင္ဘာလ ၇ ရက္ေန႔က စစ္ေတြၿမိဳ႕နယ္မွာ ဘဂၤါလီေတြ ျပန္လည္ေနရာခ်ထားေရးကိစၥနဲ႔ပက္သက္ၿပီး ေတြ႔ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒၚေအးႏုစိန္ (ဒုဥကၠ႒)
ရခုိင္အမ်ိဳးသားပါတီ (ANP)

ဘဂၤါလီေတြ ျပန္လည္ေနရာခ်ထားေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ ဒုတိယလက္ေထာက္ ႏုိ္င္ငံျခားေရးဝန္ႀကီးနဲ႔ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး အပါအဝင္ ရခိုင္အမ်ိဳးသားပါတီနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္ ေန႔လည္ပိုင္းမွာ စစ္ေတြၿမိိဳ႕နယ္အတြင္းမွာရွိတဲ့ သေကၠျပင္ ကယ္ဆယ္ေရး စခန္းကိုသြားေရာက္ၿပီး စခန္းတာဝန္ရွိသူေတြ၊ ရပ္မိရဖေတြနဲ႔ ေတြ႔ဆံုခဲ့ၾကတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေရႊေမာင္ (စခန္းေကာ္မတီဝင္)
သေကၠျပင္ကယ္ဆယ္ေရးစခန္း

ဒါ့အျပင္ အေမရိကန္ႏုိင္ငံဟာ အၾကမ္းဖက္မႈကို တုိက္ခိုက္ေနတဲ့ ႏုိင္ငံတစ္ခုျဖစ္တဲ့အတြက္ ဘဂၤါလီေတြရဲ႕ လူူမ်ိဳးအမည္သစ္နဲ႔ နယ္ေျမထူေထာင္ဖုိ႔ ႀကိဳးစားေနတဲ့အေပၚမွာ အေမရိကန္အေနနဲ႔ အားေပးမည္မဟုတ္ေၾကာင္း သံအမတ္ႀကီးက ေျပာၾကားခဲ့တယ္လို႔ ေဒၚေအးႏုစိန္က ေျပာပါတယ္။ အဲဒီအဖြဲ႔ဟာ ဒီကေန႔ ႏုိဝင္ဘာ ၈ ရက္ေန႔မွာ အၾကမ္းဖက္မႈေတြ ျဖစ္ပြားခဲ့တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ကို သြားေရာက္ေလ့လာမႈေတြ ျပဳလုပ္ၿပီး ညေနပိုင္းမွာေတာ့ ရန္ကုန္ၿမိဳ႕ကို ျပန္လည္ထြက္ခြာၾကမွာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့တောင်ပိုငး်မှာ ဘင်္ဂါလီတွေ နေရာမချထားဖို့ ANP ပြော

ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေ မောင်တောမြို့နယ်တောင်ပိုင်းမှာ နေရာချထားမှုတွေ မပြုလုပ်ဖို့ လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းရှိ နေရပ်ပြန်မယ့်သူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး တစ်ရက်ကို လူ ၁၅၀ နှုန်းနဲ့ လူပေါင်း ၂၂၆၀ ကျော်ကို ပထမအသုတ်အနေနဲ့ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။

အဲဒီလို လက်ခံတဲ့နေရာမှာ ဘင်္ဂါလီတွေ ပြန်လည်နေရာချထားတဲ့အခါ အကြမ်းဖက်မှုတွေ နောက်ထပ် မဖြစ်ပွားစေဖို့နဲ့ ဒေသတွင်းနေထိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေ လုံခြုံမှုရှိဖို့ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ မောင်တောမြို့နယ် တောင်ပိုင်းမှာ နေရာချထားမှုတွေ မပြုလုပ်ဖို့ လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က စစ်တွေမြို့နယ်မှာ ဘင်္ဂါလီတွေ ပြန်လည်နေရာချထားရေးကိစ္စနဲ့ပက်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်တာဗျူး – ဒေါ်အေးနုစိန် (ဒုဥက္ကဋ္ဌ)
ရခိုင်အမျိုးသားပါတီ (ANP)

ဘင်္ဂါလီတွေ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီး အမေရိကန် ဒုတိယလက်ထောက် နိ်ုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အပါအဝင် ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ သက္ကေပြင် ကယ်ဆယ်ရေး စခန်းကိုသွားရောက်ပြီး စခန်းတာဝန်ရှိသူတွေ၊ ရပ်မိရဖတွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အင်တာဗျူး – ဦးရွှေမောင် (စခန်းကော်မတီဝင်)
သက္ကေပြင်ကယ်ဆယ်ရေးစခန်း

ဒါ့အပြင် အမေရိကန်နိုင်ငံဟာ အကြမ်းဖက်မှုကို တိုက်ခိုက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဘင်္ဂါလီတွေရဲ့ လူမျိုးအမည်သစ်နဲ့ နယ်မြေထူထောင်ဖို့ ကြိုးစားနေတဲ့အပေါ်မှာ အမေရိကန်အနေနဲ့ အားပေးမည်မဟုတ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်ကို သွားရောက်လေ့လာမှုတွေ ပြုလုပ်ပြီး ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာကြမှာဖြစ်ပါတယ် ခင်ဗျား။

?bph6