ေက်ာကၠာေက်းရြာကို ၿမိတ္ကြ်န္းစုရဲ႕ ေလ့လာေရး ခရီးစဥ္သစ္အေနနဲ႔ တိုးခ်ဲ႕ (႐ုပ္/သံ)

0
70

တံငါလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ့ ေက်ာကၠာေက်းရြာကို ၿမိတ္ကြ်န္းစုရဲ႕ ေလ့လာေရး ခရီးစဥ္သစ္အေနနဲ႔ တိုးခ်ဲ႕ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN ၿမိတ္သတင္းေထာက္ ေဇာ္ေဇာ္က ေပးပို႔ထားၿပီး ေမာင္ထက္က တင္ဆက္ေပးထားပါတယ္။

တနသၤာရီတိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ ေက်ာကၠာေက်းရြာကို ျပည္တြင္း၊ ျပည္ပက ႏိုင္ငံျခားသားေတြ ေလ့လာစရာ ခရီးစဥ္သစ္တစ္ခုအေနနဲ႔တိုးခ်ဲ႕ခဲ့ပါတယ္။ ေက်ာကၠာေက်းရြာဟာ တံငါလုပ္ငန္းနဲ႔ အဓိက အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ့ ေက်းရြာတစ္ခုျဖစ္ၿပီး ေရေပၚအိမ္ကေလးေတြနဲ႔ ေနထုိင္ၾကတဲ့ ေဒသခံေတြရဲ႕ လူေနမႈ စ႐ုိက္ပံုစံေတြကို ခရီးသြားေတြ ေလ့လာႏိုင္ဖို႔အတြက္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးျမင့္သန္း (မန္ေနဂ်ာ) Mergui Dolphin Travel & Tours

ေက်ာကၠာ ေက်းရြာဟာ၊ ၿမိတ္ခရိုင္ ပုေလာၿမိဳ႕နယ္အတြင္းမွာ တည္ရွိၿပီး၊ ေဒသခံ ျပည္သူေတြဟာ တံငါလုပ္ငန္းကို အဓိက လုပ္ကိုင္ၿပီး ပင္လယ္ရြာကေလးတစ္ရြာ ျဖစ္ပါတယ္။ ေနအိမ္ေတြဟာ ပင္လယ္ျပင္ကို မ်က္ႏွာမူ တည္ေဆာက္ထားတာျဖစ္ၿပီး ေျခတိုင္ရွည္ သစ္လံုးေတြနဲ႔ တည္ေဆာက္ထားတဲ့ ေရေပၚအိမ္ေတြ ျဖစ္တာေၾကာင့္ ခရီးသြားေတြကို စြဲေဆာင္မႈအျပည့္အဝ ရမွာျဖစ္တယ္လို႔ ေဒသခံတစ္ဦးျဖစ္တဲ့ ေက်ာကၠာေက်းရြာသား ဦးၾကည္သန္းက ေျပာပါတယ္။

အင္တာဗ်ဴး ဦးၾကည္သန္း (ေက်ာကၠာေက်းရြာသား)

ၿမိတ္ကြ်န္းစုရဲ႕ ခရီးစဥ္အသစ္မွာ ေလးကြ်န္း၊ သမီးလွကြ်န္းနဲ႔ အခု ေက်ာကၠာေက်းရြာေတြကို ထည့္သြင္း ေျပးဆြဲသြားမွာျဖစ္ၿပီး၊ ၿမိတ္ကြ်န္းစုကေန ေက်ာကၠာေက်းရြာကို ေရမိုင္ ၂၃ ကြာေ၀းၿပီး ေရယာဥ္နဲ႔ မိနစ္ ၄၀ ေက်ာ္ ၾကာျမင့္မွာပဲ ျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက္ကာကျေးရွာကို မြိတ်ကျွန်းစုရဲ့ လေ့လာရေး ခရီးစဉ်သစ်အနေနဲ့ တိုးချဲ့

တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျောက္ကာကျေးရွာကို မြိတ်ကျွန်းစုရဲ့ လေ့လာရေး ခရီးစဉ်သစ်အနေနဲ့ တိုးချဲ့ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး မောင်ထက်က တင်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောက္ကာကျေးရွာကို ပြည်တွင်း၊ ပြည်ပက နိုင်ငံခြားသားတွေ လေ့လာစရာ ခရီးစဉ်သစ်တစ်ခုအနေနဲ့တိုးချဲ့ခဲ့ပါတယ်။ ကျောက္ကာကျေးရွာဟာ တံငါလုပ်ငန်းနဲ့ အဓိက အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ရေပေါ်အိမ်ကလေးတွေနဲ့ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ လူနေမှု စရိုက်ပုံစံတွေကို ခရီးသွားတွေ လေ့လာနိုင်ဖို့အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူး ဦးမြင့်သန်း (မန်နေဂျာ) Mergui Dolphin Travel & Tours

ကျောက္ကာ ကျေးရွာဟာ၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းမှာ တည်ရှိပြီး၊ ဒေသခံ ပြည်သူတွေဟာ တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး ပင်လယ်ရွာကလေးတစ်ရွာ ဖြစ်ပါတယ်။ နေအိမ်တွေဟာ ပင်လယ်ပြင်ကို မျက်နှာမူ တည်ဆောက်ထားတာဖြစ်ပြီး ခြေတိုင်ရှည် သစ်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ ရေပေါ်အိမ်တွေ ဖြစ်တာကြောင့် ခရီးသွားတွေကို စွဲဆောင်မှုအပြည့်အဝ ရမှာဖြစ်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကျောက္ကာကျေးရွာသား ဦးကြည်သန်းက ပြောပါတယ်။

အင်တာဗျူး ဦးကြည်သန်း (ကျောက္ကာကျေးရွာသား)

မြိတ်ကျွန်းစုရဲ့ ခရီးစဉ်အသစ်မှာ လေးကျွန်း၊ သမီးလှကျွန်းနဲ့ အခု ကျောက္ကာကျေးရွာတွေကို ထည့်သွင်း ပြေးဆွဲသွားမှာဖြစ်ပြီး၊ မြိတ်ကျွန်းစုကနေ ကျောက္ကာကျေးရွာကို ရေမိုင် ၂၃ ကွာဝေးပြီး ရေယာဉ်နဲ့ မိနစ် ၄၀ ကျော် ကြာမြင့်မှာပဲ ဖြစ်ပါတယ် ခင်ဗျား။

?bph6