စစ္ဘက္လုံၿခံဳေရးတပ္ဖြဲ႕ဝင္ ပစ္သတ္ခံရမႈ လူငယ္သုံးဦး ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့ (႐ုပ္/သံ)

0
131

စစ္ဘက္ဆုိင္ရာ လံုၿခံဳေရးတပ္ဖြ႔ဲဝင္တစ္ဦး ပစ္သတ္ခံရမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးထားတဲ့ လူငယ္သံုးဦးကို ဒုတိယအႀကိမ္ ရမာန္ယူခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

စက္တင္ဘာလ ၂၅ ရက္ေန႔ညက စစ္ေတြၿမိဳ႕ေပၚ ဝကၤဘာကြင္းေဈးေရာင္းပြဲေတာ္မွာ ျဖစ္ပြားခဲ့တဲ့ စစ္ဘက္ဆုိင္ရာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ဖိုးလံုး (ေခၚ) တပ္ၾကပ္ဝင္းထိုက္ ေသနတ္နဲ႔ ပစ္ခတ္ခံရမႈမွာ ဘူးသီးေတာင္၊ ရေသ့ေတာင္နဲ႔ ေပါက္ေတာၿမိဳ႕နယ္က လူငယ္ ၃ ဦးတုိ႔ကို ဖမ္းဆီးစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

ဖမ္္းဆီးခံထားရသူေတြကေတာ့ ဘူးသီးေတာင္က ကိုေအာင္ေခ် (ေခၚ) ေအာင္ေဇာ္လင္း၊ ရေသ့ေတာင္က ေမယုထြန္း (ေခၚ) ကို္ေဇာ္ဝင္းနဲ႔ ေပါက္ေတာၿမိဳ႕က ခိုင္ဘိုဘို (ေခၚ) ကိုခိုင္ေသာ္တုိ႔ ျဖစ္ပါတယ္။

ေမယုထြန္းေခၚ ကိုေဇာ္ဝင္းမွာ ရခိုင္အမ်ိဳးသားပါတီဝင္လူငယ္တစ္ဦးျဖစ္ၿပီး အခင္းျဖစ္ပြားတဲ့ေန႔က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ဝင္းတုိ႔နဲ႔ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ စည္း႐ုံးေရးဆင္းေနတာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ကံျပင္ေက်းရြာကို ေရာက္ရွိေနတာေၾကာင့္ အဲဒီအမႈနဲ႔သက္ဆိုင္မႈမရွိဘူးလို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ေမယုထြန္း (ခ)ကိုေဇာ္ဝင္း (ရခိုင္အမ်ိဳးသားပါတီဝင္)

ဒါ့အျပင္ ေပါက္ေတာၿမိဳ႕က ခိုင္ဘိုဘို (ေခၚ) ကိုခိုင္ေသာ္မွာ စစ္ေတြတကၠသိုလ္က သမုိင္းေက်ာင္းသား တစ္ဦးျဖစ္ၿပီး အခင္းျဖစ္ပြားတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ စစ္ေတြကမ္းေျခက စားေသာက္ဆိုင္တစ္ဆိုင္ကို ေရာက္ရွိေနၿပီး ကိုဖိုးလံုး အသတ္ခံရေၾကာင္း facebook လူမႈကြန္ရက္ကတစ္ဆင့္ သိခဲ့ရတာျဖစ္တယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ခိုင္ဘိုဘို(ခ) ခိုင္ေသာ္ (တကၠသိုလ္က်ာင္းသား)

အခုလို သံသယနဲ႔ဖမ္းဆီးထားတာဟာ အစိုးရအေနနဲ႔ လူငယ္ေတြယွဥ္းကပ္ပံုေတြ မွားယြင္းေနၿပီး ႏုိင္ငံေရး၊ လူမႈေရးက႑ေတြမွာ တက္ၾကြလႈပ္ရွားေနတဲ့လူငယ္ေတြကို ၿဖိဳခြဲလိုက္တာသာ ျဖစ္တယ္လို႔ ကိုေအာင္ေဇာ္လင္း က ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – ေအာင္ေခ် (ခ) ကိုေအာင္ေဇာ္လင္း (တကၠသိုလ္ေက်ာင္းသား)

ဒီအမႈနဲပတ္သက္ၿပီး ဖမ္းဆီးခံထားရတဲ့ လူငယ္သံုးဦးကို ဒီကေန႔ အာက္တုိဘာလ ၂၂ ရက္ေန႔မွာ စစ္ေတြၿမိဳ႕နယ္တရား႐ုံးက ဒုတိယအႀကိမ္ ရမာန္ယူခဲ့တာျဖစ္ၿပီး အမႈနဲ႔ပတ္သက္လို႔ စစ္ေဆးမႈေတြကိုေတာ့ CID က ေဆာင္ရြက္ေနတယ္လို႔ စစ္ေတြၿမိဳ႕နယ္ နယ္ေျမရဲစခန္းမွဴး ရဲအုပ္ ေအးေက်ာ္က ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ဝင် ပစ်သတ်ခံရမှု လူငယ်သုံးဦး ဒုတိယအကြိမ် ရုံးထုတ်ခဲ့

စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ လူငယ်သုံးဦးကို ဒုတိယအကြိမ် ရမာန်ယူခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ညက စစ်တွေမြို့ပေါ် ဝင်္ကဘာကွင်းဈေးရောင်းပွဲတော်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ဖိုးလုံး (ခေါ်) တပ်ကြပ်ဝင်းထိုက် သေနတ်နဲ့ ပစ်ခတ်ခံရမှုမှာ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်က လူငယ် ၃ ဦးတို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဖမ်းဆီးခံထားရသူတွေကတော့ ဘူးသီးတောင်က ကိုအောင်ချေ (ခေါ်) အောင်ဇော်လင်း၊ ရသေ့တောင်က မေယုထွန်း (ခေါ်) ကိ်ုဇော်ဝင်းနဲ့ ပေါက်တောမြို့က ခိုင်ဘိုဘို (ခေါ်) ကိုခိုင်သော်တို့ ဖြစ်ပါတယ်။

မေယုထွန်းခေါ် ကိုဇော်ဝင်းမှာ ရခိုင်အမျိုးသားပါတီဝင်လူငယ်တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းတို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတာကြောင့် ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာကို ရောက်ရှိနေတာကြောင့် အဲဒီအမှုနဲ့သက်ဆိုင်မှုမရှိဘူးလို့ ပြောပါတယ်။

အင်တာဗျူး – မေယုထွန်း (ခ)ကိုဇော်ဝင်း (ရခိုင်အမျိုးသားပါတီဝင်)

ဒါ့အပြင် ပေါက်တောမြို့က ခိုင်ဘိုဘို (ခေါ်) ကိုခိုင်သော်မှာ စစ်တွေတက္ကသိုလ်က သမိုင်းကျောင်းသား တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ စစ်တွေကမ်းခြေက စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်ရှိနေပြီး ကိုဖိုးလုံး အသတ်ခံရကြောင်း facebook လူမှုကွန်ရက်ကတစ်ဆင့် သိခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

အင်တာဗျူး – ခိုင်ဘိုဘို(ခ) ခိုင်သော် (တက္ကသိုလ်ကျာင်းသား)

အခုလို သံသယနဲ့ဖမ်းဆီးထားတာဟာ အစိုးရအနေနဲ့ လူငယ်တွေယှဉ်းကပ်ပုံတွေ မှားယွင်းနေပြီး နိုင်ငံရေး၊ လူမှုရေးကဏ္ဍတွေမှာ တက်ကြွလှုပ်ရှားနေတဲ့လူငယ်တွေကို ဖြိုခွဲလိုက်တာသာ ဖြစ်တယ်လို့ ကိုအောင်ဇော်လင်း က ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – အောင်ချေ (ခ) ကိုအောင်ဇော်လင်း (တက္ကသိုလ်ကျောင်းသား)

ဒီအမှုနဲပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်သုံးဦးကို ဒီကနေ့ အာက်တိုဘာလ ၂၂ ရက်နေ့မှာ စစ်တွေမြို့နယ်တရားရုံးက ဒုတိယအကြိမ် ရမာန်ယူခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေကိုတော့ CID က ဆောင်ရွက်နေတယ်လို့ စစ်တွေမြို့နယ် နယ်မြေရဲစခန်းမှူး ရဲအုပ် အေးကျော်က ပြောပါတယ် ခင်ဗျား။

?bph6