ၿမိဳ႕ေခ်ာင္းရဲကင္းစခန္း မူလေနရာမွာ ျပန္လည္ခ်ထားေပးဖုိ႔ ေဒသခံေတြ ေတာင္းဆို (႐ုပ္/သံ)

0
103

ေက်ာက္ျဖဴၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းရဲကင္းစခန္းကို မူလေနရာမွာ ျပန္လည္ခ်ထားေပးဖုိ႔ ေက်းရြာ ၁၁ ရြာက ေဒသခံေတြ လက္မွတ္ေရးထိုး ေတာင္းဆိုထားပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္းက ၿမိဳ႕ေခ်ာင္းေက်းရြာမွာရွိတဲ့ ရဲကင္းစခန္းကို နယ္ေျမရဲစခန္းအျဖစ္ အဆင့္တိုးျမွင့္လိုက္ၿပီး ကပိုင္းေခ်ာင္းေက်းရြာကို ေျပာင္းေရႊ႕လိုက္တဲ့အတြက္ မူလေနရာျဖစ္တဲ့ ၿမိဳ႕ေခ်ာင္း ေက်းရြာမွာ ျပန္လည္ခ်ထားေပးဖုိ႔ ေက်းရြာေပါင္း ၁၁ ရြာက ေဒသခံ ၅၀၀ ေက်ာ္တုိ႔ လက္မွတ္ေရးထုိးၿပီး ရခိုင္ျပည္နယ္အစိုးရကို ေအာက္တုိဘာလ ၁၇ ရက္ေန႔က ေတာင္းဆိုလိုက္ပါတယ္။

အဲဒီရဲကင္းစခန္းဟာ ၿမိဳ႕ေခ်ာင္းေက်းရြာမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀ ေက်ာ္က ရွိေနတာျဖစ္ၿပီး ေဒသလံုၿခံဳေရးအတြက္ နယ္ေျမရဲစခန္းအျဖစ္ အဆင့္တုိးျမွင့္သတ္မွတ္ေပးဖို႔ ေဒသခံေတြက တင္ျပေတာင္းဆုိခဲ့ၾကတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးသန္းေရႊ (ရပ္မိရဖ)
ၿမိဳ႕ေခ်ာင္းေက်းရြာ

ဒါ့အျပင္ အရင္က ရဲစခန္းကို အားကိုးေနထိုင္လာခဲ့ၾကတဲ့ေဒသခံေတြဟာ ရဲစခန္းမရွိေတာ့တဲ့အခ်ိန္မွာ ခိုးဆိုး လုယက္မႈ၊ ေက်းရြာတုိက္ခိုက္ခံရမႈေတြ ျဖစ္ပြားလာႏုိင္တာေၾကာင့္ နယ္ေျမလံုၿခံဳေရးအတြက္ အခုလို ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

ၿမိဳ႕ေခ်ာင္းရဲကင္းစခန္းနယ္ေျမအတြင္း ေက်းရြာအုပ္စုေပါင္း ၈ အုပ္စု၊ ေက်းရြာေပါင္း ၃၅ ရြာတည္ရွိေနၿပီး ေက်ာက္ျဖဴၿမိဳ႕နယ္ မေဒးကၽြန္းအေရွ႕ဘက္ မိုင္ ၂၀ ေက်ာ္အကြာ ေက်ာက္ျဖဴ၊ ေျမပံု၊ ရမ္းၿဗဲ သံုးၿမိဳ႕နယ္ အၾကားမွာ တည္ရွိတဲ့ ေဒသလည္း ျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးတင္ထြန္းႏုိင္ (ေဒသခံ)
ၿမိဳ႕ေခ်ာင္းေက်းရြာ

အဲဒီ ရဲစခန္းကို မူလေနရာျဖစ္တဲ့ ၿမိိဳ႕ေခ်ာင္းေက်းရြာမွာ ျပန္လည္ထားရွိဖို႔အတြက္ ေဒသခံေတြအေနနဲ႔ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကေန ေတာင္းဆိုလာခဲ့တာျဖစ္ၿပီး ဆႏၵျပေတာင္းဆိုမႈအပါအဝင္ စုစုေပါင္း ၄ ႀကိမ္ ျပဳလုပ္ထားၿပီး ျဖစ္ပါတယ္။ အခုေတာင္းဆိုမႈ ေအာင္ျမင္မႈမရရွိပါက ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္၊ ႏုိင္ငံေတာ္သမၼတနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔တုိ႔ကို ဆက္လက္တင္ျပေတာင္းဆိုမႈေတြ ျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့ချောင်းရဲကင်းစခန်း မူလနေရာမှာ ပြန်လည်ချထားပေးဖို့ ဒေသခံတွေ တောင်းဆို

ကျောက်ဖြူမြို့နယ် မြို့ချောင်းရဲကင်းစခန်းကို မူလနေရာမှာ ပြန်လည်ချထားပေးဖို့ ကျေးရွာ ၁၁ ရွာက ဒေသခံတွေ လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက မြို့ချောင်းကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းကို နယ်မြေရဲစခန်းအဖြစ် အဆင့်တိုးမြှင့်လိုက်ပြီး ကပိုင်းချောင်းကျေးရွာကို ပြောင်းရွှေ့လိုက်တဲ့အတွက် မူလနေရာဖြစ်တဲ့ မြို့ချောင်း ကျေးရွာမှာ ပြန်လည်ချထားပေးဖို့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံ ၅၀ဝ ကျော်တို့ လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ်အစိုးရကို အောက်တိုဘာလ ၁၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီရဲကင်းစခန်းဟာ မြို့ချောင်းကျေးရွာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က ရှိနေတာဖြစ်ပြီး ဒေသလုံခြုံရေးအတွက် နယ်မြေရဲစခန်းအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးဖို့ ဒေသခံတွေက တင်ပြတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

အင်တာဗျူး – ဦးသန်းရွှေ (ရပ်မိရဖ)
မြို့ချောင်းကျေးရွာ

ဒါ့အပြင် အရင်က ရဲစခန်းကို အားကိုးနေထိုင်လာခဲ့ကြတဲ့ဒေသခံတွေဟာ ရဲစခန်းမရှိတော့တဲ့အချိန်မှာ ခိုးဆိုး လုယက်မှု၊ ကျေးရွာတိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားလာနိုင်တာကြောင့် နယ်မြေလုံခြုံရေးအတွက် အခုလို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မြို့ချောင်းရဲကင်းစခန်းနယ်မြေအတွင်း ကျေးရွာအုပ်စုပေါင်း ၈ အုပ်စု၊ ကျေးရွာပေါင်း ၃၅ ရွာတည်ရှိနေပြီး ကျောက်ဖြူမြို့နယ် မဒေးကျွန်းအရှေ့ဘက် မိုင် ၂၀ ကျော်အကွာ ကျောက်ဖြူ၊ မြေပုံ၊ ရမ်းဗြဲ သုံးမြို့နယ် အကြားမှာ တည်ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အင်တာဗျူး – ဦးတင်ထွန်းနိုင် (ဒေသခံ)
မြို့ချောင်းကျေးရွာ

အဲဒီ ရဲစခန်းကို မူလနေရာဖြစ်တဲ့ မြို့ချောင်းကျေးရွာမှာ ပြန်လည်ထားရှိဖို့အတွက် ဒေသခံတွေအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ တောင်းဆိုလာခဲ့တာဖြစ်ပြီး ဆန္ဒပြတောင်းဆိုမှုအပါအဝင် စုစုပေါင်း ၄ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အခုတောင်းဆိုမှု အောင်မြင်မှုမရရှိပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကို ဆက်လက်တင်ပြတောင်းဆိုမှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။

?bph6