ဆားလင္းႀကီးမွာ ေရေျမာင္းပိတ္ဆို႔မႈေၾကာင့္ ႏွမ္းပင္ ဧက ငါးဆယ္ေက်ာ္ ပ်က္စီး (႐ုပ္/သံ)

0
908

ဆားလင္းႀကီးၿမိဳ႕နယ္မွာ ေရေျမာင္းပိတ္ဆို႔မႈေတြေၾကာင့္ ေတာင္သူေတြ စိုက္ပ်ိဳးထားတဲ႔ ႏွမ္းပင္ ဧက ၅၀ ေက်ာ္ ပ်က္စီး ဆံုး႐ံႈးခဲ့ပါတယ္။

စစ္ကိုင္းေဒသႀကီး၊ မံုရြာ-ပုသိမ္လမ္းဆံုရိွ ဆားလင္းႀကီး ယင္းမာပင္လမ္းေဘးမွာ တည္ရိွတဲ႔ ေဖာင္းကားေက်း ရြာက ေရေျမာင္း တခ်ိဳ႕ေနရာေတြဟာ ေရထြက္ေပါက္ ပိတ္ဆို႔ေနခဲ႔တဲ့အတြက္ မိုးေရဟာ လမ္းေၾကာင္းအတိုင္း စီးဆင္းတာမ်ိဳးမရိွေတာ့ပဲ စိုက္ပ်ိဳးထားတဲ႔ ယာေျမေတြထဲထိ ဝင္ေရာက္ခဲ႔တာေၾကာင့္ ေတာင္သူေတြရဲ႕ စိုက္ပ်ိဳး ႏွမ္းပင္ ဧက ၅၀ ေက်ာ္ ပ်က္စီးဆံုးရံႈးခဲ့ရပါတယ္။ ဒီသတင္းကိုေတာ့ MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထားၿပီး ျမတ္မင္းသူက တင္ဆက္ေပးထားပါတယ္။

အင္တာဗ်ဴး (၁) – ကိုသိန္းေအာင္ ( ေဖာင္းကားေက်းရြာ။ ဆားလင္းႀကီးၿမိဳ႕နယ္ )

သက္ဆိုင္ရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးက ပိတ္ဆို႔ေနတဲ႔ရြာအနီး အေရွ႕ဘက္ ေရထြက္ေပါက္ ေျမာင္း တံတားေနရာကို ေရလမ္းေၾကာင္းအျဖစ္ ေဖာက္လုပ္ေပးခဲ႔ေပးမယ့္ စိုက္ပ်ိဳးႏွမ္းပင္ေတြကေတာ့ အျမစ္ ပုပ္ကုန္ၿပီး အပင္အားလံုး ပ်က္စီးခဲ့ရပါတယ္။

အင္တာဗ်ဴး (၂ ) – ဦးဝင္းသိန္း ( ေဖာင္းကားေက်းရြာ။ ဆားလင္းႀကီးၿမိဳ႕နယ္ )

ေတာင္သူေတြအေနနဲ႔ အခုလို ႏွမ္းစိုက္ခင္းေတြပ်က္စီးသြားတဲ႔အတြက္ တစ္ဧကကို စိုက္ပ်ိဳးစရိတ္ ၃ သိန္းရွိတဲ့အတြက္ ဧက ၅၀ ေက်ာ္အတြက္ ျမန္မာေငြက်ပ္ သိန္း ၁၅၀ ေက်ာ္ေလာက္ ဆံုး႐ံႈးခဲ့ရတာ ျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆားလင်းကြီးမှာ ရေမြောင်းပိတ်ဆို့မှုကြောင့် နှမ်းပင် ဧက ငါးဆယ်ကျော် ပျက်စီး

ဆားလင်းကြီးမြို့နယ်မှာ ရေမြောင်းပိတ်ဆို့မှုတွေကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ နှမ်းပင် ဧက ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

စစ်ကိုင်းဒေသကြီး၊ မုံရွာ-ပုသိမ်လမ်းဆုံရှိ ဆားလင်းကြီး ယင်းမာပင်လမ်းဘေးမှာ တည်ရှိတဲ့ ဖောင်းကားကျေး ရွာက ရေမြောင်း တချို့နေရာတွေဟာ ရေထွက်ပေါက် ပိတ်ဆို့နေခဲ့တဲ့အတွက် မိုးရေဟာ လမ်းကြောင်းအတိုင်း စီးဆင်းတာမျိုးမရှိတော့ပဲ စိုက်ပျိုးထားတဲ့ ယာမြေတွေထဲထိ ဝင်ရောက်ခဲ့တာကြောင့် တောင်သူတွေရဲ့ စိုက်ပျိုး နှမ်းပင် ဧက ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီသတင်းကိုတော့ MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး မြတ်မင်းသူက တင်ဆက်ပေးထားပါတယ်။

အင်တာဗျူး (၁) – ကိုသိန်းအောင် ( ဖောင်းကားကျေးရွာ။ ဆားလင်းကြီးမြို့နယ် )

သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ပိတ်ဆို့နေတဲ့ရွာအနီး အရှေ့ဘက် ရေထွက်ပေါက် မြောင်း တံတားနေရာကို ရေလမ်းကြောင်းအဖြစ် ဖောက်လုပ်ပေးခဲ့ပေးမယ့် စိုက်ပျိုးနှမ်းပင်တွေကတော့ အမြစ် ပုပ်ကုန်ပြီး အပင်အားလုံး ပျက်စီးခဲ့ရပါတယ်။

အင်တာဗျူး (၂ ) – ဦးဝင်းသိန်း ( ဖောင်းကားကျေးရွာ။ ဆားလင်းကြီးမြို့နယ် )

တောင်သူတွေအနေနဲ့ အခုလို နှမ်းစိုက်ခင်းတွေပျက်စီးသွားတဲ့အတွက် တစ်ဧကကို စိုက်ပျိုးစရိတ် ၃ သိန်းရှိတဲ့အတွက် ဧက ၅၀ ကျော်အတွက် မြန်မာငွေကျပ် သိန်း ၁၅၀ ကျော်လောက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်ခင်ဗျား။