ေျမာက္ဦးပစ္ခတ္မႈမွာ ဒဏ္ရာရတဲ့လူငယ္ ၈ ဦးကို တတိယအႀကိမ္ တရားစြဲဖို႔ ျပင္ဆင္ (႐ုပ္/သံ)

0
296

ေျမာက္ဦးပစ္ခတ္မႈမွာ ဒဏ္ရာရတဲ့ လူငယ္ ၈ ဦးကို တရား႐ုံးက ႏွစ္ႀကိမ္လႊတ္ေပးခဲ့ေပမယ့္ ရဲတပ္ဖြဲ႕က တတိယအႀကိမ္ တရားစြဲဆိုဖုိ႔ ျပင္ဆင္ေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ဆႏၵျပလူထုကို ေသနတ္ပစ္ခတ္ၿဖိဳးခြဲရာမွာ ဒဏ္ရာရရွိခဲ့တဲ့ လူငယ္ ၈ ဦးကို တရား႐ုံးက လႊတ္ေပးလိုက္ေပမယ့္ ရဲတပ္ဖြဲ႕က တတိယအႀကိမ္ တရာစြဲဆိုဖုိ႔ ျပင္ဆင္ေနပါတယ္။

အဲဒီလူငယ္ ၈ ဦးကို ျပည္သူပိုင္ပစၥည္း ကာကြယ္မႈဥပေဒပုဒ္မ ၆ (၁)နဲ႔ ပထမအႀကိမ္စြဲဆိုခဲ့ေပမယ့္ ေပၚေပါက္ျခင္း မရွိတာေၾကာင့္ ဥပေဒျပင္ပအဖြဲ႕အစည္းမွာ ပါဝင္မႈ ပုဒ္မ ၁၄၅ နဲ႔ စစ္ေတြၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၈ လစီခ်မွတ္ခဲ့ၿပီး ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ျပစ္ဒဏ္က်ခံရာကေန လြတ္ေျမာက္လာတဲ့ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ရဲတပ္ဖြဲ႕က ထပ္မံဖမ္းဆီးၿပီး ႏုိင္ငံေတာ္အလံ ဥပေဒပုဒ္မ ၁၆ နဲ႔ ေျမာက္ဦးၿမိဳ႕နယ္တရား႐ုံးမွာ စြဲဆိုထားတဲ့အေပၚ ေအာက္တုိဘာလ ၉ ရက္ေန႔က တရားေသ လႊတ္ေပးခဲ့ေပမယ့္ ရဲတပ္ဖြဲ႕က ေနာက္ထပ္ပုဒ္မတစ္ခုနဲ႔ တတိယအႀကိမ္ တရားစြဲဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးထြန္းေအာင္ေက်ာ္ (အထက္တန္းေရွ႕ေန)
ဥပေဒအေထာက္အကူျပဳေကာ္မတီ (ANP)

ရဲတပ္ဖြဲ႔က အဲဒီလူငယ္ ၈ ဦးကို လႊတ္မေပးဘဲ ရဲစခန္းကိုေခၚေဆာင္သြားၿပီးေတာ့ ႏုိင္ငံ့ဝန္ထမ္းမ်ားတာဝန္ထမ္းေဆာင္စဥ္ ဒဏ္ရာအနာတရျဖစ္ေစမႈ ပုဒ္မ ၃၃၂ နဲ႔ဖမ္းဆီးအမႈဖြင့္ၿပီး တစ္ဦးလွ်င္အာမခံေၾကး က်ပ္ ငါးသိန္းစီနဲ႔ ျပန္လည္လႊတ္ေပး ထားတာပါ။

အဲဒီအမႈနဲ႔ပတ္သက္လုိ႔ ထပ္မံၿပီး အႀကိမ္ႀကိမ္တရားစြဲဆိုဖုိ႔ ႀကိဳးစားေနတာဟာ ဥပေဒနဲ႔မညီတဲ့ လုပ္ရပ္ေတြသာ ျဖစ္တယ္လို႔ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

အင္တာဗ်ဴး – ဦးထြန္းေအာင္ေက်ာ္ (အထက္တန္းေရွ႕ေန)
ဥပေဒအေထာက္အကူျပဳေကာ္မတီ (ANP)

လူငယ္ ၈ ဦးရဲ႕ ဒဏ္ရာေတြကို ေဆးဝါးကုသမႈေတြ ဆက္လက္ျပဳလုပ္ေပးဖုိ႔လိုအပ္ေနၿပီး ရဲတပ္ဖြ႔ဲရဲ႕ အႀကိမ္ႀကိမ္ဖမ္းဆီး တရားစြဲဆိုမႈေတြေၾကာင့္ စိတ္ပိုင္းဆိုင္ရထိခိုက္မႈေတြကို ခံစားေနၾကရတယ္လို႔လည္း ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးပစ်ခတ်မှုမှာ ဒဏ်ရာရတဲ့လူငယ် ၈ ဦးကို တတိယအကြိမ် တရားစွဲဖို့ ပြင်ဆင်

မြောက်ဦးပစ်ခတ်မှုမှာ ဒဏ်ရာရတဲ့ လူငယ် ၈ ဦးကို တရားရုံးက နှစ်ကြိမ်လွှတ်ပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့က တတိယအကြိမ် တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြလူထုကို သေနတ်ပစ်ခတ်ဖြိုးခွဲရာမှာ ဒဏ်ရာရရှိခဲ့တဲ့ လူငယ် ၈ ဦးကို တရားရုံးက လွှတ်ပေးလိုက်ပေမယ့် ရဲတပ်ဖွဲ့က တတိယအကြိမ် တရာစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

အဲဒီလူငယ် ၈ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်မှုဥပဒေပုဒ်မ ၆ (၁)နဲ့ ပထမအကြိမ်စွဲဆိုခဲ့ပေမယ့် ပေါ်ပေါက်ခြင်း မရှိတာကြောင့် ဥပဒေပြင်ပအဖွဲ့အစည်းမှာ ပါဝင်မှု ပုဒ်မ ၁၄၅ နဲ့ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၈ လစီချမှတ်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ပြစ်ဒဏ်ကျခံရာကနေ လွတ်မြောက်လာတဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးပြီး နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ နဲ့ မြောက်ဦးမြို့နယ်တရားရုံးမှာ စွဲဆိုထားတဲ့အပေါ် အောက်တိုဘာလ ၉ ရက်နေ့က တရားသေ လွှတ်ပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့က နောက်ထပ်ပုဒ်မတစ်ခုနဲ့ တတိယအကြိမ် တရားစွဲဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးထွန်းအောင်ကျော် (အထက်တန်းရှေ့နေ)
ဥပဒေအထောက်အကူပြုကော်မတီ (ANP)

ရဲတပ်ဖွဲ့က အဲဒီလူငယ် ၈ ဦးကို လွှတ်မပေးဘဲ ရဲစခန်းကိုခေါ်ဆောင်သွားပြီးတော့ နိုင်ငံ့ဝန်ထမ်းများတာဝန်ထမ်းဆောင်စဉ် ဒဏ်ရာအနာတရဖြစ်စေမှု ပုဒ်မ ၃၃၂ နဲ့ဖမ်းဆီးအမှုဖွင့်ပြီး တစ်ဦးလျှင်အာမခံကြေး ကျပ် ငါးသိန်းစီနဲ့ ပြန်လည်လွှတ်ပေး ထားတာပါ။

အဲဒီအမှုနဲ့ပတ်သက်လို့ ထပ်မံပြီး အကြိမ်ကြိမ်တရားစွဲဆိုဖို့ ကြိုးစားနေတာဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

အင်တာဗျူး – ဦးထွန်းအောင်ကျော် (အထက်တန်းရှေ့နေ)
ဥပဒေအထောက်အကူပြုကော်မတီ (ANP)

လူငယ် ၈ ဦးရဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသမှုတွေ ဆက်လက်ပြုလုပ်ပေးဖို့လိုအပ်နေပြီး ရဲတပ်ဖွဲ့ရဲ့ အကြိမ်ကြိမ်ဖမ်းဆီး တရားစွဲဆိုမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရထိခိုက်မှုတွေကို ခံစားနေကြရတယ်လို့လည်း ပြောပါတယ် ခင်ဗျား။

?bph6