ကၽြဲအေကာင္ ၄၀ ေက်ာ္ ေသဆံုးမႈေရာဂါလကၡဏာ သိရွိေစဖုိ႔ ဓာတ္ခြဲစမ္းသပ္မယ္ (႐ုပ္/သံ)

0
109

မင္းျပားၿမိဳ႕နယ္မွာ ကၽြဲအေကာင္ ၄၀ ေက်ာ္ ေသဆံုးမႈနဲ႔ပတ္သက္ၿပီး ေရာဂါလကၡဏာကို သိႏုိင္ဖုိ႔ ေသဆံုးခဲ့တဲ့ ကၽြဲေတြကို ဓာဏ္ခြဲစမ္းသပ္မႈေတြ ျပဳလုပ္ေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ပန္းေျမာင္းႀကီးေခ်ာင္းအတြင္းက အိုးပ်ံေတာင္ေက်းရြာမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လအကုန္ပိုင္းက ကၽြဲေတြအစု လိုက္အၿပံဳလိုက္ ေသဆံုးမႈျဖစ္ပြားခဲ့ပါတယ္။

ေသဆံုးသြားခဲ့တဲ့ ကၽြဲ ၄၆ ေကာင္ဟာ အိုးပ်ံေတာင္ေက်းရြာက ေတာင္သူ ၁၁ ဦးတုိ႔ ပိုင္ဆိုင္တဲ့ ခိုင္းကၽြဲေတြျဖစ္ၿပီး ရခုိင္႐ုိးမေတာထဲမွာ လႊတ္ေက်ာင္းထားခ်ိန္ ႐ုတ္တရက္ ေသဆံုးသြားခဲ့ၾကတာ ျဖစ္ပါတယ္။
အခုလိုမ်ိဳး ကၽြဲတြေတာထဲမွာ အစုလိုက္အၿပံဳလိုက္ ေသဆံုးေနတဲ့အတြက္ ျပည္နယ္ေမြးျမဴေရးနဲ႔ ကုသေရး ဦးစီးဌာနက သြားေရာက္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး ေရာဂါလကၡဏာေတြကို သိရွိႏုိင္ဖုိ႔အတြက္ ေသဆံုးသြားခဲ့တဲ့ ကၽြဲတြရဲ႕အ႐ုိးေတြ၊ အစားအစာေတြနဲ႔ ေရေတြကို ဓာတ္ခြဲစမ္းသပ္မႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒါက္တာသန္းႏုိင္ (ျပည္နယ္ဦးစီးမွဴး)
ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ရခုိင္ျပည္နယ္

ရခိုင္ျပည္နယ္အတြင္း မိုးတြင္းရာသီမွာ ကၽြဲႏြားတိရစၦာန္ေတြဟာ အေအးမိေရာဂါ၊ ခြာနာလွ်ာနာေရာဂါ၊ လည္ေခ်ာင္း ကြဲေရာဂါ စတဲ့ေရာဂါေတြသာျဖစ္ပြားေလ့ရွိၿပီး အခုလိုမ်ိဳးေသဆံုးတာေတြ အရင္ကမရွိခဲ့ေၾကာင္း ေဒါက္တာသန္းႏုိင္က ေျပာပါတယ္။
အခုလို ကၽြဲေတြ ႐ုတ္တရက္ေသဆံုးရတာဟာ ေတာင္သူေတြအေနန႔ဲ က်န္းမာေရး အသိနည္းပါးတဲ့အတြက္ ကာကြယ္ေဆးေတြကို ထိုးႏွံျခင္းမရွိတာေတြ၊ လႊတ္ေက်ာင္းစနစ္ကိုက်င့္သံုးတဲ့အတြက္ ဇီဝလံုၿခံဳမႈအားနည္း တာေတြေၾကာင့္ ျဖစ္တယ္လို႔ ေမြးျမဴေရးနဲ႔ကုသေရးဦးစီးဌာနကေျပာပါတယ္။

အင္တာဗ်ဴး – ေဒါက္တာသန္းႏုိင္(ျပည္နယ္ဦးစီးမွဴး)
ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ရခုိင္ျပည္နယ္

ဒါ့အျပင္ အဲဒီကၽြဲေတြက်က္စားတဲ့ေဒသက ယူလာခဲ့တဲ့ ေရနဲ႔အစားအစာေတြ အရိုးေတြကိုေတာ့ အင္းစိန္ေရာဂါရွာေဖြေရး ဓါတ္ခြဲခန္းကို ပို႔ေဆာင္ထားတာျဖစ္ၿပီး ဓါတ္ခြဲစမ္းသပ္ခ်က္အေျဖရရွိမွ ဘယ္လိုေရာဂါနဲ ႔ေသဆံုးတယ္ဆိုတာကို သိရွိႏုိင္မွာ ျဖစ္ပါတယ္လို႔ ေဒါက္တာသန္းႏုိင္က ေျပာပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျွဲအကောင် ၄၀ ကျော် သေဆုံးမှု ရောဂါလက္ခဏာ သိရှိစေဖို့ ဓာတ်ခွဲစမ်းသပ်မယ်

မင်းပြားမြို့နယ်မှာ ကျွဲအကောင် ၄၀ ကျော် သေဆုံးမှုနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာကို သိနိုင်ဖို့ သေဆုံးခဲ့တဲ့ ကျွဲတွေကို ဓာဏ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းမှာရှိတဲ့ ပန်းမြောင်းကြီးချောင်းအတွင်းက အိုးပျံတောင်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လအကုန်ပိုင်းက ကျွဲတွေအစု လိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားခဲ့တဲ့ ကျွဲ ၄၆ ကောင်ဟာ အိုးပျံတောင်ကျေးရွာက တောင်သူ ၁၁ ဦးတို့ ပိုင်ဆိုင်တဲ့ ခိုင်းကျွဲတွေဖြစ်ပြီး ရခိုင်ရိုးမတောထဲမှာ လွှတ်ကျောင်းထားချိန် ရုတ်တရက် သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ကျွဲတွတောထဲမှာ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့အတွက် ပြည်နယ်မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက သွားရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ရောဂါလက္ခဏာတွေကို သိရှိနိုင်ဖို့အတွက် သေဆုံးသွားခဲ့တဲ့ ကျွဲတွရဲ့အရိုးတွေ၊ အစားအစာတွေနဲ့ ရေတွေကို ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အင်တာဗျူး – ဒေါက်တာသန်းနိုင် (ပြည်နယ်ဦးစီးမှူး)
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အတွင်း မိုးတွင်းရာသီမှာ ကျွဲနွားတိရစ္ဆာန်တွေဟာ အအေးမိရောဂါ၊ ခွာနာလျှာနာရောဂါ၊ လည်ချောင်း ကွဲရောဂါ စတဲ့ရောဂါတွေသာဖြစ်ပွားလေ့ရှိပြီး အခုလိုမျိုးသေဆုံးတာတွေ အရင်ကမရှိခဲ့ကြောင်း ဒေါက်တာသန်းနိုင်က ပြောပါတယ်။
အခုလို ကျွဲတွေ ရုတ်တရက်သေဆုံးရတာဟာ တောင်သူတွေအနေနဲ့ ကျန်းမာရေး အသိနည်းပါးတဲ့အတွက် ကာကွယ်ဆေးတွေကို ထိုးနှံခြင်းမရှိတာတွေ၊ လွှတ်ကျောင်းစနစ်ကိုကျင့်သုံးတဲ့အတွက် ဇီဝလုံခြုံမှုအားနည်း တာတွေကြောင့် ဖြစ်တယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကပြောပါတယ်။

အင်တာဗျူး – ဒေါက်တာသန်းနိုင်(ပြည်နယ်ဦးစီးမှူး)
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်

ဒါ့အပြင် အဲဒီကျွဲတွေကျက်စားတဲ့ဒေသက ယူလာခဲ့တဲ့ ရေနဲ့အစားအစာတွေ အရိုးတွေကိုတော့ အင်းစိန်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းကို ပို့ဆောင်ထားတာဖြစ်ပြီး ဓါတ်ခွဲစမ်းသပ်ချက်အဖြေရရှိမှ ဘယ်လိုရောဂါနဲ ့သေဆုံးတယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်လို့ ဒေါက်တာသန်းနိုင်ကပြောပါတယ်ခင်ဗျာ။

?bph6