ေရခ်ိဳခ႐ုကေန ကူးစက္တဲ့ သန္ေကာင္ေရာဂါျဖစ္ပြားသူ ေလးရာေက်ာ္အထိ ရွိလာ (႐ုပ္/သံ)

0
313

ေရခ်ိဳခ႐ုက ကူးစက္တဲ့ သန္ေကာင္းေရာဂါျဖစ္ပြားသူ ၄၂၈ ဦးအထိ ရွိလာေနတယ္လို႔ ရခိုင္ျပည္နယ္ က်န္းမာေရးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္မွာ ေရခ်ိဳခရုကေနတစ္ဆင့္ လူေတြကို ကူးစက္မႈျဖစ္ပြားေနတဲ့ သန္ေကာင္ေရာဂါဟာ အခုႏွစ္အတြင္း ျဖစ္ပြားသူဦးေရမ်ားျပားလာေနတာပါ။

အဲဒီေရာဂါျဖစ္ပြားမႈကို ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကေန စတင္ေတြ႔ရွိခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာလကေန ၂၀၁၈ ဇန္နဝါရီလအတြင္း ေရာဂါကူးစက္ခံရသူ ၅၉ ဦးရွိခဲ့ရာကေန အခုႏွစ္ ၾသဂုတ္လမွာေတာ့ ျဖစ္ပြားသူေပါင္း ၄၂၈ ဦးအထိ ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔ က်န္းမာေရဦးစီးဌာနမွဴးက ေျပာပါတယ္။

အင္တာဗ်ဴး – ေဒါက္တာၾကည္လြင္ (က်န္းမာေရးဦးစီးဌာနမွဴး-ရခိုင္ျပည္နယ္)

အခုလို သန္ေကာင္ေရာဂါ ကူးစက္မႈျမင့္မားလာေနတဲ့အတြက္ အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာကေန ကမၻာ့က်န္းမာေရးအဖြဲ႔ WHO နဲ႔ တရုတ္ႏုိင္ငံက ကၽြမ္းက်င္ပညာရွင္ေတြ ရခုိင္ျပည္နယ္ကို ေရာက္ရွိလာခဲ့ၿပီး ကူးစက္ခံရမႈမ်ားျပားေနတဲ့ စစ္ေတြနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြကို ၾသဂုတ္လအကုန္ပိုင္းက သြားေရာက္ေလ့လာမႈေတြ ျပဳလုပ္ခဲ့ၾကတာပါ။

ရခိုင္ျပည္နယ္ဟာ ေရခ်ိဳေပါမ်ားၿပီး ခရုမ်ိဳးစိပ္ေတြမ်ားျပားတာေၾကာင့္ ဘယ္လိုခရုကေန ကူးစက္မႈျဖစ္ပြားတယ္ဆိုတာ ကို သိရွိႏုိင္ဖုိ႔အတြက္ WHO သုေတသနျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒါက္တာၾကည္လြင္ (က်န္းမာေရးဦးစီးဌာနမွဴး-ရခိုင္ျပည္နယ္)

ျမန္မာႏုိင္ငံအျပင္ ကမၻာေပၚမွာ အခုုလုိမ်ိဳးေရခ်ိဳခရုကေန သန္ေကာင္ေရာဂါ ကူးစက္မႈျဖစ္ပြားေနတဲ့ ႏုိင္ငံေပါင္း ၇၈ ႏုိင္ငံရွိေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ကထုတ္ျပန္တဲ့စာရင္းေတြမွာ ေဖာ္ျပထားပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေချိုခရုက ကူးစက်တဲ့ သန်ကောင်းရောဂါဖြစ်ပွားသူ ၄၂၈ ဦးအထိ ရှိလာနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရေချိုခရုကနေတစ်ဆင့် လူတွေကို ကူးစက်မှုဖြစ်ပွားနေတဲ့ သန်ကောင်ရောဂါဟာ အခုနှစ်အတွင်း ဖြစ်ပွားသူဦးရေများပြားလာနေတာပါ။

အဲဒီရောဂါဖြစ်ပွားမှုကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၈ ဇန်နဝါရီလအတွင်း ရောဂါကူးစက်ခံရသူ ၅၉ ဦးရှိခဲ့ရာကနေ အခုနှစ် သြဂုတ်လမှာတော့ ဖြစ်ပွားသူပေါင်း ၄၂၈ ဦးအထိ မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ကျန်းမာရေဦးစီးဌာနမှူးက ပြောပါတယ်။

အင်တာဗျူး – ဒေါက်တာကြည်လွင် (ကျန်းမာရေးဦးစီးဌာနမှူး-ရခိုင်ပြည်နယ်)

အခုလို သန်ကောင်ရောဂါ ကူးစက်မှုမြင့်မားလာနေတဲ့အတွက် အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာကနေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပြီး ကူးစက်ခံရမှုများပြားနေတဲ့ စစ်တွေနဲ့ မြောက်ဦးမြို့နယ်တွေကို သြဂုတ်လအကုန်ပိုင်းက သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်ဟာ ရေချိုပေါများပြီး ခရုမျိုးစိပ်တွေများပြားတာကြောင့် ဘယ်လိုခရုကနေ ကူးစက်မှုဖြစ်ပွားတယ်ဆိုတာ ကို သိရှိနိုင်ဖို့အတွက် WHO သုတေသနပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အင်တာဗျူး – ဒေါက်တာကြည်လွင် (ကျန်းမာရေးဦးစီးဌာနမှူး-ရခိုင်ပြည်နယ်)

မြန်မာနိုင်ငံအပြင် ကမ္ဘာပေါ်မှာ အခုလိုမျိုးရေချိုခရုကနေ သန်ကောင်ရောဂါ ကူးစက်မှုဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၇၈ နိုင်ငံရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ် ခင်ဗျား။

?bph6