ကျောင်းသားလူငယ်တွေ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ဆိုင်ကယ်စီး ဦးထုပ် ဝေငှ (ရုပ်/သံ)
0
180
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မန္တလေးမြို့က အခြေခံပညာကျောင်းတွေမှာ ကျောင်းသားလူငယ်တွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ဆိုင်ကယ်စီးဦးထုပ်တွေ ဝေငှပေးခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပြီး သတင်းထောက် မြတ်မင်းသူက တင်ဆက်ထားပါတယ်။
အခြေခံပညာကျောင်းက ကျောင်းသူ၊ကျောင်းသား လူငယ်တွေကို EMEOS ကုမ္ပဏီက ဆိုင်ကယ်စီး ဦးထုပ်ဝေငှာခဲ့တာဖြစ်ပြီး အခုလို လှူဒါန်းရတာဟာ ကျောင်းသားလူငယ်တွေ ယာဉ်မတော်တဆ မှုဖြစ်ပွားတဲ့အခါမှာ အသက်အန္တရာယ် ကင်းရှင်းစေဖို့ ဖြစ်တယ်လို့ အဲ့ဒီကုမ္ပဏီက ဒါရိုက်တာ ဦးလှဘုန်းကျော်က ပြောပါတယ်။
အင်တာဗျူး ဦးလှဘုန်းကျော် (ဒါရိုက်တာ)
rainbow bridge distribution Co.Ltd
အခုနှစ်အတွက် မန္တလေးမြို့အတွင်းက အခြေခံပညာကျောင်း ရှစ်ကျောင်းက ကျောင်းသူ၊ကျောင်းသား သုံးထောင်ကျော်ကို ဆိုင်ကယ်စီး ဦးထုတ်တွေ လှူဒါန်းခဲ့ပြီး မော်တော်ဆိုင်ကယ်ရပ်နားရာ နေရာ တွေကို EMEOS ကုမ္ပဏီက ဖော်ဆောင်ပေးခဲ့ပါတယ်။
အင်တာဗျူး ဦးလှဘုန်းကျော် (ဒါရိုက်တာ)
rainbow bridge distribution Co.Ltd
မော်တော်ဆိုင်ကယ် တရားဝင် စီးနှင်းခွင့်ပြုထားတဲ့ မန္တလေးမြို့မှာ နေ့စဉ်နဲ့အမျှ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားနေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေအနေနဲ့ ယာဉ်အန္တရာယ်အသိပညာပေးတာတွေ၊ ဆိုင်ကယ်စီး ဦးထုတ်တွေ ဆောင်းကြဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်ခင်ဗျား။