မြိတ်ကမ်းနားလမ်း တလျှောက် စုပေါင်း အမှိုက်ကောက် (ရုပ်/သံ)

0
160



မြိတ်တက္ကသိုလ်


မြိတ်တက္ကသိုလ်


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်မြို့မှာ “မြိတ်ပတ်ဝန်းကျင် သန့်ရှင်းဖို့ ဝိုင်းဝန်း ပါဝင်ကြပါစို့ “ ဆိုတဲ့ ခေါင်းစဉ်နဲ့ လူငယ်ပရဟိတ အဖွဲ့တွေ စုပေါင်း အမှိုက်ကောက်မှု ပြုလုပ်ခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက် ကတင်ဆက်ပေးထားပါတယ်။

မြိတ်မြို့မှာ သြဂုတ်လ ၁၁ ရက်နေ့က အမှိုက်ကောက်ပွဲကို TRASH HERO MYANMAR ကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး မြိတ်စည်ပင် သာယာရေးအဖွဲ့က သန့်ရှင်းရေး ဝန်ထမ်းတွေ မြိတ်တက္ကသိုလ်က ကျောင်းသား/ ကျောင်းသူတွေ ၊ မြိတ်ဒေသခံ ဧည့်လမ်းညွန်များ အသင်းနဲ့ ပရဟိတအဖွဲ့စည်းတွေက မြိတ်ကမ်းနားလမ်း တစ်လျှောက်တမှာ အမှိုက် ကောက်ခဲ့ကြတာ ဖြစ်ပါတယ် ။

အင်တာဗျူး မမျိုးမျိုးအိ (အင်္ဂလိပ်မေဂျာ)
မြိတ်တက္ကသိုလ်

TRASH HERO MYANMAR အဖွဲ့ဟာ မြိတ်မြို့ အပါဝင် မြို့ကြီး ၁၀ မြို့မှာ အမှိုက်ကောက် လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပြီး မြို့ကြီးတွေမှာ ဦးစားပေးအစီအစဉ်အနေနဲ့ ပရဟိတအဖွဲ့စည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

အင်တာဗျူး မမျိုးမျိုးအိ (အင်္ဂလိပ်မေဂျာ)
မြိတ်တက္ကသိုလ်

မြိတ်မြို့ သန့်ရှင်းသာယာရေးအတွက် ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အမှိုက်ပုံးတွေ ချထားပေးဖို့ လိုနေသေးပြီး ပြည်သူတွေ အနေနဲ့ကလည်း စည်းကမ်းရှိကြဖို့ကို အမှုက်ကောက်ရာမှာ ပါဝင်တဲ့ လူငယ်တွေက မှတ်ချက်ပြူ ပြောကြားခဲ့ကြပါတယ် ။

?bph6