လူငယ်မှုဝါဒ ဌာနဆိုင်ရာတွေ မပူးပေါင်းလို့ ကြန့်ကြာနေ (ရုပ်/သံ)

0
184








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မှုဝါဒ ဌာနဆိုင်ရာတွေမပူးပေါင်းလို့ ကြန့်ကြာနေ

လူငယ်ရေးရာမူဝါဒကို လူငယ်တွေသိရှိမှုအားနည်းနေသလို ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် မူဝါဒရေးရာ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

လူငယ်တွေဟာ လူငယ်ရေးရာမူဝါဒရေးဆွဲရတဲ့ ရည်ရွယ်ချက်တွေအပါအဝင် လူငယ်ကဏ္ဍရဲ့ အရေးပါမှုတွေကို သိရှိမှုအားနည်းနေတာပါ။ ဒါ့အပြင် ပူးပေါင်းလုပ်ဆောင်ရတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း မူဝါဒရေးရာနဲ့ပက်သက်ပြီး ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုအားနည်းတာတွေ တွေ့ရတယ်လို့ ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီဝင် ပြည်ထောင်စုအဆင့် လူငယ်ကိုယ်စားလှယ် ကိုမျိုးမင်းပိုင်က ပြောပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က ပုသိမ်မြို့ မြကျွန်းသာအိမ်ရာမှာရှိတဲ့ ဧရာဝတီလူငယ်ကွန်ရက်အဖွဲ့ ရုံးခန်းမှာ လူငယ်ရေးရာမူဝါဒနဲ့ပက်သက်ပြီး လူငယ်တွေသိရှိရမယ့် အချက်တွေအပြင် လူငယ်တွေအနေနဲ့ အနာဂတ်ရှေ့ဆက်လုပ်ဆောင်သွားရမယ့်အပိုင်းတွေကို ရှင်းလင်းခဲ့တာပါ။

အင်တာဗျူး ကိုမျိုးမင်းပိုင် ( ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်)
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်

ခုလို လူငယ်ရေးရာမူဝါဒအပေါ် လူငယ်တွေသိရှိမှုအားနည်းနေတဲ့အပေါ် ပြည်ထောင်စုအဆင့်ကို တင်ပြထားပြီး လူငယ်တွေကြားထဲ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လူငယ်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အင်တာဗျူး ကိုမျိုးသူရကိုကို (အတွင်းရေးမှူး)
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ

လက်ရှိမှာတော့ လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်ပြဌာန်းခဲ့ပေမယ့် ၆ လ အတွင်း မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ဖို့ ပြဌာန်းထားတာဖြစ်ပေမယ့် ဘက်ဂျက်လိုအပ်ချက်အရ ကြန့်ကြာမှုတွေ ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်ရေးရာမူဝါဒကို လူငယ်တွေသိရှိမှုအားနည်းနေသလို ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် မူဝါဒရေးရာ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

လူငယ်တွေဟာ လူငယ်ရေးရာမူဝါဒရေးဆွဲရတဲ့ ရည်ရွယ်ချက်တွေအပါအဝင် လူငယ်ကဏ္ဍရဲ့ အရေးပါမှုတွေကို သိရှိမှုအားနည်းနေတာပါ။ ဒါ့အပြင် ပူးပေါင်းလုပ်ဆောင်ရတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း မူဝါဒရေးရာနဲ့ပက်သက်ပြီး ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုအားနည်းတာတွေ တွေ့ရတယ်လို့ ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီဝင် ပြည်ထောင်စုအဆင့် လူငယ်ကိုယ်စားလှယ် ကိုမျိုးမင်းပိုင်က ပြောပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က ပုသိမ်မြို့ မြကျွန်းသာအိမ်ရာမှာရှိတဲ့ ဧရာဝတီလူငယ်ကွန်ရက်အဖွဲ့ ရုံးခန်းမှာ လူငယ်ရေးရာမူဝါဒနဲ့ပက်သက်ပြီး လူငယ်တွေသိရှိရမယ့် အချက်တွေအပြင် လူငယ်တွေအနေနဲ့ အနာဂတ်ရှေ့ဆက်လုပ်ဆောင်သွားရမယ့်အပိုင်းတွေကို ရှင်းလင်းခဲ့တာပါ။

အင်တာဗျူး ကိုမျိုးမင်းပိုင် ( ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်)
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်

ခုလို လူငယ်ရေးရာမူဝါဒအပေါ် လူငယ်တွေသိရှိမှုအားနည်းနေတဲ့အပေါ် ပြည်ထောင်စုအဆင့်ကို တင်ပြထားပြီး လူငယ်တွေကြားထဲ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လူငယ်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အင်တာဗျူး ကိုမျိုးသူရကိုကို (အတွင်းရေးမှူး)
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ

လက်ရှိမှာတော့ လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်ပြဌာန်းခဲ့ပေမယ့် ၆ လ အတွင်း မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ဖို့ ပြဌာန်းထားတာဖြစ်ပေမယ့် ဘက်ဂျက်လိုအပ်ချက်အရ ကြန့်ကြာမှုတွေ ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>









?bph6