စစ္ေတြၿမိဳ႕မွာ  မူးယစ္ေဆး၀ါး သိန္း ၆၀၀ ေက်ာ္ဖိုးနဲ႔ သံုးစြဲေရာင္းခ်သူ ၈ ေယာက္ကို ဖမ္းဆီးရမိ

0
171

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ မူးယစ္ေဆးဝါးသံုးစြဲသူႏွင့္ ေရာင္းခ်ေနသူ ၈ ဦးတုိ႔ကို ၾသဂုတ္လ ၄ ရက္ေန႔နဲ႔ ၇ ရက္ေန႔မွာ စိတ္ၾကြရူးသြပ္ေဆးျပားေပါင္း ၂၀၀၀၀ ေက်ာ္နဲ႔ အတူဖမ္းဆီးရမိခဲ့ပါတယ္။

စစ္ေတြၿမိဳ႕မွာ ပိြိဳင့္ကမ္းေျခအပမ္းေျဖစန္းဝန္းက်င္မွာ မူးယစ္ေဆးသံုးစြဲေရာင္းခ်သူေတြ မ်ားျပားလာေနတယ္လို႔ ရခုိ္င္ျပည္နယ္ရဲတပ္ဖြဲ႔က သတင္းရရွိတဲ့အတြက္ ေစာင့္ၾကည့္ေနခဲ့ရာ ၾသဂုတ္လ ၄ ရက္ေန႔မွာ ျပည္ေတာ္သာရပ္ကြက္ ႀတိဂံလမ္းဆံုအနီးမွာ လင္းေခ်နဲ႔ ဝင္းေမာင္သန္း တို႔နွစ္ေယာက္ကို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဖမ္းမိသူေတြဆီကေန  ရဲတပ္ဖြဲ႔က ဆက္လက္စံုစမ္းမႈေတြျပဳလုပ္ခဲ့ရာ ၾသဂုတ္လ ၇ ရက္ေန႔မွာ ပိြဳင့္အပမ္းေျခစန္းကို စိတ္ၾကြရူးသြပ္ေဆးျပား လာေရာက္ေရာင္းခ်သူ ေက်ာ္သူရဦး (ခ) သူရေခ်ကို ေဆးျပား ၂၁၄ ႏွင့္အတူထပ္မံ ဖမ္းဆီးႏုိင္ခဲ့ျပီး  ကြင္းဆက္တစ္ရားခံ ေျခာက္ဦးကိုလည္း ထပ္မံဖမ္းဆီးႏုိင္ခဲ့ပါတယ္ ။

ကြင္းဆက္တရားခံေတြကေတာ့ စစ္ေတြၿမိဳ႕ရြာႀကီးေတာင္ရပ္ကြက္၊ မဏိရတနာဘုန္္းေတာ္ႀကီးေက်ာင္းမွာ သီတင္းသံုးေနတဲ့ ဦးဥတမသီရိ (ခ)ခင္ေအးေမာင္ဆီက  ေဆးျပား ၁၀၁၀၀ ျပား၊ မင္းဂံရပ္ကြက္ မင္းေစာမြန္လမ္းေန စိုးစိုးေအးထံက ေဆးျပား ၁၈၃၄ ျပား၊ ေက်ာ္မင္းထြန္းထံက ေဆးျပား ၁၇ ျပား၊ လမ္းမေတာ္ေျမာက္ရပ္ကြက္၊ ေရႊျပားကမ္းနားလမ္းေန ခိုင္မင္းထံမွ ေဆးျပား ၈၀၃၅ ျပားဖမ္းမိခဲ႔ျပီး ခို္င္မင္းနဲ႔ ဆက္စပ္သူ ေအာင္စံျမကိုပါ ဖမ္းဆီးႏုိင္္ခဲ့ပါတယ္။

 

ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးသံုးစြဲေရာင္းခ်သူ ၈ ဦးတုိ႔ထံမွ ေဆးျပားစုစုေပါင္း ၂၀၂၀၂ ျပားဖမ္းမိခဲ႔ျပီး  ကာလတန္ဖုိးအေနနဲ႔ သိန္း ၆၀၀ေက်ာ္တန္ေၾကးရွိတယ္လို႕ ရဲတပ္ဖြဲ႕ကေျပာပါတယ္ ။

 

ဖမ္းဆီးရမိထားတဲ့ မူးယစ္ေဆးသံုးစြဲေရာင္းခ်သူေတြကိုေတာ႔ မယ (ပ)၃၄/၂၀၁၈ မူးယစ္ေဆးႏွင့္စိတ္ကိုေျပာင္းလဲေစသာပုဒ္မ ၁၆ (ဂ)/၂၁နဲ႔  စစ္ေတြၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့မှာ မူးယစ်ဆေးဝါး သိန်း ၆၀ဝ ကျော်ဖိုးနဲ့ သုံးစွဲရောင်းချသူ ၈ ယောက်ကို ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းချနေသူ ၈ ဦးတို့ကို သြဂုတ်လ ၄ ရက်နေ့နဲ့ ၇ ရက်နေ့မှာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၀ဝ၀ဝ ကျော်နဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။

စစ်တွေမြို့မှာ ပွိိုင့်ကမ်းခြေအပမ်းဖြေစန်းဝန်းကျင်မှာ မူးယစ်ဆေးသုံးစွဲရောင်းချသူတွေ များပြားလာနေတယ်လို့ ရခိ်ုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းရရှိတဲ့အတွက် စောင့်ကြည့်နေခဲ့ရာ သြဂုတ်လ ၄ ရက်နေ့မှာ ပြည်တော်သာရပ်ကွက် တြိဂံလမ်းဆုံအနီးမှာ လင်းချေနဲ့ ဝင်းမောင်သန်း တို့နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းမိသူတွေဆီကနေ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းမှုတွေပြုလုပ်ခဲ့ရာ သြဂုတ်လ ၇ ရက်နေ့မှာ ပွိုင့်အပမ်းခြေစန်းကို စိတ်ကြွရူးသွပ်ဆေးပြား လာရောက်ရောင်းချသူ ကျော်သူရဦး (ခ) သူရချေကို ဆေးပြား ၂၁၄ နှင့်အတူထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး ကွင်းဆက်တစ်ရားခံ ခြောက်ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ် ။

ကွင်းဆက်တရားခံတွေကတော့ စစ်တွေမြို့ရွာကြီးတောင်ရပ်ကွက်၊ မဏိရတနာဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဥတမသီရိ (ခ)ခင်အေးမောင်ဆီက ဆေးပြား ၁၀၁၀ဝ ပြား၊ မင်းဂံရပ်ကွက် မင်းစောမွန်လမ်းနေ စိုးစိုးအေးထံက ဆေးပြား ၁၈၃၄ ပြား၊ ကျော်မင်းထွန်းထံက ဆေးပြား ၁၇ ပြား၊ လမ်းမတော်မြောက်ရပ်ကွက်၊ ရွှေပြားကမ်းနားလမ်းနေ ခိုင်မင်းထံမှ ဆေးပြား ၈၀၃၅ ပြားဖမ်းမိခဲ့ပြီး ခိ်ုင်မင်းနဲ့ ဆက်စပ်သူ အောင်စံမြကိုပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးသုံးစွဲရောင်းချသူ ၈ ဦးတို့ထံမှ ဆေးပြားစုစုပေါင်း ၂၀၂၀၂ ပြားဖမ်းမိခဲ့ပြီး ကာလတန်ဖိုးအနေနဲ့ သိန်း ၆၀ဝကျော်တန်ကြေးရှိတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ် ။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးသုံးစွဲရောင်းချသူတွေကိုတော့ မယ (ပ)၃၄/၂၀၁၈ မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေသာပုဒ်မ ၁၆ (ဂ)/၂၁နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ် ။

?bph6