လယ္ေျမဧက ၅၀၀၀၀ ေက်ာ္ ေရႀကီးနစ္ျမဳပ္မႈ မၾကံဳဖို႔ေဆာင္ရြက္ (႐ုပ္/သံ)

0
340

ပန္းတေနာ္ျမိဳ႕နယ္အတြင္းက မင္းတစုဆည္ေျမာင္းတူးေဖာ္မႈနဲ႕ ပ်ဥ္းမေထာေရထိန္းတံခါးေၾကာင့္ ျမိဳ႕နယ္ ၄ ၿမိဳ႕နယ္က လယ္ေျမဧက ၅၀၀၀၀ ေက်ာ္ ေရႀကီးနစ္ျမဳပ္မႈဒဏ္ကေန ကင္းေဝးမယ္လို႔ ေဒသခံေတြက ယံုၾကည္ေနၾကပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ျမိဳ႕နယ္ေတြျဖစ္တဲ႔ ပန္းတေနာ္၊ ဓႏုျဖဴ၊ ဇလြန္နဲ႔ က်ံုေပ်ာ္ စတဲ႔ျမိဳ႕ေတြဟာ ႏွစ္စဥ္ေရႀကီးနစ္ျမဳပ္မႈဒဏ္ ခံေနၾကရတာပါ။

ဆည္ေျမာင္းနဲ႔ေရအသံုးခ်ေရးဦးစီးဌာနရဲ႕ အသံုးစားရိတ္ေလ်ွာ့ခ်ရံပံုေငြ က်ပ္သိန္း ၁၅၀၀ေက်ာ္နဲ႕ တိမ္ေကာေနတဲ႕ပ်ဥ္းမေထာ၊မင္းတစုတူးေျမာင္းကို ျပန္လာ္တူးေဖာ္လိုက္တာေၾကာင့္ ျမိဳ႕နယ္၄ ျမိဳ႕နယ္က လယ္ေျမဧက ၅၀၀၀၀ ေက်ာ္ ေရႀကီးနစ္ျမဳပ္မႈဒဏ္ ေလ်ာ့က်သြားနိင္တယ္လို႔ ဆည္ေျမာင္းဦးစီးဌာန တာဝန္ရွိသူကေျပာပါတယ္။

Soundbite – ဦးတိတ္ေအး (လက္ေထာက္ညႊန္ၾကားေရးမွဴး)ဆည္ေျမာင္းနဲ႕ေရအသံုးခ်ေရးဦးစီးဌာန၊ မအူပင္ခရိုင္

အရင္က အခုလို ဝါဆို၊ ဝါေခါင္ဆိုရင္ လယ္ေတြ ေရနစ္ျမဳပ္မႈဒဏ္ခံစားခဲ႔ရၿပီး ေရတံခါးနဲ႔ တူးေျမာင္းေတြ တူးေဖာ္ခဲ့တာေၾကာင့္ ေလ်ာ့က်သြားတယ္လို႔ ဇလြန္ျမိဳ႕နယ္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတစ္ဦးက ေျပာပါတယ္။

Soundbite – ေဒၚသန္းသန္းေအး (ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး) ျပင္ရြာ၊ ဇလြန္ျမိဳ႕နယ္
ဒါ့အျပင္ အခုလို ေရထိန္းတံခါးနဲ႔ တူးေျမာင္းျပန္လည္တူးေဖာ္ေပးခဲ႔တာေၾကာင့္ ေက်းရြာေပါင္း ၁၀၀ ေက်ာ္ရဲ႕ လူဦးေရတစ္သိန္းေက်ာ္ရဲ႕ ဘဝရပ္တည္မႈအခက္အခဲေတြ ကူညီေျဖရွင္းရာေရာက္တယ္လို႔ လယ္သမားဘဝဖြံ႔ျဖိဳးေရးအသင္းဥကၠ႒က ေျပာပါတယ္။

Soundbite – ဦးသိန္းေအာင္ (ဥကၠ႒) လယ္သမားဘဝဖြံ႔ျဖိဳးတိုးတက္ေရးအသင္း

ပ်ဥ္းမေထာေရထိန္းတံခါးနဲ႕ပ်ဥ္းမေထာ၊မင္းတစုတူးေျမာင္းစီမံကိန္းကို ျပည္ေထာင္စု ဆည္ေျမာင္းနဲ႔ ေရအသံုးခ်ေရးဦးစီးဌာန အသံုးစားရိတ္ေလ်ွာ့ခ်ေရးရံပံုေငြက်ပ္ သိန္း၁၅၀၀ေက်ာ္ က်ခံသံုးစြဲၿပီး ၂၀၁၈ခုႏွစ္ ေမလက စတင္ အေကာင္အထည္ေဖာ္လုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပန်းတနော်မြို့နယ်အတွင်းက မင်းတစုဆည်မြောင်းတူးဖော်မှုနဲ့ ပျဉ်းမထောရေထိန်းတံခါးကြောင့် မြို့နယ် ၄ မြို့နယ်က လယ်မြေဧက ၅၀ဝ၀ဝ ကျော် ရေကြီးနစ်မြုပ်မှုဒဏ်ကနေ ကင်းဝေးမယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေဖြစ်တဲ့ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်နဲ့ ကျုံပျော် စတဲ့မြို့တွေဟာ နှစ်စဉ်ရေကြီးနစ်မြုပ်မှုဒဏ် ခံနေကြရတာပါ။

ဆည်မြောင်းနဲ့ရေအသုံးချရေးဦးစီးဌာနရဲ့ အသုံးစားရိတ်လျှော့ချရံပုံငွေ ကျပ်သိန်း ၁၅၀ဝကျော်နဲ့ တိမ်ကောနေတဲ့ပျဉ်းမထော၊မင်းတစုတူးမြောင်းကို ပြန်လာ်တူးဖော်လိုက်တာကြောင့် မြို့နယ်၄ မြို့နယ်က လယ်မြေဧက ၅၀ဝ၀ဝ ကျော် ရေကြီးနစ်မြုပ်မှုဒဏ် လျော့ကျသွားနိင်တယ်လို့ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။

Soundbite – ဦးတိတ်အေး (လက်ထောက်ညွှန်ကြားရေးမှူး)ဆည်မြောင်းနဲ့ရေအသုံးချရေးဦးစီးဌာန၊ မအူပင်ခရိုင်

အရင်က အခုလို ဝါဆို၊ ဝါခေါင်ဆိုရင် လယ်တွေ ရေနစ်မြုပ်မှုဒဏ်ခံစားခဲ့ရပြီး ရေတံခါးနဲ့ တူးမြောင်းတွေ တူးဖော်ခဲ့တာကြောင့် လျော့ကျသွားတယ်လို့ ဇလွန်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

Soundbite – ဒေါ်သန်းသန်းအေး (ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး) ပြင်ရွာ၊ ဇလွန်မြို့နယ်
ဒါ့အပြင် အခုလို ရေထိန်းတံခါးနဲ့ တူးမြောင်းပြန်လည်တူးဖော်ပေးခဲ့တာကြောင့် ကျေးရွာပေါင်း ၁၀ဝ ကျော်ရဲ့ လူဦးရေတစ်သိန်းကျော်ရဲ့ ဘဝရပ်တည်မှုအခက်အခဲတွေ ကူညီဖြေရှင်းရာရောက်တယ်လို့ လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

Soundbite – ဦးသိန်းအောင် (ဥက္ကဋ္ဌ) လယ်သမားဘဝဖွံ့ဖြိုးတိုးတက်ရေးအသင်း

ပျဉ်းမထောရေထိန်းတံခါးနဲ့ပျဉ်းမထော၊မင်းတစုတူးမြောင်းစီမံကိန်းကို ပြည်ထောင်စု ဆည်မြောင်းနဲ့ ရေအသုံးချရေးဦးစီးဌာန အသုံးစားရိတ်လျှော့ချရေးရံပုံငွေကျပ် သိန်း၁၅၀ဝကျော် ကျခံသုံးစွဲပြီး ၂၀၁၈ခုနှစ် မေလက စတင် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

?bph6