မံုရြာ လယ္တီအင္း ညစ္ညမ္းမႈျဖစ္ (႐ုပ္/သံ)

0
250

မံုရြာျမိဳ႕ လယ္တီရပ္ကြက္က လယ္တီဆရာေတာ္ဘုရားၾကီး တူးေဖာ္တည္ေဆာက္ခဲ့တဲ႔ သမိုင္း၀င္ တပဲသာ ေရတြင္း ပ်က္စီးမယ္႔အေရး ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္ ။ ဒီသတင္းကို MCN မံုရြာ သတင္းေထာက္ တင္မာေဆြက ေပးပို႔ထားျပီး ေမာင္ထက္. ကတင္ဆက္ေပးထားပါတယ္ ။

စစ္ကိုင္းတိုင္းေဒသၾကီး ၊ မံုရြာခရိုင္၊ မံုရြာျမိဳ႕ရွိ လယ္တီရပ္ကြက္ အတြင္းက သမိုင္း၀င္ တပဲသာေရတြင္းကို လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း (၁၀၀)နီးပါးက သံဃာေတာ္ေတြ ေသာက္ သံုးရန္နိဳင္ဖို႔အတြက္ လယ္တီဆရာေတာ္ၾကီးက တူးေဖာ္ခဲ႔တာ ျဖစ္ပါတယ္ ။
အခုအခါ အဲ႔ဒီေရတြင္း ေဘးပတ္၀န္းက်င္ မွာ အမွိဳက္ေတြအမ်ားအျပား စြန္႕ပစ္မွဴ႕ေၾကာင့္ လယ္တီအင္း ေဘးပတ္လည္က ေရေတြ ညစ္ညမ္းေနျပီး အနံ႕အသက္ေတြ ဆိုးရြားေနတယ္လို႔ လယ္တီရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္ ။
Soundbite -ဦးသက္ႏိုင္၀င္း (လယ္တီရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ၊ မံုရြာျမိဳ႕)

အခုအခါ ေရကန္ေဘးမွာ အမိွဳက္ေတြ စြန္႔ပစ္ေန မွဴ႕ေၾကာင့္ တပဲသာ ေရကန္ၾကီး ေဘးပတ္၀န္းက်င္မွာ အမွိဳက္မ်ားစုပံုေနျပီး အမိႈက္စြန္႔ျပစ္မႈေတြထဲမွာ ေဆးရံုက အသံုးျပဳ ျပီးသား ပစၥည္းေတြ ပါ၀င္ေနတဲ႔အတြက္ ဓာတုအဆိပ္သင့္မွာကို ေဒသခံေတြက စိုးရိမ္ေနၾကတာျဖစ္ပါတယ္ ။
Soundbite – ဦးေက်ာ္မင္း (လယ္တီရပ္ကြက္၊ မံုရြာျမိဳ႕)

မံုရြာျမိဳ႕ တပဲသာ ေရတြင္း ေဘးမွာ လယ္တီအင္းၾကီးရွိျပီး အဲ႔ဒီေရတြင္း ေရမျပတ္ေအာင္လယ္တီအင္းက ေထာက္ပံေပးထားတာ ျဖစ္ပါတယ္ ။ လက္ရွိမွာ စည္းကမ္းပ်က္ အမွိဳက္မ်ားစြန္႕ပစ္ေနတဲ႔အတြက္ မံုရြာျမိဳ႕ခံေတြက စိုးရိမ္ေနၾကတာ ျဖစ္ျပီး အမွိဳက္ေတြကို မစြန္႕ပစ္ဖို႔ကို သက္ဆိုင္ရာကို တင္ျပသြားမယ္ လို႔ေဒသခံေတြကေျပာဆို ထားပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မုံရွာမြို့ လယ်တီရပ်ကွက်က လယ်တီဆရာတော်ဘုရားကြီး တူးဖော်တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် တပဲသာ ရေတွင်း ပျက်စီးမယ့်အရေး ဒေသခံတွေ စိုးရိမ်နေကြပါတယ် ။ ဒီသတင်းကို MCN မုံရွာ သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး မောင်ထက်. ကတင်ဆက်ပေးထားပါတယ် ။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ လယ်တီရပ်ကွက် အတွင်းက သမိုင်းဝင် တပဲသာရေတွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀ဝ)နီးပါးက သံဃာတော်တွေ သောက် သုံးရန်နိုင်ဖို့အတွက် လယ်တီဆရာတော်ကြီးက တူးဖော်ခဲ့တာ ဖြစ်ပါတယ် ။
အခုအခါ အဲ့ဒီရေတွင်း ဘေးပတ်ဝန်းကျင် မှာ အမှိုက်တွေအများအပြား စွန့်ပစ်မှူ့ကြောင့် လယ်တီအင်း ဘေးပတ်လည်က ရေတွေ ညစ်ညမ်းနေပြီး အနံ့အသက်တွေ ဆိုးရွားနေတယ်လို့ လယ်တီရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောပါတယ် ။

Soundbite -ဦးသက်နိုင်ဝင်း (လယ်တီရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ မုံရွာမြို့)

အခုအခါ ရေကန်ဘေးမှာ အမှိုက်တွေ စွန့်ပစ်နေ မှူ့ကြောင့် တပဲသာ ရေကန်ကြီး ဘေးပတ်ဝန်းကျင်မှာ အမှိုက်များစုပုံနေပြီး အမှိုက်စွန့်ပြစ်မှုတွေထဲမှာ ဆေးရုံက အသုံးပြု ပြီးသား ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ဓာတုအဆိပ်သင့်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ် ။
Soundbite – ဦးကျော်မင်း (လယ်တီရပ်ကွက်၊ မုံရွာမြို့)

မုံရွာမြို့ တပဲသာ ရေတွင်း ဘေးမှာ လယ်တီအင်းကြီးရှိပြီး အဲ့ဒီရေတွင်း ရေမပြတ်အောင်လယ်တီအင်းက ထောက်ပံပေးထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာ စည်းကမ်းပျက် အမှိုက်များစွန့်ပစ်နေတဲ့အတွက် မုံရွာမြို့ခံတွေက စိုးရိမ်နေကြတာ ဖြစ်ပြီး အမှိုက်တွေကို မစွန့်ပစ်ဖို့ကို သက်ဆိုင်ရာကို တင်ပြသွားမယ် လို့ဒေသခံတွေကပြောဆို ထားပါတယ် ။

?bph6