ေရခ်ိဳခရုကကူးဆက္ သန္ေကာင္ေရာဂါျဖစ္ပြားတဲ႔ ကေလးငယ္ ၃၀၀ ေက်ာ္ရွိေန (႐ုပ္/သံ)

0
283

ေရခ်ိဳခ႐ုကေနတစ္ဆင့္ကူးစက္တဲ့ သန္ေကာင္ေရာဂါျဖစ္ပြားေနသူ ကေလးသူငယ္ ၃၀၀ ေက်ာ္ စစ္ေဆးေတြ႔႐ွိထား တယ္လို႔ ရခိုင္ျပည္နယ္က်န္းမာေရးဌာနက ထုတ္ျပန္လိုက္ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

အခုလိုမိုးတြင္းကာလမွာ ရာသီစာအျဖစ္စားသံုးေနၾကတဲ့ ေရခ်ိဳခ႐ုေတြကေန ကူးစက္ခံေနရတဲဲ့ သန္ေကာင္ေရာဂါျဖစ္ပြား ေနတဲ့ ကေလးသူငယ္ ၃၀၀ ေက်ာ္္ ရခုိင္္ျပည္နယ္အတြင္း စစ္ေဆးေတြ႔ရွိထားတယ္လို႔ ျပည္နယ္္က်န္းမာေရးဌာနက ထုတ္ျပန္လိုက္ပါတယ္။

အဲဒီေရာဂါဟာ သန္ေကာင္္ေရာဂါတစ္မ်ိဳးျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေတြမွာ ကေလးသူငယ္ေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္မားခဲ့တာ ေၾကာင့္ ရခိုင္ျပည္နယ္္ ကေလးအထူးကုဆရာဝန္ ေဒါက္တာလွလွေမာ္က ကေလးလူနာ ၅၆၀ ကို စမ္းသတ္စစ္ေဆးမႈ ျပဳလုပ္ခဲ့တဲ့အခါ ၃၁၀ ေက်ာ္မွာ ေတြ႔႐ွိခဲ့တာပါ။

ရခိုင္ျပည္နယ္အတြင္း အဲဒီေရာဂါကူးစက္ခံေနရတဲ့ ၿမိဳ႕နယ္ ၈ ခုုထိ႐ွိလာေနၿပီး ေျမာက္ဦးၿမိဳ႕နယ္နဲဲ႔ ေပါက္ေတာၿမိဳ႕နယ္ ေတြမွာ အမ်ားဆံုးျဖစ္ပြားေနတာျဖစ္ပါတယ္။

Soundbite – ေဒါက္တာ ၾကည္လြင္ (က်န္းမာေရးဦးစီးဌာနမွဴး)ရခိုင္ျပည္နယ္က်န္္းမာေရးဌာန

အဲဒီေရာဂါဟာ လူနဲ႔ ကၽြဲႏြားတိရိစၦာန္ေတြရဲ႕ မစင္ကေနတစ္ဆင့္ ခ႐ုေတြကိုကူးစက္ခဲ့တာျဖစ္ၿပီး ခ႐ုေတြရဲ႕ ခႏၶာကိုယ္ အတြင္းမွာ အဆင့္ေျပာင္းလဲကာ ေရခ်ိဳ႐ွိတဲ့ေနရာေတြမွာ ခ႐ုေတြကေနတစ္ဆင့္ လူေတြကို ကူးစက္ခဲ့တာျဖစ္ပါတယ္။

ကူးစက္ခံရသူေတြအေနနဲ႔ လတ္တေလာစိုးရိမ္ရတဲဲ့အေျခအေနမ႐ွိေပမယ့္ အစာအိမ္ေရာဂါ၊ အူမႀကီးေရာဂါ၊ အသဲဲေရာဂါ၊ အဆုပ္ေရာဂါ၊ ေက်ာက္ကပ္ေရာဂါ စတဲ့ကိုယ္ခႏၶာကိုယ္အတြင္းပိုင္း နာတာ႐ွည္ေရာဂါေတြျဖစ္ပြားလာ ႏုိင္ေၾကာင္း ေဒါက္တာၾကည္လြင္က ေျပာပါတယ္။

Soundbite – ေဒါက္တာ ၾကည္လြင္ (က်န္းမာေရးဦးစီးဌာနမွဴး)ရခိုင္ျပည္နယ္က်န္္းမာေရးဌာန

အခုလိုမိုးတြင္းကာလေတြမွာ ပိုမိုုကူးစက္ခံရႏုိင္တဲ့အေျခအေနပိုမ်ားၿပီး ေရဝပ္တဲ့ေနရာေတြနဲ႔ မိုးေရခ်ိဳးတဲဲ့ကေလးေတြမွာ ကူးစက္ခံရႏုိင္မႈရာႏႈန္းပိုမ်ားတာေၾကာင့္ အထူးသတိထားၾကဖို႕ကိုက်န္းမာေရး ၀န္ၾကီးဌာနက သတိေပးေၾကညာထားပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေချိုခရုကနေတစ်ဆင့်ကူးစက်တဲ့ သန်ကောင်ရောဂါဖြစ်ပွားနေသူ ကလေးသူငယ် ၃၀ဝ ကျော် စစ်ဆေးတွေ့ရှိထား တယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

အခုလိုမိုးတွင်းကာလမှာ ရာသီစာအဖြစ်စားသုံးနေကြတဲ့ ရေချိုခရုတွေကနေ ကူးစက်ခံနေရတဲ့ သန်ကောင်ရောဂါဖြစ်ပွား နေတဲ့ ကလေးသူငယ် ၃၀ဝ ကျော် ရခိုင်ပြည်နယ်အတွင်း စစ်ဆေးတွေ့ရှိထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီရောဂါဟာ သန်ကောင်ရောဂါတစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေမှာ ကလေးသူငယ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားခဲ့တာ ကြောင့် ရခိုင်ပြည်နယ် ကလေးအထူးကုဆရာဝန် ဒေါက်တာလှလှမော်က ကလေးလူနာ ၅၆၀ ကို စမ်းသတ်စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါ ၃၁၀ ကျော်မှာ တွေ့ရှိခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း အဲဒီရောဂါကူးစက်ခံနေရတဲ့ မြို့နယ် ၈ ခုထိရှိလာနေပြီး မြောက်ဦးမြို့နယ်နဲ့ ပေါက်တောမြို့နယ် တွေမှာ အများဆုံးဖြစ်ပွားနေတာဖြစ်ပါတယ်။

Soundbite – ဒေါက်တာ ကြည်လွင် (ကျန်းမာရေးဦးစီးဌာနမှူး)ရခိုင်ပြည်နယ်ကျန်းမာရေးဌာန

အဲဒီရောဂါဟာ လူနဲ့ ကျွဲနွားတိရိစ္ဆာန်တွေရဲ့ မစင်ကနေတစ်ဆင့် ခရုတွေကိုကူးစက်ခဲ့တာဖြစ်ပြီး ခရုတွေရဲ့ ခန္ဓာကိုယ် အတွင်းမှာ အဆင့်ပြောင်းလဲကာ ရေချိုရှိတဲ့နေရာတွေမှာ ခရုတွေကနေတစ်ဆင့် လူတွေကို ကူးစက်ခဲ့တာဖြစ်ပါတယ်။

ကူးစက်ခံရသူတွေအနေနဲ့ လတ်တလောစိုးရိမ်ရတဲ့အခြေအနေမရှိပေမယ့် အစာအိမ်ရောဂါ၊ အူမကြီးရောဂါ၊ အသဲရောဂါ၊ အဆုပ်ရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ကိုယ်ခန္ဓာကိုယ်အတွင်းပိုင်း နာတာရှည်ရောဂါတွေဖြစ်ပွားလာ နိုင်ကြောင်း ဒေါက်တာကြည်လွင်က ပြောပါတယ်။

Soundbite – ဒေါက်တာ ကြည်လွင် (ကျန်းမာရေးဦးစီးဌာနမှူး)ရခိုင်ပြည်နယ်ကျန်းမာရေးဌာန

အခုလိုမိုးတွင်းကာလတွေမှာ ပိုမိုကူးစက်ခံရနိုင်တဲ့အခြေအနေပိုများပြီး ရေဝပ်တဲ့နေရာတွေနဲ့ မိုးရေချိုးတဲ့ကလေးတွေမှာ ကူးစက်ခံရနိုင်မှုရာနှုန်းပိုများတာကြောင့် အထူးသတိထားကြဖို့ကိုကျန်းမာရေး ဝန်ကြီးဌာနက သတိပေးကြေညာထားပါတယ် ခင်ဗျား။

?bph6