ဧရာ၀တီတိုင္းမွာ ဆရာ၊ဆရာမေပါင္း ရွစ္ေထာင္ေက်ာ္ ခန္႔အပ္ေပးဖို႔ လိုအပ္ေန (႐ုပ္/သံ)

0
236

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက စာသင္ေက်ာင္းေတြရဲ႕ လိုအပ္ခ်က္ေတြအရ ဆရာ၊ဆရာမေပါင္း ၈၀၀၀ ေက်ာ္ ခန္႔အပ္ေပးဖို႔ လိုအပ္ခ်က္ရွိေနတယ္လို႔ တိုင္းေဒသႀကီး ပညာေရးမွဴးက ေျပာပါတယ္။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္း စာသင္ေက်ာင္း ၇၀၀ ေက်ာ္ကို အဆင့္တိုးျမွင့္ သတ္မွတ္လိုက္တာေတြေၾကာင့္ မူလတန္းျပအတြက္ ဆရာ၊ ဆရာမ ဦးေရ ၅၇၀၀ေက်ာ္၊ အလယ္တန္းျပအတြက္ ၁၅၀၀နီးပါးနဲ႔ အထက္တန္းအတြက္ကေတာ့ ၁၀၀၀ ေလာက္ လိုအပ္ခ်က္ရွိေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ လိုအပ္ခ်က္ေတြအရ ၂၀၁၈ ခုႏွစ္ ဇူလႈိင္လအတြင္းမွာ လိုအပ္တဲ႕ အထက္တန္းျပေနရာအတြက္ ခန္႔ထားေပးနိင္ဖို႔ နိင္ငံေတာ္အစိုးရကို ဘက္ဂ်က္တင္ျပေတာင္းခံထားသလို ႐ရွိလာတဲ႔ ဘက္ဂ်က္အရ တြက္ခ်က္ျပီး တိုးျမွင့္ခန္႔ထားေပးသြားမွာျဖစ္တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးရဲ႕ ပညာေရးမွဴးက ေျပာဆိုခဲ့တာပါ။

အင္တာဗ်ဴး ၁ ဦးေက်ာ္ဝင္း (တိုင္းေဒသႀကီးပညာေရးမွဴး၊ ဧရာဝတီတိုင္္းေဒသႀကီးအေျခခံပညာဦးစီးဌာန)

လက္ရွိမွာ ခရိုင္နဲ႔ျမိဳ႕နယ္က ေက်ာင္းေတြအတြက္ ဆရာ၊ ဆရာမ လံုးဝမရွိတဲ႔ေက်ာင္း မရွိေအာင္ မ်ားေနတဲ႔ေက်ာင္းေတြကေန ယာယီခြဲတမ္းခ်ျပီး သင္ၾကားျပသေပးနိင္ဖို႔ ခရိုင္းပညာေရးမွဴးနဲ႔ ျမိဳ႕နယ္ပညာေရးမွဴးေတြကို ညႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။

အင္ဗ်ဴး၂ဦးေက်ာ္ဝင္း (တိုင္းေဒသႀကီးပညာေရးမွဴး၊ ဧရာဝတီတိုင္္းေဒသႀကီးအေျခခံပညာဦးစီးဌာန)

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ေက်ာင္းေတြအေနနဲ႕ ဆရာ၊ ဆရာမ ဦးေရ ၈၀၀၀ေက်ာ္ လိုအပ္ေနတဲ႕အထဲက မူလတန္းျပဆရာ၊ ဆရာမေတြ လိုအပ္ခ်က္အမ်ားဆံုးျဖစ္ေနျပီး လိုအပ္ခ်က္ဦးေရ ၅၇၂၀ အထိ ရွိေနတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီတိုင်းဒေသကြီးအတွင်းက စာသင်ကျောင်းတွေရဲ့ လိုအပ်ချက်တွေအရ ဆရာ၊ဆရာမပေါင်း ၈၀ဝ၀ ကျော် ခန့်အပ်ပေးဖို့ လိုအပ်ချက်ရှိနေတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးက ပြောပါတယ်။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၇၀ဝ ကျော်ကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်တာတွေကြောင့် မူလတန်းပြအတွက် ဆရာ၊ ဆရာမ ဦးရေ ၅၇၀ဝကျော်၊ အလယ်တန်းပြအတွက် ၁၅၀ဝနီးပါးနဲ့ အထက်တန်းအတွက်ကတော့ ၁၀ဝ၀ လောက် လိုအပ်ချက်ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လိုအပ်ချက်တွေအရ ၂၀၁၈ ခုနှစ် ဇူလှိုင်လအတွင်းမှာ လိုအပ်တဲ့ အထက်တန်းပြနေရာအတွက် ခန့်ထားပေးနိင်ဖို့ နိင်ငံတော်အစိုးရကို ဘက်ဂျက်တင်ပြတောင်းခံထားသလို ရရှိလာတဲ့ ဘက်ဂျက်အရ တွက်ချက်ပြီး တိုးမြှင့်ခန့်ထားပေးသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲ့ ပညာရေးမှူးက ပြောဆိုခဲ့တာပါ။

အင်တာဗျူး ၁ ဦးကျော်ဝင်း (တိုင်းဒေသကြီးပညာရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန)

လက်ရှိမှာ ခရိုင်နဲ့မြို့နယ်က ကျောင်းတွေအတွက် ဆရာ၊ ဆရာမ လုံးဝမရှိတဲ့ကျောင်း မရှိအောင် များနေတဲ့ကျောင်းတွေကနေ ယာယီခွဲတမ်းချပြီး သင်ကြားပြသပေးနိင်ဖို့ ခရိုင်းပညာရေးမှူးနဲ့ မြို့နယ်ပညာရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

အင်ဗျူး၂ဦးကျော်ဝင်း (တိုင်းဒေသကြီးပညာရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန)

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကျောင်းတွေအနေနဲ့ ဆရာ၊ ဆရာမ ဦးရေ ၈၀ဝ၀ကျော် လိုအပ်နေတဲ့အထဲက မူလတန်းပြဆရာ၊ ဆရာမတွေ လိုအပ်ချက်အများဆုံးဖြစ်နေပြီး လိုအပ်ချက်ဦးရေ ၅၇၂၀ အထိ ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။

?bph6