ဧရာဝတီတိုင္းမွာ ေျမဆီလႊာစစ္ေဆးျခင္းလုပ္ငန္းစတင္ (႐ုပ္/သံ)

0
344

စိုက္ပ်ိဳးေရးအေျခခံတဲ႕ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေျမဆီလႊာစစ္ေဆးျခင္းလုပ္ငန္းကို တိုင္းေဒသႀကီး အစိုးရဝန္ႀကီးခ်ဳပ္ အစီအစဥ္နဲ႔ လုပ္ေဆာင္ေနပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာ မိုးစပါးစိုက္ဧက ၃၇သိန္းေက်ာ္ရွိတဲ႔အနက္ ေရေတာ္မိုးေတာ္ဧက ၂၇ သိန္းေက်ာ္ကို ၂ႏွစ္တာကာလအတြင္း ေျမဆီလႊာစစ္ေဆးမႈေတြလုပ္ေဆာင္သြားဖို႔ရွိေနတာျဖစ္ပါတယ္ ။ လက္ရွိမွာေတာ႔ အဲ႔ဒီလယ္ဧက ေတြထဲက ဧက ၈သိန္းေက်ာ္ စမ္းသပ္စစ္ေဆးထားတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနတာ၀န္ရွိသူကေျပာပါတယ္ ။

Soundbite – ဦးေဌးလြင္ (ဒုတိယတိုင္းမန္ေနဂ်ာ)ဧရာဝတီတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာန

အဲ႔ဒီ စစ္ေဆးမႈအတြက္ ကုန္က်စားရိတ္ကို တိုင္းေဒသႀကီး အစိုးရဘက္ဂ်က္ကေန ကုန္က်သံုးစြဲသြားမွာျဖစ္ပါတယ္ ။ အခုလို စစ္ေဆးေပးခ်င္းအားျဖင့္ ေတာင္သူေတြဟာ ကိုယ့္လယ္မွာလိုအပ္ေနတဲ႕ ေျမဆီလႊာ အခ်ဥ္ဓါတ္ အငံဓါတ္နဲ႔ တစ္ျခားလိုအပ္တဲ႕ ဓါတ္ေတြကို သိရွိရမွာျဖစ္ပါတယ္ ။

Soundbite – ဦးေဌးလြင္ (ဒုတိယတိုင္းမန္ေနဂ်ာ) ဧရာဝတီတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာန

လက္ရွိမွာေတာ႔ ဧရာ၀တီတိုင္း စိုက္ပ်ိဳးေရးဦးစီးဌာနအေနနဲ႕ ေတာင္သူေတြရဲ႕ စိုက္ပ်ိဳးေရး လုပ္ငန္းနဲ႔ပက္သက္တဲ႕ အခက္အခဲေတြ ဆက္သြယ္ေမးျမန္းဖို႔ hotline ဖုန္းနံပါတ္ေတြ ျဖန္႔ေဝေပးထားပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စိုက်ပျိုးရေးအခြေခံတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေဆီလွှာစစ်ဆေးခြင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် အစီအစဉ်နဲ့ လုပ်ဆောင်နေပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မိုးစပါးစိုက်ဧက ၃၇သိန်းကျော်ရှိတဲ့အနက် ရေတော်မိုးတော်ဧက ၂၇ သိန်းကျော်ကို ၂နှစ်တာကာလအတွင်း မြေဆီလွှာစစ်ဆေးမှုတွေလုပ်ဆောင်သွားဖို့ရှိနေတာဖြစ်ပါတယ် ။ လက်ရှိမှာတော့ အဲ့ဒီလယ်ဧက တွေထဲက ဧက ၈သိန်းကျော် စမ်းသပ်စစ်ဆေးထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူကပြောပါတယ် ။

Soundbite – ဦးဌေးလွင် (ဒုတိယတိုင်းမန်နေဂျာ)ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန

အဲ့ဒီ စစ်ဆေးမှုအတွက် ကုန်ကျစားရိတ်ကို တိုင်းဒေသကြီး အစိုးရဘက်ဂျက်ကနေ ကုန်ကျသုံးစွဲသွားမှာဖြစ်ပါတယ် ။ အခုလို စစ်ဆေးပေးချင်းအားဖြင့် တောင်သူတွေဟာ ကိုယ့်လယ်မှာလိုအပ်နေတဲ့ မြေဆီလွှာ အချဉ်ဓါတ် အငံဓါတ်နဲ့ တစ်ခြားလိုအပ်တဲ့ ဓါတ်တွေကို သိရှိရမှာဖြစ်ပါတယ် ။

Soundbite – ဦးဌေးလွင် (ဒုတိယတိုင်းမန်နေဂျာ) ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန

လက်ရှိမှာတော့ ဧရာဝတီတိုင်း စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်သူတွေရဲ့ စိုက်ပျိုးရေး လုပ်ငန်းနဲ့ပက်သက်တဲ့ အခက်အခဲတွေ ဆက်သွယ်မေးမြန်းဖို့ hotline ဖုန်းနံပါတ်တွေ ဖြန့်ဝေပေးထားပါတယ် ခင်ဗျာ ။

?bph6