ကျောင်းပြိုကျမယ့် အန္တရာယ်ရှိပေမယ့် နေရာမရှိတာကြောင့် အဲဒီကျောင်းမှာ စာသင်နေရ (ရုပ်/သံ)

0
275







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာယာစုကျေးရွာက မူလတန်းကျောင်းဟာ ပြိုကျမယ့်အန္တရာယ်ရှိနေပမယ့် ကျောင်းသားတွေဟာ အဲဒီကျောင်းမှာပဲ စာသင်ကြားနေကြရပါတယ်။ ဒီသတင်းကိုတော့ MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထား ပြီး သဉ္ဇာက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် သာယာစုကျေးရွာက မှုလတန်းကျောင်းခွဲဟာ ဟောင်းနွမ်းနေပြီး ပြိုကျတော့မယ့် အန္တရယ်ရှိ အဆောက်အအုံ ဖြစ်တဲ့အတွက် အဲ့ဒီအဆောင် အအုံမှာ စာမသင်ကြားဖို့ သက်ဆိုင်ရာရ ညွှန်ကြားထားတာပါ ။ အဲ့ဒီကျောင်းအဆောက်အအုံမှာ ကလေးတွေကို စာမသင်ကြားဖို့တားမြစ်ထားပေမယ့် မိုးရာသီကိုဖြစ်နေတဲ့အတွက် အခြားစာသင်ကြားရာနေရာ မရှိတာကြောင့် အဲ့ဒီကျောင်းပေါ်မှာဘဲ စာသင်ကြားနေရတာပါ။

အင်တာဗျူး ကိုထွန်းထွန်းဦး (ဒေသခံတစ်ဦး)

သာယာစုကျေးရွာက မှုလတန်းကျောင်းခွဲဟာ မုံရွာမြို့နဲ့ (၁၅ )မိုင် ကွာဝေးပြီး အဲ့ဒီအဆောက်အအုံကို လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်ကဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ မှုလတန်းကျောင်းသား ၄၀ နီးပါး စာသင်ကြားနေကြတာဖြစ်ပြီး ဆရာဆရာမ ၅ ယောက်ကစာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

အင်တာဗျူး ဒေါ်ဇင်မာထွန်း (ကျောင်းအုပ်) သာယာစုရွာ၊ မုံရွာမြို့

သာယာစုကျေးရွာ မှုလတန်းကျောင်းခွဲ ကျောင်းအဆောက်အအုံပြိုကျတော့မယ့် အန္တရာယ်ရှိနေပေမယ့် အဲ့ဒီကျောင်းမှာဘဲ ကလေးငယ်တွေစာသင်ကြားနေရတာကို မိဘတွေက စိုးရိမ်နေကြတာဖြစ်ပြီး သက်ဆိုင်ရာအနေနဲ့ ကျောင်းကို အမြန်ဆုံးပြန်ဆောက်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။

?bph6