ေတာဆင္ရုိင္း မုဆိုးေတြအေၾကာင္း သတင္းေပးသူေတြကို ဆုေၾကးလ်ိဳ၀ွတ္ေပးမယ္(႐ုပ္/သံ)

0
258

ေတာရိုင္းဆင္ေတြ သတ္ျဖတ္ခံရမႈနဲ႔ ပက္သက္တဲ႕သတင္းေပးသူေတြရဲ႕ လံုျခံဳေရးနဲ႕ သတင္းေပးသူအတြက္ ဆုေၾကးေငြကို အထူးလ်ွိဳ႕ဝွက္ေပးေနပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီကေပးပို႔ ထားပါတယ္ ။

ဧရာဝတီတိုင္းေဒသႀကီးမွာ ၂၀၁၈ ခုႏွစ္စကေန ဇြန္လအထိ ေတာရိုင္းဆင္ သတ္ျဖတ္ခံရမႈ ၄ မႈရွိေနပါတယ္ ။ ဧရာ၀တီတိုင္းဟာ သစ္ေတာႀကိဳးဝိုင္းက်ယ္ျပန္တာေၾကာင့္ ဆင္သတ္မုဆိုးေတြ ဖမ္းဆီးရမိေရးမွာ သတင္းေပးေတြရဲ႕ အခန္းက႑က အေရးပါေနတာျဖစ္ပါတယ္ ။

Soundbite – ဒုတိယရဲမွဴးႀကီးခင္ေမာင္လတ္ (ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုး)

ခုအခါ ေတာရုိင္းတရိစၦန္ေမွာင္ခို ေစ်းကြက္မွာ ဆင္ကရရွိတဲ႔ အစြယ္တင္မဟုတ္ေတာ့ပဲ က်န္တဲ႕ အစိတ္အပိုင္းေတြပါ ေရာင္းခ်ေနၾကတာပါ ။ လက္ရွိမွာေတာ႔ ေတာရုိင္းတရိစၦန္ေမွာင္ခို ေရာင္းဝယ္ေဖာက္ကားေနသူေတြကို ဖမ္းဆီးရမိေရး လုပ္ေဆာင္ေနတယ္လို႔ ဧရာ၀တီတိုင္းေဒသၾကီး ဒုတိယ တိုင္းရဲတပ္ဖြဲ႕မွဴး ကေျပာပါတယ္။

Soundbite – ဒုတိယရဲမွဴးႀကီးခင္ေမာင္လတ္(ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုး)

ခုအခါ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ငပုေတာျမိဳ႕နယ္နဲ႔ ပုသိမ္ျမိဳ႕နယ္မွာ ဆင္သတ္ဂိုဏ္း ရွာေဖြဖမ္းဆီးရာမွာ သတင္းေပးသူေတြနဲ႔ ပူးေပါင္းပါဝင္သူေတြကို ကမၻာသားငွက္တိရိစာၧန္ ထိန္းသိမ္းကာကြယ္ေရးအဖြဲ႕( WWF) ကဆုခ်ီးျမွင့္ ေငြေပးအပ္ထားပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောရိုင်းဆင်တွေ သတ်ဖြတ်ခံရမှုနဲ့ ပက်သက်တဲ့သတင်းပေးသူတွေရဲ့ လုံခြုံရေးနဲ့ သတင်းပေးသူအတွက် ဆုကြေးငွေကို အထူးလျှို့ဝှက်ပေးနေပါတယ် ။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီကပေးပို့ ထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်စကနေ ဇွန်လအထိ တောရိုင်းဆင် သတ်ဖြတ်ခံရမှု ၄ မှုရှိနေပါတယ် ။ ဧရာဝတီတိုင်းဟာ သစ်တောကြိုးဝိုင်းကျယ်ပြန်တာကြောင့် ဆင်သတ်မုဆိုးတွေ ဖမ်းဆီးရမိရေးမှာ သတင်းပေးတွေရဲ့ အခန်းကဏ္ဍက အရေးပါနေတာဖြစ်ပါတယ် ။

Soundbite – ဒုတိယရဲမှူးကြီးခင်မောင်လတ် (ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)

ခုအခါ တောရိုင်းတရိစ္ဆန်မှောင်ခို ဈေးကွက်မှာ ဆင်ကရရှိတဲ့ အစွယ်တင်မဟုတ်တော့ပဲ ကျန်တဲ့ အစိတ်အပိုင်းတွေပါ ရောင်းချနေကြတာပါ ။ လက်ရှိမှာတော့ တောရိုင်းတရိစ္ဆန်မှောင်ခို ရောင်းဝယ်ဖောက်ကားနေသူတွေကို ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ကပြောပါတယ်။

Soundbite – ဒုတိယရဲမှူးကြီးခင်မောင်လတ်(ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)

ခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငပုတောမြို့နယ်နဲ့ ပုသိမ်မြို့နယ်မှာ ဆင်သတ်ဂိုဏ်း ရှာဖွေဖမ်းဆီးရာမှာ သတင်းပေးသူတွေနဲ့ ပူးပေါင်းပါဝင်သူတွေကို ကမ္ဘာသားငှက်တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့( WWF) ကဆုချီးမြှင့် ငွေပေးအပ်ထားပါတယ် ခင်ဗျာ ။

?bph6