ျမန္မာနိုင္ငံမွာ အသက္ ၁၅ နွစ္အထက္ ေသြးလြန္တုတ္ေကြးေရာဂါ ျဖစ္ပြားမႈ တိုးပြားေန (႐ုပ္/သံ)

0
82

၂၀၁၇ ခုႏွစ္ကေနစၿပီး ျမန္မာနိင္ငံမွာ အသက္ ၁၅ ႏွစ္နဲ႔အထက္ ေသြးလြန္တုတ္ေကြးေရာဂါ ျဖစ္ပြားသူအေရအတြက္ တိုးပြားလာေနပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီ ေပးပို႔ထားပါတယ္။

ျမန္မာနိင္ငံမွာ ၂၀၁၇ ခုႏွစ္က ေသြးလြန္တုတ္ေကြးေရာဂါျဖစ္ပြားသူ (၃၀၀၀၀) ေက်ာ္ရွိခဲ႔ျပီး အဲ႔ဒီထဲက ၁၀ ရာကိုင္နဳန္းေက်ာ္ဟာ အသက္ ၁၅ နွစ္အထက္ေတြ ျဖစ္ေနျပီး ေရာဂါေၾကာင့္ေသဆံုးသူေတြ ရွိေနပါတယ္ ။

အခုလို ျမန္မာနိုင္ငံမွာ အသက္ ၁၅ နွစ္အထက္ေသြးလြန္တုတ္ေကြးေရာဂါ ျဖစ္ပြားလာတာေတြ တိုးပြားေနတဲ႔ အေၾကာင္းကို ဇြန္လ၈ ရက္ေန႔က ဧရာဝတီတိုင္းေဒသႀကီးမွာ ျပဳလုပ္တဲ႔ ေသြးလြန္တုတ္ေကြးေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရး အသိေပးေဆြးေႏြးပြဲမွာ က်န္းမာေရး၀န္ၾကီးဌာနက ေျပာၾကားလိုက္တာပါ ။

အင္တာဗ်ဴး ေဒါက္တာေဇာ္လင္း (ဒုတိယညႊန္ၾကားေရးမွဴး )
က်န္းမာေရးနွင့္အားကစားဝန္ႀကီးဌာန

ဒါ့အျပင္ဧရာဝတီတိုင္း ေဒသႀကီးအတြင္း ေသြးလြန္တုတ္ေကြးေရာဂါျဖစ္ပြားမႈဟာ ၂၀၁၇ ခုႏွစ္မွာ တစ္နိင္ငံလံုးမွာ ဒုတိယအမ်ားဆံုးျဖစ္တာေၾကာင့္ အစိုးရက ေဆးဝါးနဲ႔ပစၥည္းေတြကို ဧရာဝတီတိုင္းအတြက္ အတတ္နိင္ဆံုး ခ်ထားေဆာင္ရြက္ေပးေနပါတယ္ ။

အင္တာဗ်ဴး ေဒါက္တာေဇာ္လင္း (ဒုတိယညႊန္ၾကားေရးမွဴး )
က်န္းမာေရးနွင့္အားကစားဝန္ႀကီးဌာန

လက္ရွိမွာ ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအေနနဲ႕လည္း ေသြးလြန္တုတ္ေကြးေရာဂါ နွိမ္နင္းေရးအတြင္ တစ္ျခားလိုအပ္တာေတြကို တိုင္းေဒသႀကီးအစိုးရဘက္ဂ်က္ကေန ဝိုင္းဝန္းျဖည့္ဆည္းေပးေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၇ ခုနှစ်ကနေစပြီး မြန်မာနိင်ငံမှာ အသက် ၁၅ နှစ်နဲ့အထက် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် တိုးပွားလာနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီ ပေးပို့ထားပါတယ်။

မြန်မာနိင်ငံမှာ ၂၀၁၇ ခုနှစ်က သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ (၃၀ဝ၀ဝ) ကျော်ရှိခဲ့ပြီး အဲ့ဒီထဲက ၁၀ ရာကိုင်နုန်းကျော်ဟာ အသက် ၁၅ နှစ်အထက်တွေ ဖြစ်နေပြီး ရောဂါကြောင့်သေဆုံးသူတွေ ရှိနေပါတယ် ။

အခုလို မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက်သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားလာတာတွေ တိုးပွားနေတဲ့ အကြောင်းကို ဇွန်လ၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးမှာ ပြုလုပ်တဲ့ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပေးဆွေးနွေးပွဲမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်တာပါ ။

အင်တာဗျူး ဒေါက်တာဇော်လင်း (ဒုတိယညွှန်ကြားရေးမှူး )
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ဒါ့အပြင်ဧရာဝတီတိုင်း ဒေသကြီးအတွင်း သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်မှာ တစ်နိင်ငံလုံးမှာ ဒုတိယအများဆုံးဖြစ်တာကြောင့် အစိုးရက ဆေးဝါးနဲ့ပစ္စည်းတွေကို ဧရာဝတီတိုင်းအတွက် အတတ်နိင်ဆုံး ချထားဆောင်ရွက်ပေးနေပါတယ် ။

အင်တာဗျူး ဒေါက်တာဇော်လင်း (ဒုတိယညွှန်ကြားရေးမှူး )
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေနဲ့လည်း သွေးလွန်တုတ်ကွေးရောဂါ နှိမ်နင်းရေးအတွင် တစ်ခြားလိုအပ်တာတွေကို တိုင်းဒေသကြီးအစိုးရဘက်ဂျက်ကနေ ဝိုင်းဝန်းဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ် ခင်ဗျာ ။

?bph6