ရခိုင္ကေဆးရုံေတြမွာ ဆရာ၀န္လိုအပ္ခ်က္ ျမင့္မားေန (႐ုပ္/သံ)

0
413

စစ္ေတြေဆး႐ံုႀကီးအပါအဝင္ ရခိုင္ျပည္နယ္က ေဆး႐ံုေတြမွာ ဆရာဝန္လိုအပ္ခ်က္ေတြ႐ွိေနတယ္လို႔ ရခုိင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္ ။ ဒီသတင္းကို MCN ရခို္င္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါ တယ္။

ေက်းလက္ေဒသအပါအဝင္ ရခုိင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္အားလံံုးမွာ က်န္းမာေရးေစာင့္ေ႐ွာက္မႈေတြ နိမ့္က်ေနၿပီး တခ်ိဳကေနရာေတြမွာ ေဆး႐ံုေဆးခန္းေတြကို ဖြင့္ေပးထားေပမယ့္ ဆရာဝန္လိုအပ္ခ်က္ေတြ ႐ွိေနပါတယ္။

ရခိုင္ျပည္နယ္ ၁၇ ၿမိဳ႕နယ္မွာ ေဆး႐ံုးေပါင္း ၇၀ ခန္႔႐ွိၿပီး စစ္ေတြေဆး႐ံုႀကီးအပါအဝင္ ေဆး႐ံုအားလံံုးမွာ ဆရာဝန္ေတြကို ေနရာအျပည့္ခန္႔ထားႏုိင္ျခင္းမ႐ွိေသးတဲ့အတြက္ လစ္လပ္ေနတာေတြ အမ်ားအျပား႐ွိေနေသးသလို ဆရာဝန္မ႐ွိေသးတဲ့ တိုက္နယ္ေဆး႐ံုေတြလည္း ႐ွိေနေသးတာျဖစ္ပါတယ္။

Soundbite – ေဒါက္တာၾကည္လြင္ (ျပည္နယ္က်န္းမာေရးဦးစီးဌာနမွဴး-ရခုိင္ျပည္နယ္)

ရခုိင္ျပည္နယ္မွာ ေက်းလက္က်န္းမာေရးဌာနခြဲေပါင္း ၆၀၀ ခန္႔႐ွိေနၿပီး လစ္လပ္ေနတဲ့ေနရေတြအတြက္ သြားဖြားဆရာမ ၁၃၀ ေက်ာ္ကို အခုႏွစ္အတြင္းခန္႔အပ္ေပးႏုိင္ခဲ့တယ္လို႔ က်န္းမာေရးဌာနကေျပာပါတယ္။

Soundbite – ေဒါက္တာၾကည္လြင္ (ျပည္နယ္က်န္းမာေရးဦးစီးဌာနမွဴး-ရခုိင္ျပည္နယ္)

ရခုိင္ျပည္နယ္ဟာ ျမစ္ေခ်ာင္းေတြေပါမ်ားၿပီး လမ္းပန္းဆက္သြယ္ေရးခက္ခဲ့တဲ့ ေဒသတစ္ခုျဖစ္တာေၾကာင့္ ေက်းလက္ က်န္းမာေရးဌာနခြဲေတြကို အသစ္ထပ္မံဖြင့္လွစ္ေပးဖို႔ လိုအပ္ခ်က္ေတြအမ်ားအျပား ႐ွိေနေသးတာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေဆေးရုံကြီးအပါအဝင် ရခိုင်ပြည်နယ်က ဆေးရုံတွေမှာ ဆရာဝန်လိုအပ်ချက်တွေရှိနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ် ။ ဒီသတင်းကို MCN ရခိ်ုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါ တယ်။

ကျေးလက်ဒေသအပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ နိမ့်ကျနေပြီး တချိုကနေရာတွေမှာ ဆေးရုံဆေးခန်းတွေကို ဖွင့်ပေးထားပေမယ့် ဆရာဝန်လိုအပ်ချက်တွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ဆေးရုံးပေါင်း ၇၀ ခန့်ရှိပြီး စစ်တွေဆေးရုံကြီးအပါအဝင် ဆေးရုံအားလုံးမှာ ဆရာဝန်တွေကို နေရာအပြည့်ခန့်ထားနိုင်ခြင်းမရှိသေးတဲ့အတွက် လစ်လပ်နေတာတွေ အများအပြားရှိနေသေးသလို ဆရာဝန်မရှိသေးတဲ့ တိုက်နယ်ဆေးရုံတွေလည်း ရှိနေသေးတာဖြစ်ပါတယ်။

Soundbite – ဒေါက်တာကြည်လွင် (ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး-ရခိုင်ပြည်နယ်)

ရခိုင်ပြည်နယ်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၆၀ဝ ခန့်ရှိနေပြီး လစ်လပ်နေတဲ့နေရတွေအတွက် သွားဖွားဆရာမ ၁၃၀ ကျော်ကို အခုနှစ်အတွင်းခန့်အပ်ပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။

Soundbite – ဒေါက်တာကြည်လွင် (ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး-ရခိုင်ပြည်နယ်)

ရခိုင်ပြည်နယ်ဟာ မြစ်ချောင်းတွေပေါများပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် ကျေးလက် ကျန်းမာရေးဌာနခွဲတွေကို အသစ်ထပ်မံဖွင့်လှစ်ပေးဖို့ လိုအပ်ချက်တွေအများအပြား ရှိနေသေးတာဖြစ်ပါတယ် ခင်ဗျား။

?bph6