ရခိုင္မွာ ေသြးလြန္တုတ္ေကြး အျဖစ္မ်ားေနၿပီး တစ္ဦးေသဆံုး (႐ုပ္/သံ)

0
320

ရခုိင္ျပည္နယ္အတြင္း ေသြးလြန္တုပ္ေကြေရာဂါျဖစ္ပြားသူဦးေရ ၉၅ ဦးနဲ႔ ေသဆံုးသူ တစ္ဦးအထိ႐ွိေနၿပီလို႔ က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိ္င္ျပည္နယ္မွာ အခုႏွစ္ရာသီအကူးအျပာင္းကာလအတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူဦးေရ ၉၅ ေယာက္နဲ႔ သံတြဲၿမိဳ႕နယ္မွာ ေသဆံုးသူ တစ္ေယာက္ရွိေနတယ္လို႔ ရခုိင္ျပည္နယ္က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈကို ဇန္နဝါရီလကေန စတင္ေတြ႔႐ွိခဲ့တာျဖစ္ၿပီး စစ္ေတြ၊ ေပါက္ေတာ၊ ေတာင္ကုတ္၊ သံတြဲၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားေနျခင္းျဖစ္ကာ သံတြဲၿမိဳ႕နယ္မွာ ျဖစ္ပြားသူ ၅၉ ေယာက္မွာ တစ္ေယာက္ ေသဆံုးခဲ႔တာျဖစ္ျပီး ရခိုင္ျပည္နယ္မွာ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆံုးျဖစ္ပြားေနတာပါ။

အင္တာဗ်ဴး – ေဒါက္တာၾကည္လြင္ (ျပည္နယ္က်န္းမာေရးဦးစီးဌာနမွဴး)
ရခိုင္ျပည္နယ္

အခုလို ေသြးလြန္တုန္ေကြးေရာဂါျဖစ္ပြားမႈျမင့္မားေရရတာက ရခိုင္ျပည္နယ္ေနရာအႏွံ႔အျပားမွာ အသံုးျပဳေနၾကတဲ့ ေသာက္သံုးေရေတြဟာ သန္႔စင္ထားတဲ့ေရေတြမဟုတ္ဘဲ တြင္းေရ ကန္ေရေတြကို တိုက္႐ိုက္အသံုးျပဳေနၾကတာေၾကာင့္ အခုလိုမ်ိဳးေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ျဖစ္ပြားမႈႏႈန္းျမင့္မားေနရတာပါ ။

အင္တာဗ်ဴး – ေဒါက္တာၾကည္လြင္ (ျပည္နယ္က်န္းမာေရးဦးစီးဌာနမွဴး-ရခိုင္ျပည္နယ္)

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူဦးေရ ၂၅၉၃ ဦးနဲ႔ ေသဆံုးသူ ၂၇ အထိ႐ွိခဲ့ပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါဟာ အစုလိုက္အၿပံဳလိုက္ ျဖစ္ပြားတတ္ၿပီး ျပင္းထန္တဲ့ေရာဂါျဖစ္တဲ့အတြက္ ကူးစက္ခံရသူေတြဟာ ျပန္လည္ေကာင္းမြန္ဖု႔ိ ခဲ့ယဥ္းတယ္လို႔ က်န္းမာေရးဦးစီးဌာနက သတိေပးထုတ္ျပန္ထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားသူဦးရေ ၉၅ ဦးနဲ့ သေဆုံးသူ တစ်ဦးအထိရှိနေပြီလို့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိ်ုင်ပြည်နယ်မှာ အခုနှစ်ရာသီအကူးအပြာင်းကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၉၅ ယောက်နဲ့ သံတွဲမြို့နယ်မှာ သေဆုံးသူ တစ်ယောက်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ဇန်နဝါရီလကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေမှာ ဖြစ်ပွားနေခြင်းဖြစ်ကာ သံတွဲမြို့နယ်မှာ ဖြစ်ပွားသူ ၅၉ ယောက်မှာ တစ်ယောက် သေဆုံးခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေတာပါ။

အင်တာဗျူး – ဒေါက်တာကြည်လွင် (ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး)
ရခိုင်ပြည်နယ်

အခုလို သွေးလွန်တုန်ကွေးရောဂါဖြစ်ပွားမှုမြင့်မားရေရတာက ရခိုင်ပြည်နယ်နေရာအနှံ့အပြားမှာ အသုံးပြုနေကြတဲ့ သောက်သုံးရေတွေဟာ သန့်စင်ထားတဲ့ရေတွေမဟုတ်ဘဲ တွင်းရေ ကန်ရေတွေကို တိုက်ရိုက်အသုံးပြုနေကြတာကြောင့် အခုလိုမျိုးသွေးလွန်တုပ်ကွေးရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားနေရတာပါ ။

အင်တာဗျူး – ဒေါက်တာကြည်လွင် (ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး-ရခိုင်ပြည်နယ်)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၂၅၉၃ ဦးနဲ့ သေဆုံးသူ ၂၇ အထိရှိခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်ပြီး ပြင်းထန်တဲ့ရောဂါဖြစ်တဲ့အတွက် ကူးစက်ခံရသူတွေဟာ ပြန်လည်ကောင်းမွန်ဖို့ ခဲ့ယဉ်းတယ်လို့ ကျန်းမာရေးဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ် ခင်ဗျာ ။

?bph6