တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕မွာ သြးလြန္တုပ္ေကြးေရာဂါ အမ်ားဆံုးျဖစ္ပြားေန (႐ုပ္/သံ)

0
444

တနသၤာရီတိုင္းေဒသၾကီး ၿမိတ္ၿမိဳ႕နယ္မွာ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆံုး ျဖစ္ပြားေနေၾကာင္း တိုင္းေဒသႀကီး ျပည္သူ႔က်န္မာေရး ဦးစီး႒ာန ကထုတ္ျပန္ပါတယ္။ ဒီသတင္းကို သဥၨာ က တင္ဆက္ ေပးထားပါတယ္။

အခုနွစ္မိုးရာသီအစ ၿမိတ္ၿမိဳ႕မွာ ေသြးလြန္တုတ္ေကြးေရာဂါျဖစ္ပြားမႈနဳန္းျမင့္မားေနျပီး ကေလးငယ္နွစ္ေယာက္ ေသဆံုးခဲ႔ပါတယ္ ။ တိုင္းေဒသၾကီး ျပည္႔သူက်န္းမာေရးဦးစီးဌာနရဲ႕စာရင္းေတြအရ ျမိတ္မွာ ကေလး ၁၄၆ ေယာက္ေသြးလြန္တုတ္ေကြးျဖစ္ပြားျပီး ပုေလာျမိဳ႕နယ္မွာ ၆၅ ေယာက္ျဖစ္ပြားခဲ႔သလို ေသဆံုးမႈအေနနဲ႔ ၃ ေယာက္ေသဆံုးခဲ႔တာပါ ။

အင္တာဗ်ဴး ေဒါက္တာ ေဇာ္မင္းထြန္း (ျပည္သူ႕က်န္မာေရးမွဴး)
တနသၤာရီတိုင္းေဒသႀကီး

ျမိတ္ျမိဳ႕မွာ ေသြးလြန္တုတ္ေကြးေရာဂါ အခ်ိန္ေစာျပီးျဖစ္ပြားေနတာျဖစ္သလို အခ်ိဳ႕ကေလးငယ္ေတြအေနနဲ႔ ေသြးလြန္တုတ္ေကြးေရာဂါျဖစ္ေနတာကို ေဆးရုံေဆးခန္းေရာက္မွ သိရေၾကာင္းဆရာ၀န္တစ္ဦၤးကေျပာပါတယ္ ။

အင္တာဗ်ဴး ေဒါက္တာ သြယ္သြယ္ျမင့္ (ကေလးအထူးကုဆရာ၀န္)

အခုနွစ္ မိုးရာသီအစမွာ တစ္နိုင္ငံလံုး အတိုင္းအတာအရ ေသြးလြန္တုတ္ေကြးေရာဂါျဖစ္ပြားမႈနဳန္းအေနနဲ႔ တနသၤာရီတိုင္းေဒသၾကီးက တတိယအမ်ားဆံုး ျဖစ္ပြားေနတာျဖစ္ျပီး ေရာဂါျဖစ္ပြားသူ ၄၀၀ နီးပါးရွိေနပါ တယ္ ။ ျပီးခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္က တနသၤာရီတိုင္းေဒသၾကီးမွာ ေသြးလြန္တုတ္ေကြးေရာဂါ ျဖစ္ပြားသူ ၈၉၂ ေယာက္ ရွိခဲ႔တယ္လို႔ ျပည္သူ႕က်န္မာေရး ဦးစီး႒ာန ကထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ အများဆုံး ဖြစ်ပွားနေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်မာရေး ဦးစီးဋ္ဌာန ကထုတ်ပြန်ပါတယ်။ ဒီသတင်းကို သဉ္ဇာ က တင်ဆက် ပေးထားပါတယ်။

အခုနှစ်မိုးရာသီအစ မြိတ်မြို့မှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုနုန်းမြင့်မားနေပြီး ကလေးငယ်နှစ်ယောက် သေဆုံးခဲ့ပါတယ် ။ တိုင်းဒေသကြီး ပြည့်သူကျန်းမာရေးဦးစီးဌာနရဲ့စာရင်းတွေအရ မြိတ်မှာ ကလေး ၁၄၆ ယောက်သွေးလွန်တုတ်ကွေးဖြစ်ပွားပြီး ပုလောမြို့နယ်မှာ ၆၅ ယောက်ဖြစ်ပွားခဲ့သလို သေဆုံးမှုအနေနဲ့ ၃ ယောက်သေဆုံးခဲ့တာပါ ။

အင်တာဗျူး ဒေါက်တာ ဇော်မင်းထွန်း (ပြည်သူ့ကျန်မာရေးမှူး)
တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့မှာ သွေးလွန်တုတ်ကွေးရောဂါ အချိန်စောပြီးဖြစ်ပွားနေတာဖြစ်သလို အချို့ကလေးငယ်တွေအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေတာကို ဆေးရုံဆေးခန်းရောက်မှ သိရကြောင်းဆရာဝန်တစ်ဦင်္းကပြောပါတယ် ။

အင်တာဗျူး ဒေါက်တာ သွယ်သွယ်မြင့် (ကလေးအထူးကုဆရာဝန်)

အခုနှစ် မိုးရာသီအစမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုနုန်းအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးက တတိယအများဆုံး ဖြစ်ပွားနေတာဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၄၀ဝ နီးပါးရှိနေပါ တယ် ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တနင်္သာရီတိုင်းဒေသကြီးမှာ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ၈၉၂ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ကျန်မာရေး ဦးစီးဋ္ဌာန ကထုတ်ပြန်ထားပါတယ်

?bph6