ျပည္မွာ မူးယစ္ေဆးေရာင္း၀ယ္တာေတြ ျမင့္တက္ေန (႐ုပ္/သံ)

0
154

ျပည္ၿမိဳ႕မွာ ရက္၂၀အတြင္း မူးယစ္ေဆး၀ါးမႈ ၄ မႈ ဖမ္းဆီးရမိျပီး ေရာင္း၀ယ္ေဖာက္ကားမႈ အမ်ားဆုံးျဖစ္ေနပါတယ္။ ဒီသတင္းကို MCNသတင္းေထာက္ ဟန္ထူးေဇာ္က ေပးပို႔ထားပါတယ္။

ပဲခူးတိုင္းေဒသႀကီးျပည္ၿမိဳ႕နယ္မွာ ဧၿပီလ၂၉ရက္ေန႔ကေန စတင္ျပီး ရက္ ၂၀ အတြင္း မူးယစ္ေဆး၀ါးမႈေပါင္း ၄ မႈဖမ္းဆီးရမိခဲ့ပါတယ္ ။ အဲ့ဒီဖမ္းဆီးမႈမွာ ေနျပည္ေတာ္ ဒုစရုိတ္နိမ္နင္းေရးအဖြဲ႔ (ဒန) က လာေရာက္ဖမ္းဆီးခဲ့ရတဲ့ အမႈေတြလဲရွိေနျပီး ရဲ၀န္ထမ္းေဟာင္း တဦးကိုလည္း စိတ္ၾကြရႈးသြပ္ေဆးျပားေတြနဲ႕အတူ ဖမ္းဆီးရမိခဲ့ပါတယ္ ။

အင္တာဗ်ဴး ဒုရဲမွဴးဦးျမင့္ေဇာ္ (ျပည္ျမိဳ႕မရဲစခန္း)

ဖမ္းဆီးရမိတဲ့အမႈေတြက ေရာင္း၀ယ္မႈေတြသာအမ်ားဆုံးျဖစ္ေနျပီး ျပည္ျမိဳ႕နယ္ဟာ ရန္ကုန္းတိုင္း မေကြးတိုင္း ဧရာ၀တီတိုင္း ရခုိင္ျပည္နယ္တို႕နဲ႕ထိစပ္ေနတဲ့ ျမိဳ႕ျဖစ္တဲ႔အတြက္ မႈးယစ္ေဆး၀ါး လုပ္ကိုင္ေနသူေတြ အားရုံစိုက္တဲ့ျမိဳ႕တျမိဳ႕ျဖစ္ေနတယ္လို႔ ျမိဳ႕မစခန္းမွဴးကေျပာပါတယ္။

အင္တာဗ်ဴး ဒုရဲမွဴးဦးျမင့္ေဇာ္ (ျပည္ျမိဳ႕မရဲစခန္း)

အခုလို ျပည္ျမိဳ႕မွာ ဖမ္းဆီးမႈေတြလုပ္ေဆာင္ေနတဲ႔အတြက္ ထြက္ေျပးတိမ္းေရွာင္ေနသူေတြလဲရွိေနျပီး ၀င္ေရာက္ဖမ္းဆီးတဲ့ သဇင္လွရပ္ကြက္က ေနအိမ္မွာေတာ့ မႈယစ္ေဆး၀ါးေတြနဲ႕အတူ စာအိတ္ေတြေပၚမွာ နံမည္ေတြထိုးထားတဲ့ပိုက္ဆံ ၂၅သိန္းေက်ာ္ကိုလဲ ဖမ္းဆီးရမိခဲ႔ပါတယ္ ။ ဒါအျပင္ မႈးယစ္ေဆး၀ါးအမႈေတြမွာ ပါ၀င္တဲ႔ ဆက္စပ္တရားခံေတြကို စုံစမ္းေဖာ္ထုတ္အေရးယူသြားမွာ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာဆို ထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့မှာ ရက်၂၀အတွင်း မူးယစ်ဆေးဝါးမှု ၄ မှု ဖမ်းဆီးရမိပြီး ရောင်းဝယ်ဖောက်ကားမှု အများဆုံးဖြစ်နေပါတယ်။ ဒီသတင်းကို MCNသတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ်။

ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်မှာ ဧပြီလ၂၉ရက်နေ့ကနေ စတင်ပြီး ရက် ၂၀ အတွင်း မူးယစ်ဆေးဝါးမှုပေါင်း ၄ မှုဖမ်းဆီးရမိခဲ့ပါတယ် ။ အဲ့ဒီဖမ်းဆီးမှုမှာ နေပြည်တော် ဒုစရိုတ်နိမ်နင်းရေးအဖွဲ့ (ဒန) က လာရောက်ဖမ်းဆီးခဲ့ရတဲ့ အမှုတွေလဲရှိနေပြီး ရဲဝန်ထမ်းဟောင်း တဦးကိုလည်း စိတ်ကြွရှုးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ် ။

အင်တာဗျူး ဒုရဲမှူးဦးမြင့်ဇော် (ပြည်မြို့မရဲစခန်း)

ဖမ်းဆီးရမိတဲ့အမှုတွေက ရောင်းဝယ်မှုတွေသာအများဆုံးဖြစ်နေပြီး ပြည်မြို့နယ်ဟာ ရန်ကုန်းတိုင်း မကွေးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်တဲ့အတွက် မှုးယစ်ဆေးဝါး လုပ်ကိုင်နေသူတွေ အားရုံစိုက်တဲ့မြို့တမြို့ဖြစ်နေတယ်လို့ မြို့မစခန်းမှူးကပြောပါတယ်။

အင်တာဗျူး ဒုရဲမှူးဦးမြင့်ဇော် (ပြည်မြို့မရဲစခန်း)

အခုလို ပြည်မြို့မှာ ဖမ်းဆီးမှုတွေလုပ်ဆောင်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေသူတွေလဲရှိနေပြီး ဝင်ရောက်ဖမ်းဆီးတဲ့ သဇင်လှရပ်ကွက်က နေအိမ်မှာတော့ မှုယစ်ဆေးဝါးတွေနဲ့အတူ စာအိတ်တွေပေါ်မှာ နံမည်တွေထိုးထားတဲ့ပိုက်ဆံ ၂၅သိန်းကျော်ကိုလဲ ဖမ်းဆီးရမိခဲ့ပါတယ် ။ ဒါအပြင် မှုးယစ်ဆေးဝါးအမှုတွေမှာ ပါဝင်တဲ့ ဆက်စပ်တရားခံတွေကို စုံစမ်းဖော်ထုတ်အရေးယူသွားမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောဆို ထားပါတယ် ခင်ဗျာ။

?bph6