ၿမိတ္မွာ ဓနိေတာျပဳန္းတီးလို႔ ဓနိဖက္လုပ္ကိုင္သူေတြ အခက္ေတြ႕ (႐ုပ္/သံ)

0
591

ၿမိတ္ေဒသမွာ ဓနိေတာေတြ ျပဳန္းတီးလာတဲ့အတြက္ ဓနိဖက္အမိုးလုပ္ငန္း လုပ္ကိုင္တဲ့ေဒသခံေတြ အလုပ္လက္မဲ့ ျဖစ္ေပၚေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ သက္သက္ဦး က တင္ဆက္ေပးထားပါတယ္။

ၿမိတ္ၿမိဳ႕မွာ ၂၀၁၅ ခုႏွစ္က စတင္ၿပီး အိမ္ယာေျမ ေဖာ္ထုတ္ေရး စီမံကိန္းေတြ ၀င္ေရာက္ လုပ္ကိုင္လာၿပီးေနာက္ ဓနိပင္ေတြကို ခုတ္ထြင္ ရွင္းလင္းမွဳေတြ ျပဳလုပ္ရာမွ အပင္ေတြ ျပဳန္းတီးလာလာေနတာပါ ။ အခုခ်ိန္မွာေတာ႔ ေဒသခံေတြ မိရိုးဖလာအျဖစ္ လုပ္ကိုင္ေနတဲ႔ ဓနိဖက္ထိုး လုပ္ငန္းေတြဟာ တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္လာေနၿပီး၊ အလုပ္လက္မဲ႔ေတြ ျဖစ္ေပၚေနပါတယ္ ။

အင္တာဗ်ဴး ေဒၚႏြယ္၀င္း (ဓနိဖက္ထိုးသူ)

ျမိတ္ခရုိင္ထဲက ကလြင္ေက်းရြာအုပ္စု၊ ရွမ္းေခ်ာင္းႀကီး ေက်းရြာဟာ အရင္က ဓနိဖက္ထိုး လုပ္ငန္းကို ေဒသခံ ေတြ ရြာလံုးကြ်တ္နီးပါး မိရိုးဖလာ လုပ္ငန္းအျဖစ္ လုပ္ကိုင္ခဲ႔ေပမယ္႔ အခုအခါ အဲ႔ဒီလုပ္ငန္းကို လုပ္ကိုင္သူ အနည္းငယ္သာ က်န္ရွိေတာ႔တာျဖစ္ပါတယ္ ။ အခုအခါမွာေတာ႔ ဓနိပင္ေတြ ျပဳန္းတီးလာတဲ႔တြက္ အိမ္အမိုး ဓနိဖက္ထိုးလုပ္ကိုင္တဲ႔သူေတြ အလုပ္လက္မဲ႔ေတြျဖစ္ကုန္တာျဖစ္ပါတယ္ ။

အင္တာဗ်ဴး ေဒၚေအး၀င္း (ဓနိဖက္ထိုးသူ)

ဓနိဖက္ကို ကိုယ္ပိုင္ ထိုးေရာင္းပါက ဖက္တစ္ရြက္ကို ၄၀က်ပ္ကေန ၅၀က်ပ္ အထိ ရရွိျပီး အငွားထိုးပါက တစ္ရြက္ကို ၇ က်ပ္၇ရွိပါတယ္ ။ ဓနိဖက္လုပ္ကိုင္တဲ႔သူေတြအေနနဲ႔ တစ္ေန႔ကို အရြက္ ၂၀၀ ကေန ၃၀၀ အထိ လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်ဒေသမှာ ဓနိတောတွေ ပြုန်းတီးလာတဲ့အတွက် ဓနိဖက်အမိုးလုပ်ငန်း လုပ်ကိုင်တဲ့ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်ပေါ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သက်သက်ဦး က တင်ဆက်ပေးထားပါတယ်။

မြိတ်မြို့မှာ ၂၀၁၅ ခုနှစ်က စတင်ပြီး အိမ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းတွေ ဝင်ရောက် လုပ်ကိုင်လာပြီးနောက် ဓနိပင်တွေကို ခုတ်ထွင် ရှင်းလင်းမှုတွေ ပြုလုပ်ရာမှ အပင်တွေ ပြုန်းတီးလာလာနေတာပါ ။ အခုချိန်မှာတော့ ဒေသခံတွေ မိရိုးဖလာအဖြစ် လုပ်ကိုင်နေတဲ့ ဓနိဖက်ထိုး လုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာနေပြီး၊ အလုပ်လက်မဲ့တွေ ဖြစ်ပေါ်နေပါတယ် ။

အင်တာဗျူး ဒေါ်နွယ်ဝင်း (ဓနိဖက်ထိုးသူ)

မြိတ်ခရိုင်ထဲက ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီး ကျေးရွာဟာ အရင်က ဓနိဖက်ထိုး လုပ်ငန်းကို ဒေသခံ တွေ ရွာလုံးကျွတ်နီးပါး မိရိုးဖလာ လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် အခုအခါ အဲ့ဒီလုပ်ငန်းကို လုပ်ကိုင်သူ အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပါတယ် ။ အခုအခါမှာတော့ ဓနိပင်တွေ ပြုန်းတီးလာတဲ့တွက် အိမ်အမိုး ဓနိဖက်ထိုးလုပ်ကိုင်တဲ့သူတွေ အလုပ်လက်မဲ့တွေဖြစ်ကုန်တာဖြစ်ပါတယ် ။

အင်တာဗျူး ဒေါ်အေးဝင်း (ဓနိဖက်ထိုးသူ)

ဓနိဖက်ကို ကိုယ်ပိုင် ထိုးရောင်းပါက ဖက်တစ်ရွက်ကို ၄၀ကျပ်ကနေ ၅၀ကျပ် အထိ ရရှိပြီး အငှားထိုးပါက တစ်ရွက်ကို ၇ ကျပ်၇ရှိပါတယ် ။ ဓနိဖက်လုပ်ကိုင်တဲ့သူတွေအနေနဲ့ တစ်နေ့ကို အရွက် ၂၀ဝ ကနေ ၃၀ဝ အထိ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

?bph6