မၾကာခင္ ျမန္မာျပည္ က်န္းမာေရးအဆင့္အတန္း ျမင့္လာမယ္လို႔ က်န္းမာေရး၀န္ႀကီးေျပာ (႐ုပ္/သံ)

0
649

ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးအဆင့္အတန္းဟာ လာမယ့္ ၂ ႏွစ္ ၃ ႏွစ္အတြင္းမွာ လက္ရွိအေျခအေနထက္ ပိုမိုျမင့္မားလာဖို႔ ရွိတယ္လို႔ က်န္းမာေရးႏွင့္အားကစား၀န္ၾကီးက ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကို MCN ေနျပည္ေတာ္သတင္းေထာက္ ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေဆးလိပ္ႏွင့္ ေဆးရြက္ၾကီးေသာက္သံုးမႈကို ထိန္းခ်ဳပ္ေရးအတြက္ ထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာကို စတင္ေနျပီျဖစ္တဲ့အတြက္ လာမယ့္ႏွစ္ေတြမွာ ျမန္မာျပည္သူေတြရဲ႕ က်န္းမာေရးအဆင့္အတန္း ျမင့္မားလာဖုိ႔အတြက္ က်န္းမာေရး၀န္ၾကီးက ယံုၾကည္ေနတာပါ ။
ျမန္မာနိုင္ငံမွာ ေဆးလိပ္နဲ႔ ေဆးရြက္ၾကီး သံုးစြဲမႈ ေလ်ာ့က်ေစဖုိ႔အတြက္ ေမလ ၈ ရက္ေန႔က ေနျပည္ေတာ္မွာ ေဆးလိပ္ႏွင့္ ေဆးရြက္ၾကီးေသာက္သံုးမႈ ထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာ စတင္ျခင္း အထိန္းအမွတ္ အခမ္းအနားက်င္းပခဲ႔ပါတယ္ ။

Sound – ေဒါက္တာျမင့္ေထြး ( ျပည္ေထာင္စု၀န္ၾကီး၊ က်န္းမာေရးႏွင့္အားကစား၀န္ၾကီး႒ာန)

ျမန္မာႏိုင္ငံဟာ ေဆးလိပ္နဲ႔ ေဆးရြက္ၾကီး သံုးစြဲမႈအေနနဲ႔ အာဆီယံေဒသ အတြင္းမွာ အျမင့္မားဆံဳးအေျခအေန တစ္ရပ္မွာ ရွိေနတာပါ။ ဒီလို ေဆးလိပ္ေသာက္သံုးမႈႏႈန္းကို ေလွ်ာ့ခ်ႏုိင္မယ္ဆုိပါက ေဆးရုံေဆးခန္းကို လာေရာက္မယ့္ လူနာေတြ နည္းပါးသြားမွာျဖစ္တယ္လို႔ ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

Sound – ေဒါက္တာျမင့္ေထြး ( ျပည္ေထာင္စု၀န္ၾကီး၊ က်န္းမာေရးႏွင့္အားကစား၀န္ၾကီး႒ာန)

ေဆးရြက္ၾကီးသံုးစြဲမႈနဲ႔ ပတ္သက္ျပီး ျမန္မာႏုိင္ငံဟာ ေဆးလိပ္ေသာက္သံုးရုံတင္မကဘဲ ကြမ္းယာအတြင္းထည့္သြင္း စားသံုးျခင္းလည္းရွိေနျပီး ျမန္မာႏုိင္ငံမွာ ကြမ္းစာသူအေရအတြက္ ျမင့္တက္ေနတယ္လို႔ က်န္းမာေရးႏွင့္အားကစား၀န္ၾကီး ႒ာနက ထုတ္ျပန္ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်းမှာ လက်ရှိအခြေအနေထက် ပိုမိုမြင့်မားလာဖို့ ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကို ထိန်းချုပ်ရေးအတွက် ထိန်းချုပ်ရေး မဟာဗျူဟာကို စတင်နေပြီဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာဖို့အတွက် ကျန်းမာရေးဝန်ကြီးက ယုံကြည်နေတာပါ ။
မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု လျော့ကျစေဖို့အတွက် မေလ ၈ ရက်နေ့က နေပြည်တော်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေး မဟာဗျူဟာ စတင်ခြင်း အထိန်းအမှတ် အခမ်းအနားကျင်းပခဲ့ပါတယ် ။

Sound – ဒေါက်တာမြင့်ထွေး ( ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာန)

မြန်မာနိုင်ငံဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုအနေနဲ့ အာဆီယံဒေသ အတွင်းမှာ အမြင့်မားဆုံးအခြေအနေ တစ်ရပ်မှာ ရှိနေတာပါ။ ဒီလို ဆေးလိပ်သောက်သုံးမှုနှုန်းကို လျှော့ချနိုင်မယ်ဆိုပါက ဆေးရုံဆေးခန်းကို လာရောက်မယ့် လူနာတွေ နည်းပါးသွားမှာဖြစ်တယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

Sound – ဒေါက်တာမြင့်ထွေး ( ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာန)

ဆေးရွက်ကြီးသုံးစွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးရုံတင်မကဘဲ ကွမ်းယာအတွင်းထည့်သွင်း စားသုံးခြင်းလည်းရှိနေပြီး မြန်မာနိုင်ငံမှာ ကွမ်းစာသူအရေအတွက် မြင့်တက်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဋ္ဌာနက ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

?bph6