ရခိုင်မင်္ဂလာစည်တွေ ပြည်ပအထိ တင်ပို့နေရ (ရုပ်/သံ)

0
632







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်မင်္ဂလာစည်တွေကို အသုံးပြုမှုများပြားလာတာကြောင့် ပြည်ပဈေးကွက်တွေအထိ တင်ပို့နေကြရပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ရိုးရာမင်္ဂလာစည်တော်လုပ်ငန်းဟာ အသုံးပြုသူနည်းပါးခဲ့တဲ့အတွက် လုပ်ကိုင်သူတွေလည်းမရှိသလောက် နည်းပါးခဲ့ရာကနေ အခုအခါမှာ ပြန်လည်အသုံးပြုမှုများပြားလာနေတာပါ ။ အရင်က စည်လုပ်ငန်း လုပ်ကိုင်သူတွေဟာ တစ်နှစ်ကိုအလုံးရေ ၂၀ ဝန်းကျင်လောက်သာ လုပ်ကိုင်ခဲ့ကြရပေမယ့် အခုနှစ်မှာတော့ အလုံးရေ ရာချီပြီးလုပ်ကိုင်နေရတာဖြစ်သလို စည်တွေ ရောင်းအားကောင်းနေတာ လေးနှစ်လောက် ရှိပြီဖြစ်ပါတယ် ။

အင်တာဗျူး – ဦးမောင်သာအေး (လုပ်ငန်းရှင်)
ရခိုင်မင်္ဂလာစည်တော်လုပ်ငန်း

လက်ရှိမှာတော့ မင်္ဂလာစည်တော်တွေကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်တွေကိုလည်း တင်ပို့ရောင်းချ နေကြရပါတယ် ။ လက်ရှိမှာတော့ စည်လုပ်ငန်းတွေ တွင်ကျယ်လာနေပေမယ့် သစ်ကုန်ကြမ်းရှားပါးမှုနဲ့ ခေတ်မီစက်ကိရိယာတွေကို အသုံးမပြုနိုင်သေးတဲ့အတွက် လုပ်ငန်းကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ် ။

အင်တာဗျူး – – ဦးမောင်သာအေး (လုပ်ငန်းရှင်)
ရခိုင်မင်္ဂလာစည်တော်လုပ်ငန်း

ရခိုင်ရိုးရာ မင်္ဂလာစည်လုပ်ငန်း လုပ်ကိုင်သူတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်လာက်က ရခိုင်ပြည်နယ်အတွင်း မရှိသလောက်နည်းပါးခဲ့ပေမယ့် လုပ်ငန်းတွင်ကျယ်လာခဲ့တဲ့အတွက် အခုအခါမှာတော့ လုပ်ကိုင်သူတွေလည်း ပြန်လည်များပြားလာနေတာဖြစ်ပါတယ် ခင်ဗျား။

?bph6