ဟံသာဝတီ ဦးဝင္တင္ရွိပါက ျမန္မာႏိုင္ငံေရး အခုထက္ အေျပာင္းအလဲ ပိုျဖစ္နိုင္ဟုဆို (႐ုပ္/သံ)

0
730

ဟံသာဝတီ ဦးဝင္တင္ရွိေနေသးရင္ ျမန္မာႏိုင္ငံေရးမွာ အခုထက္ပိုတဲ႔ အေျပာင္းအလဲေတြ ျမင္ေတြ႕ရမွာျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ခံ စာေရးဆရာေတြက ေျပာဆိုလိုက္ပါတယ္။ ဒီသတင္းကို မႏၱေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

သတင္းစာဆရာႀကီး ဟံသာဝတီ ဦးဝင္းတင္ ရွိေနေသးရင္ ျမန္မာ့ႏိုင္ငံေရးမွာ အခုထက္ပိုတဲ႔အေျပာင္းအလဲေတြ ျမင္ေတြ႕ရမယ္လို႔ ၿမိဳ႕ခံစာေရးဆရာေတြကေျပာဆိုလိုက္ပါတယ္။

ဧျပီလ ၂၁ရက္ေန႔မွာ က်ေရာက္တဲ႔ သတင္းစာဆရာႀကီး ဟံသာဝတီဦးဝင္တင္ ကြယ္လြန္တဲ႔ အထိမ္းအမွတ္ ေအာက္ေမ့ဖြယ္အခမ္းအနားကို မႏၲေလးၿမိဳ႕ ေတာင္ေလးလံုးေက်ာင္းတိုက္မွာ ျပဳလုပ္ခဲ႔ၿပီး တက္ေရာက္ လာတဲ႔ၿမိဳ႔ခံစာေရးဆရာေတြက အဲ႔ဒီလို ေျပာဆိုခဲ႔တာျဖစ္ပါတယ္။

အင္တာဗ်ဴး ဆရာ ညီေစမင္း
မႏၲေလးၿမိဳ႕ခံ စာေရးဆရာ

အဲ႔ဒီေအာက္ေမ့ဖြယ္အခမ္းအနားမွာ ဟံသာဝတီဦးဝင္းတင္ရဲ႕ စာအုပ္ေတြ ျပသတာ ။ ဂုဏ္ျပဳကာတြန္းေတြ ေရးဆြဲျပသတာဦးဝင္းတင္ရဲ႕ အမွတ္တရ ဓာတ္ပံုေတြျပသတာနဲ႔ ဦးဝင္းတင္ကို လြမ္းဆြတ္တဲ႔ အမွတ္တရ စကားေျပာၾကားတာေတြ ျပဳလုပ္ခဲ႔ၾကတာပါ။

ဒါ့အျပင္ လက္ရွိ ျမန္မာ့ႏိုင္ငံေရးဟာ ဦးဝင္တင္ ယံုၾကည္ခဲ႔တဲ႔ လမ္းစဥ္ဆီကို တည့္တည့္မတ္မတ္ မေရာက္ေသးဘူးလို႔လည္း ၿမိဳ႔ခံစာေရးဆရာေတြက ေျပာပါတယ္။

အင္တာဗ်ဴး ဦးထြန္းေအာင္ေက်ာ္ (ေရွ႕ေန)
မႏၲေလးၿမိဳ႕ခံ စာေရးဆရာ

ဟံသာဝတီ ဦးဝင္းတင္ကြယ္လြန္ျခငိး ေလးႏွစ္ျပည့္ေအာက္ေမ့ဖြယ္ အခမ္းအနားေတြကို မႏၲေလးၿမိဳ႔ ေတာင္ေလးလံုးေက်ာင္းတိုက္နဲ႔ မႏၲေလး ကြန္ျမဴနတီ စင္တာတို႔ မွာ က်င္းပခဲ့ၾကတာပဲျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟံသာဝတီ ဦးဝင်တင်ရှိနေသေးရင် မြန်မာနိုင်ငံရေးမှာ အခုထက်ပိုတဲ့ အပြောင်းအလဲတွေ မြင်တွေ့ရမှာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာတွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရှိနေသေးရင် မြန်မာ့နိုင်ငံရေးမှာ အခုထက်ပိုတဲ့အပြောင်းအလဲတွေ မြင်တွေ့ရမယ်လို့ မြို့ခံစာရေးဆရာတွေကပြောဆိုလိုက်ပါတယ်။

ဧပြီလ ၂၁ရက်နေ့မှာ ကျရောက်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် ကွယ်လွန်တဲ့ အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို မန္တလေးမြို့ တောင်လေးလုံးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး တက်ရောက် လာတဲ့မြို့ခံစာရေးဆရာတွေက အဲ့ဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး ဆရာ ညီစေမင်း
မန္တလေးမြို့ခံ စာရေးဆရာ

အဲ့ဒီအောက်မေ့ဖွယ်အခမ်းအနားမှာ ဟံသာဝတီဦးဝင်းတင်ရဲ့ စာအုပ်တွေ ပြသတာ ။ ဂုဏ်ပြုကာတွန်းတွေ ရေးဆွဲပြသတာဦးဝင်းတင်ရဲ့ အမှတ်တရ ဓာတ်ပုံတွေပြသတာနဲ့ ဦးဝင်းတင်ကို လွမ်းဆွတ်တဲ့ အမှတ်တရ စကားပြောကြားတာတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ဦးဝင်တင် ယုံကြည်ခဲ့တဲ့ လမ်းစဉ်ဆီကို တည့်တည့်မတ်မတ် မရောက်သေးဘူးလို့လည်း မြို့ခံစာရေးဆရာတွေက ပြောပါတယ်။

အင်တာဗျူး ဦးထွန်းအောင်ကျော် (ရှေ့နေ)
မန္တလေးမြို့ခံ စာရေးဆရာ

ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြငိး လေးနှစ်ပြည့်အောက်မေ့ဖွယ် အခမ်းအနားတွေကို မန္တလေးမြို့ တောင်လေးလုံးကျောင်းတိုက်နဲ့ မန္တလေး ကွန်မြူနတီ စင်တာတို့ မှာ ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။