နိုင္ငံတကာ႐ုပ္ရွင္ကို ထိုးေဖာက္ဖို႔ လူသစ္ေတြနဲ႔ ျပဳျပင္ရမယ္လို႔ ခီေမာင္နွံေျပာ (႐ုပ္/သံ)

0
823

နိုင္ငံတကာ႐ုပ္ရွင္ေလာကကို ထိုးေဖာက္နိုင္ဖို႔ လူသစ္ေတြလိုအပ္ေနသလို ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ ဇဏ္ခီတို႔ ဇနီးေမာင္နွံက ေ့ျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ဟန္ထူးေဇာ္က ေပးပို႔ထားပါတယ္။

ျပည္ျမိဳ႕မွာ ဧျပီလ၁၉ရက္ေန႕က မဂၤလာဂါဒင္းဟိုမွာ သရုပ္ေဆာင္ ဇဏ္ခီးတို႕ဇနီးေမာင္ႏွံနဲ႔ သူတို႕ကို အားေပးတဲ့ ပရိတ္သတ္ေတြ႕ ေတြ႕ဆုံပဲြတခုျပဳလုပ္ခဲ့ပါတယ္။
အဲဒီေတြ႕ဆုံပဲြမွာ နိုင္ငံတကာရုပ္ရွင္ေလာကကို ထိုးေဖာက္နိုင္ဖို႕ဆိုရင္ နိုင္ငံတကာကို ရင္ေဘာင္တန္းတဲ့ ဒါရိုက္တာ သရုပ္ေဆာင္စတဲ႔ အဖဲြ႕အစည္းတခုလုံးလိုအပ္ေနျပီး လူသစ္ေတြကိုလဲ ေခၚယူလက္တဲြဖို႕ လိုအပ္တယ္လို႔ ဇဏ္ခီကေျပာပါတယ္ ။

အင္တာဗ်ဴး ဇဏ္ခီး(သရုပ္ေဆာင္)

ဒါအျပင္ ျမန္မာရုပ္ရွင္ေလာကမွာ ရုပ္ရွင္ဇတ္ကားကေန ဗီဒီယိုအေခြထြက္ဖို႕အတြက္ ဇက္ကား ရုံတင္ျပီး ၁နွစ္ၾကာမွ အေခြထြက္ခြင့္ေပးထားတာဟာ မွားယြင္းေနတယ္လို႕ ခရစ္စတီးနားခီ ကေျပာပါတယ္ ။

အင္တာဗ်ဴး ခရစ္စတီးနား ခီ (ဒါရိုက္တာ)

လက္တေလာမွာ သူတို႕ဇနီးေမာင္နွံရိုက္ကူးထားတဲ့ မုျဒာရဲ႕ေခၚသံနဲ႕ ဥပါယ္တံမ်ဥ္းဇတ္ကားဟာ ျမန္မာရုပ္ရွင္ပရိသတ္ေတြသာမက ျပည္ပနိုင္ငံေတြမွာလဲ ေအာင္ျမင္မႈရရွိေနတာပါ။ ဇဏ္ခီးတို႕မိသားစုဟာ ျပည္ျမိဳ႕ကို အလည္လာေရာက္ခဲ႔တာျဖစ္ျပီး သူတို႔ကို ခ်စ္တဲ့ပရိတ္သတ္ေတြရဲ႕ေတာင္းဆုိမႈ႕ေၾကာင့္ အခုလိုေတြ႔ဆံုပြဲကို စိစီစဥ္ျဖစ္တာျဖစ္ျပီး ပရိတ္သတ္၃၀၀ေက်ာ္တက္ေရာက္ခဲ့ၾကပါတယ္ ခင္ဗ်ာ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာရုပ်ရှင်လောကကို ထိုးဖောက်နိုင်ဖို့ လူသစ်တွေလိုအပ်နေသလို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ဇဏ်ခီတို့ ဇနီးမောင်နှံက ေ့ပြာပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ်။

ပြည်မြို့မှာ ဧပြီလ၁၉ရက်နေ့က မင်္ဂလာဂါဒင်းဟိုမှာ သရုပ်ဆောင် ဇဏ်ခီးတို့ဇနီးမောင်နှံနဲ့ သူတို့ကို အားပေးတဲ့ ပရိတ်သတ်တွေ့ တွေ့ဆုံပွဲတခုပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတကာရုပ်ရှင်လောကကို ထိုးဖောက်နိုင်ဖို့ဆိုရင် နိုင်ငံတကာကို ရင်ဘောင်တန်းတဲ့ ဒါရိုက်တာ သရုပ်ဆောင်စတဲ့ အဖွဲ့အစည်းတခုလုံးလိုအပ်နေပြီး လူသစ်တွေကိုလဲ ခေါ်ယူလက်တွဲဖို့ လိုအပ်တယ်လို့ ဇဏ်ခီကပြောပါတယ် ။

အင်တာဗျူး ဇဏ်ခီး(သရုပ်ဆောင်)

ဒါအပြင် မြန်မာရုပ်ရှင်လောကမှာ ရုပ်ရှင်ဇတ်ကားကနေ ဗီဒီယိုအခွေထွက်ဖို့အတွက် ဇက်ကား ရုံတင်ပြီး ၁နှစ်ကြာမှ အခွေထွက်ခွင့်ပေးထားတာဟာ မှားယွင်းနေတယ်လို့ ခရစ်စတီးနားခီ ကပြောပါတယ် ။

အင်တာဗျူး ခရစ်စတီးနား ခီ (ဒါရိုက်တာ)

လက်တလောမှာ သူတို့ဇနီးမောင်နှံရိုက်ကူးထားတဲ့ မုဒြာရဲ့ခေါ်သံနဲ့ ဥပါယ်တံမျဉ်းဇတ်ကားဟာ မြန်မာရုပ်ရှင်ပရိသတ်တွေသာမက ပြည်ပနိုင်ငံတွေမှာလဲ အောင်မြင်မှုရရှိနေတာပါ။ ဇဏ်ခီးတို့မိသားစုဟာ ပြည်မြို့ကို အလည်လာရောက်ခဲ့တာဖြစ်ပြီး သူတို့ကို ချစ်တဲ့ပရိတ်သတ်တွေရဲ့တောင်းဆိုမှု့ကြောင့် အခုလိုတွေ့ဆုံပွဲကို စိစီစဉ်ဖြစ်တာဖြစ်ပြီး ပရိတ်သတ်၃၀ဝကျော်တက်ရောက်ခဲ့ကြပါတယ် ခင်ဗျာ။