ယခုနှစ်သင်္ကြန် တိုင်းဧရာမှာ မှုခင်းဖြစ်ပွားမှု အရင်နှစ်တွေကထက် လျော့ကျ (ရုပ်/သံ)

0
578







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သင်္ကြန်ကာလ ဧရာဝတီတိုင်းဒေသကြီးမှာ သုံးနှစ်အတွင်း မှုခင်းဖြစ်ပွားမှု အနည်းဆုံး အထိကျဆင်းခဲ့ပါတယ် ။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ သင်္ကြန်ကာလ ၄ ရက်အတွင်း မှုခင်းဖြစ်ပွားမှု ၁၀မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကာ ၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

အင်တာဗျူး ဒုတိယရဲမှူးကြီး ခင်မောင်လတ်
(ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး)

ယာဉ်တိုက်မှုအနေနဲ့ကတော့ ၄၄မှုဖြစ်ပွားခဲ့ပြီး ၁၂ဦးသေဆုံးခဲ့ပြီး ၁၀၂ဦးဒဏ်ရာရရှိခဲ့တယ် လို့ဆိုပါတယ်။

အင်တာဗျူး ဒုတိယရဲမှူးကြီး ခင်မောင်လတ်
(ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး)

ယာဉ်တိုက်မှုနဲ့ပက်သက်လို့ကတော့ လည်ရင်းပတ်ရင်းဖြစ်ပွားခဲ့တာမျိုးမဟုတ်ပဲ ခရီးသွားရင်းလာရင်း ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ် ခင်ဗျာ ။

?bph6