ျပည္ခုိင္ၿဖိဳးပါတီ၀င္ေဟာင္း ဦးတီခြန္ျမတ္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ျဖစ္လာ (႐ုပ္/သံ)

0
792

ဒီေန႔က်င္းပတဲ့ ဒုတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္မွာ ျပည္ခုိင္ၿဖိဳးပါတီ၀င္ေဟာင္းလည္း လက္ရွိျပည္သူ႔လႊတ္ေတာ္ရဲ႕ ဒုတိယဥကၠဌအျဖစ္ တာ၀န္ယူခဲ့တဲ့ ဦးတီခြန္ျမတ္ကို ျပည္သူ႔လႊတ္ေတာ္ရဲ႕ ဥကၠ႒ အသစ္အျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ၿဖိဳးသက္ ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီ၀င္ကိုယ္စားလွယ္ေတြ အမ်ားစုရွိေနတဲ့ ျပည္သူ႔လႊတ္ေတာ္မွာ လက္ရွိျပည္သူ႔လႊတ္ေတာ္ရဲ႕ ဒုတိယဥကၠဌ ဦးတီခြန္ျမတ္ကို ဒီေန႔က်င္းပတဲ့ ဒုတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္ရဲ႕ ဥကၠဌအသစ္ ေရြးခ်ယ္တင္ေျမွာက္ခဲ့ပါတယ္။

မတ္လ ၂၁ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦး၀င္းျမင့္ ႏုတ္ထြက္ခဲ့တာေၾကာင့္ ဥကၠဌသစ္ေရြးခ်ယ္မႈကို ဒီေန႔ မတ္လ ၂၂ ရက္က ျပည္သူ႔လႊတ္ေတာ္အတြင္းျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ဦးတီခြန္ျမတ္ကို NLD ကိုယ္စားလွယ္ ေဒၚခင္စန္းလိႈင္က အဆုိျပဳခဲ့ျပီး ျပည္ခုိင္ျဖိဳးပါတီ၀င္ ဦးသိန္းထြန္းက ေပ်ာ္ဘြယ္ ဦးေသာင္းေအးကို အဆိုျပဳခဲ့ပါတယ္။
မဲဆႏၵခံယူရာမွာေတာ့ ဦးတီခြန္ျမတ္က ေထာက္ခံမဲ ထက္၀က္ေက်ာ္ရရွိၿပီး ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ျဖစ္လာခဲ့တာပါ။
NLD ပါတီ၀င္မဟုတ္သူတစ္ဦးကို ဥကၠ႒ ေနရာအတြက္ အဆုိျပဳခဲ့တာနဲ႔ပတ္သက္ျပီး ေဒၚခင္စန္းလိႈင္က အခုလို ေျပာပါတယ္။
Interview – ေဒၚခင္စန္းလိႈင္ ( ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

အရင္က ျပည္သူ႔လႊတ္ေတာ္မွာ ဒုတိယဥကၠ႒အျဖစ္ တာ၀န္ယူထားတဲ့ ဦးတီခြန္ျမတ္ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ျဖစ္လာတာေၾကာင့္ ဒုတိယဥကၠဌေနရာအတြက္ကိုလည္း ေရြးခ်ယ္ခဲ့ရပါတယ္။ ဒီလုိေရြးခ်ယ္ရာမွာေတာ့ NLD ပါတီရဲ႕ CEC တစ္ဦးျဖစ္တဲ့ ဦးထြန္းထြန္းဟိန္ ေရြးခ်ယ္တင္ေျမွာက္ခဲ့ပါတယ္။
ဦးထြန္းထြန္းဟိန္ဟာ ဥပေဒၾကမ္းေကာ္မတီရဲ႕ ဥကၠ႒အျဖစ္တာ၀န္ယူေနရာကေန ျပည္သူ႔လႊတ္ေတာ္ရဲ႕ ဒုတိယဥကၠဌအျဖစ္ ေျပာင္းလဲတာ၀န္ယူရမွာျဖစ္ပါတယ္။

Interview – ဦးထြန္ထြန္းဟိန္ (ဒုတိယဥကၠဌ )
ျပည္သူ႔လႊတ္ေတာ္

ျပည္သူ႔လႊတ္ေတာ္ရဲ႕ ဥကၠ႒အသစ္အျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခဲ့တဲ့ ဦးတီခြန္ျမတ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ျပည္ခုိင္ၿဖိဳးပါတီကေန ႏႈတ္ထြက္ထားၿပီၚ တစ္သီးပုဂၢလအျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။ ဦးတီခြန္ျမတ္ဟာ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒေရးဆြဲရာမွာ ပါ၀င္ခဲ့သူတစ္ဦးျဖစ္သလို ေရွ႕ေနခ်ဳပ္ရုံးမွာ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး အရင္လႊတ္ေတာ္သက္တမ္းအတြင္း ဥပေဒၾကမ္းေကာ္မတီရဲ႕ ဥကၠ႒အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ျဖစ္လာျပီျဖစ္တဲ့ ဦးတီခြန္ျမတ္ဟာ ေနာက္လႊတ္ေတာ္သက္တမ္းအတြင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက အျဖစ္လည္း တာ၀န္ယူေဆာင္ရြက္ရမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းလည်း လက်ရှိပြည်သူ့လွှတ်တော်ရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက် ပိုင်မြင့်က ပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ကိုယ်စားလှယ်တွေ အများစုရှိနေတဲ့ ပြည်သူ့လွှတ်တော်မှာ လက်ရှိပြည်သူ့လွှတ်တော်ရဲ့ ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ကို ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌအသစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် နုတ်ထွက်ခဲ့တာကြောင့် ဥက္ကဌသစ်ရွေးချယ်မှုကို ဒီနေ့ မတ်လ ၂၂ ရက်က ပြည်သူ့လွှတ်တော်အတွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဦးတီခွန်မြတ်ကို NLD ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အဆိုပြုခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းထွန်းက ပျော်ဘွယ် ဦးသောင်းအေးကို အဆိုပြုခဲ့ပါတယ်။
မဲဆန္ဒခံယူရာမှာတော့ ဦးတီခွန်မြတ်က ထောက်ခံမဲ ထက်ဝက်ကျော်ရရှိပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။
NLD ပါတီဝင်မဟုတ်သူတစ်ဦးကို ဥက္ကဋ္ဌ နေရာအတွက် အဆိုပြုခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင်က အခုလို ပြောပါတယ်။
Interview – ဒေါ်ခင်စန်းလှိုင် ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အရင်က ပြည်သူ့လွှတ်တော်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာတာကြောင့် ဒုတိယဥက္ကဌနေရာအတွက်ကိုလည်း ရွေးချယ်ခဲ့ရပါတယ်။ ဒီလိုရွေးချယ်ရာမှာတော့ NLD ပါတီရဲ့ CEC တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေရာကနေ ပြည်သူ့လွှတ်တော်ရဲ့ ဒုတိယဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ယူရမှာဖြစ်ပါတယ်။

Interview – ဦးထွန်ထွန်းဟိန် (ဒုတိယဥက္ကဌ )
ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဦးတီခွန်မြတ်ဟာ လက်ရှိအချိန်မှာတော့ ပြည်ခိုင်ဖြိုးပါတီကနေ နှုတ်ထွက်ထားပြါီ် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ဦးတီခွန်မြတ်ဟာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သလို ရှေ့နေချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်လွှတ်တော်သက်တမ်းအတွင်း ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာပြီဖြစ်တဲ့ ဦးတီခွန်မြတ်ဟာ နောက်လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယက အဖြစ်လည်း တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။