ေျမယာသံုးစြဲခြင့္ျပဳမိန္႔ပံုစံ ၁၅ က ထုတ္ေပးခဲ့တဲ့ ေျမစာရင္း ဦးစီးမွဴးကို တရားစြဲဆို (႐ုပ္/သံ)

0
239

ေျမယာကို အျခားနည္းသံုးစြဲခြင့္ျပဳမိန္႔ပံုစံ (၁၅ က) ထုတ္ေပးခဲ့တဲ့ ဧရာဝတီတိုင္းအစိုးရအဖြဲ႕ အတြင္းေရးမွဴးေဟာင္းနဲ႕ ျမိဳ႕နယ္ေျမစာရင္းဦးစီးမွဴးကို တိုင္းေဒသႀကီးတရားလႊတ္ေတာ္ရံုးမွာ နစ္နာသူေတြက တရားစြဲဆိုလိုက္ပါတယ္။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီ ကေပးပို႔ ထားပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ျမိဳ႕နယ္ ေငြေဆာင္ျမိဳ႕ အမွတ္ ၃ ရပ္ကြက္အတြင္းက အျငင္းပြားေျမေနရာမွာ ေဟာ္တယ္ေဆာက္လုပ္ေနတဲ႔အတြက္ ၂၀၁၅ ခုႏွစ္က ပုသိမ္ျမိဳ႕နယ္တရားရံုးမွာ လုပ္ငန္းရွင္ေတြကို ေဒသခံေတြက တရားစြဲဆိုထားတာပါ ။

အဲ႔ဒီအျငင္းပြားေျမေနရာကိစၥ တရားရင္ဆိုင္ေနတုန္းမွာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အတြင္းေရးမွဴး ညႊန္ၾကားခ်က္နဲ႔ အျခားနည္းသံုးစြဲခြင့္ ခြင့္ျပဳမိန္႔ပံုစံ (၁၅ က) ကိုလုပ္ငန္းရွင္ကို ထုတ္ေပးလိုက္တဲ႔အတြက္ ထုတ္ေပးခဲ႔တဲ႔ သူေတြကို ေဒသခံ ၇ ေယာက္က တိုင္းတရားရုံးမွာ တရားျပန္လည္ စြဲဆိုလိုက္တာပါ။

အင္တာဗ်ဴး ၁ဦးၾကည္စြမ္(တရားလႊတ္ေတာ္ေရွ႕ေန)

ဒါအျပင္ ပိုင္ဆိုင္မႈတစ္စံုတစ္ရာ ျပသနိင္ျခင္းမရွိပဲ ခုလို ေျမယာကို အျခားနည္း သံုးစြဲခြင့္ခ်ထားေပးတဲ႔အေပၚ မူလပိုင္ရွင္ေတြအေနနဲ႕ တရားရင္ဆိုင္ရာမွာ နစ္နာမႈေတြရွိေနတာေၾကာင့္ ခုလိုတရားစြဲဆိုလိုက္တာပါ။

အင္တာဗ်ဴး၂ဦးေအးျမင့္(နစ္နာသူ ပိုင္ရွင္တစ္ဦး)

တရားစြဲဆုိမႈကို မတ္လ ၂၀ရက္ေန႔မွာ တိုင္းေဒသႀကီးတရားလႊတ္ေတာ္က လက္ခံလိုက္ျပီး ဧျပီလ ၃ရက္ေန႔မွာ တိုင္းေဒသႀကီးတရားသူႀကီးခ်ဳပ္တရားခြင္မွာ စတင္စစ္ေဆးသြားမွာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေယာကို အခြားနည်းသုံးစွဲခွင့်ပြုမိန့်ပုံစံ (၁၅ က) ထုတ်ပေးခဲ့တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းနဲ့ မြို့နယ်မြေစာရင်းဦးစီးမှူးကို တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ နစ်နာသူတွေက တရားစွဲဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီ ကပေးပို့ ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်မြို့ အမှတ် ၃ ရပ်ကွက်အတွင်းက အငြင်းပွားမြေနေရာမှာ ဟော်တယ်ဆောက်လုပ်နေတဲ့အတွက် ၂၀၁၅ ခုနှစ်က ပုသိမ်မြို့နယ်တရားရုံးမှာ လုပ်ငန်းရှင်တွေကို ဒေသခံတွေက တရားစွဲဆိုထားတာပါ ။

အဲ့ဒီအငြင်းပွားမြေနေရာကိစ္စ တရားရင်ဆိုင်နေတုန်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားချက်နဲ့ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့်ပုံစံ (၁၅ က) ကိုလုပ်ငန်းရှင်ကို ထုတ်ပေးလိုက်တဲ့အတွက် ထုတ်ပေးခဲ့တဲ့ သူတွေကို ဒေသခံ ၇ ယောက်က တိုင်းတရားရုံးမှာ တရားပြန်လည် စွဲဆိုလိုက်တာပါ။

အင်တာဗျူး ၁ဦးကြည်စွမ်(တရားလွှတ်တော်ရှေ့နေ)

ဒါအပြင် ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ပြသနိင်ခြင်းမရှိပဲ ခုလို မြေယာကို အခြားနည်း သုံးစွဲခွင့်ချထားပေးတဲ့အပေါ် မူလပိုင်ရှင်တွေအနေနဲ့ တရားရင်ဆိုင်ရာမှာ နစ်နာမှုတွေရှိနေတာကြောင့် ခုလိုတရားစွဲဆိုလိုက်တာပါ။

အင်တာဗျူး၂ဦးအေးမြင့်(နစ်နာသူ ပိုင်ရှင်တစ်ဦး)

တရားစွဲဆိုမှုကို မတ်လ ၂၀ရက်နေ့မှာ တိုင်းဒေသကြီးတရားလွှတ်တော်က လက်ခံလိုက်ပြီး ဧပြီလ ၃ရက်နေ့မှာ တိုင်းဒေသကြီးတရားသူကြီးချုပ်တရားခွင်မှာ စတင်စစ်ဆေးသွားမှာဖြစ်ပါတယ် ခင်ဗျာ ။