စက္မႈရပ္ကြက္စီမံကိန္းအတြက္ သိမ္းဆည္းခဲ့တဲ့ေျမေတြကို ဂရမ္ေလွ်ာက္ထားမႈ ရွိေန (႐ုပ္/သံ)

0
744

စစ္ေတြၿမိဳ႕ စက္မႈရပ္ကြက္စီမံကိန္းအတြက္ သိမ္းဆည္းခဲ့တဲ့ေျမေတြကို ဂရမ္ေလွ်ာက္ထားမႈ ေတြ႐ွိေနပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

စစ္ေတြၿမိဳ႕ တစ္ဖက္ကမ္းမွာ႐ွိတဲ့ ေက်း႐ြာ ၄ ႐ြာခန္႔က လယ္သမားေတြ လုပ္ကိုင္စားေသာက္ေနၾကတဲ့ လယ္ေျမ ဧက ၅၀၀ ေက်ာ္ကို စက္မႈရပ္ကြက္စီမံကိန္းအတြက္ဆိုၿပီး ၁၉၉၃ ခုႏွစ္က သိမ္းဆည္းခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ စီမံကိန္းေဖာ္ေဆာင္တာ မ႐ွိေသးတာေၾကာင့္ အဲဒီေျမေတြကို လူေနရပ္ကြက္အျဖစ္ ေျပာင္းလဲသတ္မွတ္ၿပီး ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔အပါအဝင္ သူတို႔နဲ႔ နီးစပ္သူေတြနဲ႔ စီးပြားေရးလုပ္ငန္း႐ွင္ေတြကို ခ်ေပးခဲ့တာျဖစ္ပါတယ္။

စီမံကိန္းအတြက္ သိမ္းဆည္းခဲ့တဲ့ေျမေတြကို ပုဂၢလိကပိုင္အျဖစ္ ခြဲေဝမႈေတြ႐ွိလာတာေၾကာင့္ မူလေျမပိုင္႐ွင္ေတြဘက္က ေျမယာတန္ဖိုးနဲ႔ က်န္တဲ့ေျမေတြကို လုပ္ကိုင္စားေသာက္ခြင့္ရ႐ွိေရးအတြက္ ေတာင္းဆိုေနတဲ့ၾကားက အကြက္႐ိုက္ေရာင္း ခ်မႈေတြ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေမာင္ထြန္းသိန္း (ေျမပိုင္႐ွင္)
မင္းတရားခ်ိတ္ေက်း႐ြာ

အဲဒီေျမကိစၥနဲ႔ပတ္သက္ၿပီ လက္႐ွိရခိုင္ျပည္နယ္အစိုးရက စိစစ္ေရးေကာ္မတီတစ္ခု ဖြဲ႔စည္းၿပီးေတာ့ ကိုင္တြယ္ဖို႔ႀကိဳး စားခဲ့ေပမယ့္ ေကာ္မတီအေနနဲ႔ စံုစမ္းစစ္ေဆးမႈေတြမျပဳလုပ္ခဲ့သလို အခုေနာက္ပိုင္းမွာ အဲဒီေနေျမေတြကို ဂရမ္ေျမအျဖစ္ ေျပာင္းလဲမႈေတြ ႐ွိလာေနတာပါ။

အင္တာဗ်ဴး – ဦးရန္မ်ိဳးေအာင္ (ေျမပိုင္႐ွင္)
ဆတ္႐ိုးက်ရပ္ကြက္

သိမ္းဆည္းခံေျမေတြအတြက္ ေလ်ာ္ေၾကးအျဖစ္ တစ္ဧကကို က်ပ္သိန္း ၃၀ စီေပးေလ်ာ္ဖို႔ အစိုးရကေျပာဆိုေပမယ့္ ေျမပိုင္႐ွင္ေတြက ကာလေပါက္ေဈးရဲ႕ ထက္ဝက္ခန္႔ကို ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။ လက္႐ွိ စီးပြားေရးလုပ္ငန္း႐ွင္ေတြက အဲဒီေျမကြက္ေတြကို က်ပ္သိန္းေထာင္ခ်ီၿပီး အေရာင္းအဝယ္လုပ္ေနၾကတာ ျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ စက်မှုရပ်ကွက်စီမံကိန်းအတွက် သိမ်းဆည်းခဲ့တဲ့မြေတွေကို ဂရမ်လျှောက်ထားမှု တွေရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စစ်တွေမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာ ၄ ရွာခန့်က လယ်သမားတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်မြေ ဧက ၅၀ဝ ကျော်ကို စက်မှုရပ်ကွက်စီမံကိန်းအတွက်ဆိုပြီး ၁၉၉၃ ခုနှစ်က သိမ်းဆည်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စီမံကိန်းဖော်ဆောင်တာ မရှိသေးတာကြောင့် အဲဒီမြေတွေကို လူနေရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် သူတို့နဲ့ နီးစပ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ချပေးခဲ့တာဖြစ်ပါတယ်။

စီမံကိန်းအတွက် သိမ်းဆည်းခဲ့တဲ့မြေတွေကို ပုဂ္ဂလိကပိုင်အဖြစ် ခွဲဝေမှုတွေရှိလာတာကြောင့် မူလမြေပိုင်ရှင်တွေဘက်က မြေယာတန်ဖိုးနဲ့ ကျန်တဲ့မြေတွေကို လုပ်ကိုင်စားသောက်ခွင့်ရရှိရေးအတွက် တောင်းဆိုနေတဲ့ကြားက အကွက်ရိုက်ရောင်း ချမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးမောင်ထွန်းသိန်း (မြေပိုင်ရှင်)
မင်းတရားချိတ်ကျေးရွာ

အဲဒီမြေကိစ္စနဲ့ပတ်သက်ပြီ လက်ရှိရခိုင်ပြည်နယ်အစိုးရက စိစစ်ရေးကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ကိုင်တွယ်ဖို့ကြိုး စားခဲ့ပေမယ့် ကော်မတီအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေမပြုလုပ်ခဲ့သလို အခုနောက်ပိုင်းမှာ အဲဒီနေမြေတွေကို ဂရမ်မြေအဖြစ် ပြောင်းလဲမှုတွေ ရှိလာနေတာပါ။

အင်တာဗျူး – ဦးရန်မျိုးအောင် (မြေပိုင်ရှင်)
ဆတ်ရိုးကျရပ်ကွက်

သိမ်းဆည်းခံမြေတွေအတွက် လျော်ကြေးအဖြစ် တစ်ဧကကို ကျပ်သိန်း ၃၀ စီပေးလျော်ဖို့ အစိုးရကပြောဆိုပေမယ့် မြေပိုင်ရှင်တွေက ကာလပေါက်ဈေးရဲ့ ထက်ဝက်ခန့်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေက အဲဒီမြေကွက်တွေကို ကျပ်သိန်းထောင်ချီပြီး အရောင်းအဝယ်လုပ်နေကြတာ ဖြစ်ပါတယ်ခင်ဗျား။