ပုသိမ္သၾကၤန္ လံုျခံဳေရးတိုးျမွင္႔မယ္ (႐ုပ္/သံ)

0
785

ပုသိမ္ျမိ္ဳ႕မွာ မႈခင္းျဖစ္ပြားမႈႀကိဳတင္ကာကြယ္ေရးအေနနဲ႕ သၾကၤန္ကာလအထိ လံုျခံဳေရးနဲ႔လွည့္ကင္းေတြကို တိုးျမွင့္ခ်ထားသြားမွာျဖစ္ပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားျပီး သဥၨာကတင္ဆက္ေပးထားပါတယ္ ။

ပုသိမ္ျမိဳ႕မွာ ညဘက္ေတြမွာ ဆိုင္ကယ္စီးျပီးလုယက္တာေတြနဲ႔ မူးယစ္ရမ္းကားမႈေတြ ေလ်ာ႔ပါးေစဖို႔ ရဲတပ္ဖြဲ႔နဲ႔ တာ၀န္ရွိသူေတြက လံုျခံဳေရးကို အထူးၾကပ္မတ္ေနတာပါ ။ ဒါ့အျပင္ မၾကာခင္မွာ ေရာက္ရွိလာေတာ႔မယ္႔ သၾကၤန္ကာလမတိုင္မွီ ေဆးဆိုင္ေတြမွာ တရားမဝင္ေဆးဝါ းေရာင္းခ်မႈေတြကိုလည္း စစ္ေဆးအေရးယူတာေတြ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္ ။

Soundbite – ဒုတိယရဲမွဴးႀကီးခင္ေမာင္လတ္ (ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ရံုး)

သၾကၤန္ကာလမွာ လံုျခံဳေရးကို ေနစဥ္ေဆာင္ရြက္သြားဖို႔ရွိေနျပီး ရဲတပ္ဖြဲ႕အင္အား ၇၀ေက်ာ္နဲ႔ အဖြဲ႕၂ ဖြဲ႕ခြဲကာ ညစဥ္လွည့္ကင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္ ။ လံုျခံဳေရးေဆာင္ရြက္တဲ႔ေနရာမွာ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြအျပင္ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြပါ ပူးေပါင္းပါဝင္ေဆာင္ရြက္ သြားမွာျဖစ္ပါတယ္ ။

Soundbite – ရဲမွဴးခင္ေမာင္စိုး (ပုသိမ္ျမိဳ႕နယ္ ရဲတပ္ဖြဲမွဴး)

ပုသိမ္ျမိဳ႕မွာ လွည့္ကင္းဆာင္ရြက္မႈကို လူစည္ကားရာ ကမ္းနားလမ္း၊ ပုသိမ္တကၠသိုလ္၊ ျမက်ြန္းသာအိမ္ရာနဲ႔ ကြမ္းျခံရပ္အစရွိတဲ႕ ေနရာေတြမွာ ပိတ္ဆို႔ရွာေဖြဖမ္းဆီးမႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်မြိ်ု့မှာ မှုခင်းဖြစ်ပွားမှုကြိုတင်ကာကွယ်ရေးအနေနဲ့ သင်္ကြန်ကာလအထိ လုံခြုံရေးနဲ့လှည့်ကင်းတွေကို တိုးမြှင့်ချထားသွားမှာဖြစ်ပါတယ် ။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီကပေးပို့ထားပြီး သဉ္ဇာကတင်ဆက်ပေးထားပါတယ် ။

ပုသိမ်မြို့မှာ ညဘက်တွေမှာ ဆိုင်ကယ်စီးပြီးလုယက်တာတွေနဲ့ မူးယစ်ရမ်းကားမှုတွေ လျော့ပါးစေဖို့ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက လုံခြုံရေးကို အထူးကြပ်မတ်နေတာပါ ။ ဒါ့အပြင် မကြာခင်မှာ ရောက်ရှိလာတော့မယ့် သင်္ကြန်ကာလမတိုင်မှီ ဆေးဆိုင်တွေမှာ တရားမဝင်ဆေးဝါ းရောင်းချမှုတွေကိုလည်း စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။

Soundbite – ဒုတိယရဲမှူးကြီးခင်မောင်လတ် (ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး)

သင်္ကြန်ကာလမှာ လုံခြုံရေးကို နေစဉ်ဆောင်ရွက်သွားဖို့ရှိနေပြီး ရဲတပ်ဖွဲ့အင်အား ၇၀ကျော်နဲ့ အဖွဲ့၂ ဖွဲ့ခွဲကာ ညစဉ်လှည့်ကင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ လုံခြုံရေးဆောင်ရွက်တဲ့နေရာမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအပြင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေပါ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမှာဖြစ်ပါတယ် ။

Soundbite – ရဲမှူးခင်မောင်စိုး (ပုသိမ်မြို့နယ် ရဲတပ်ဖွဲမှူး)

ပုသိမ်မြို့မှာ လှည့်ကင်းဆာင်ရွက်မှုကို လူစည်ကားရာ ကမ်းနားလမ်း၊ ပုသိမ်တက္ကသိုလ်၊ မြကျွန်းသာအိမ်ရာနဲ့ ကွမ်းခြံရပ်အစရှိတဲ့ နေရာတွေမှာ ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ ။