မႏၱေလးမွာ လူငယ္မႈ၀ါဒ အေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေန (႐ုပ္/သံ)

0
698

မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ လူငယ္မူဝါဒအေကာင္အထည္ေဖာ္ဖို႔အတြက္ လူငယ္ေတြ႕ဆံုပြဲျပဳလုပ္ၿပီး လုပ္ငန္းေကာ္မတီ ေရြးခ်ယ္မႈ လုပ္ေဆာင္ခဲ႔ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

လူငယ္မူဝါဒကို အေကာင္အထည္ေဖာ္ဖို႔ ေရွ႔ဆက္ေဆာင္ရြက္ သြားမယ့္ လုပ္ငန္းေကာ္မတီဖြဲ႔စည္းဖို႔အတြက္ ေကာ္မတီဝင္ေတြကို ေရြးခ်ယ္သြားဖို႔ လုပ္ေဆာင္ေနပါတယ္။

အဲ႔ဒီေကာ္မတီဝင္ ေရြးခ်ယ္ပြဲကို မတ္လ ၁၂ ရက္နဲ႔ ၁၃ရက္ေတြမွာ မႏၲေလးၿမိဳ႕ေတာ္ခန္းမမွာ မႏၲေလးတိုင္းေဒသႀကီးအတြင္းက လူငယ္အဖြဲ႔အစည္းေတြ စုေပါင္း ေတြ႔ဆံုၿပီး ဖြဲ႔စည္းပံု စည္းမ်ဥ္းေတြ သတ္မွတ္ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။

Soundbite – ကိုသန္းျမတ္စိုး (လူငယ္အဖြဲ႔ဝင္) မႏၲေလးတိုင္းေဒသႀကီး

အဲ႔ဒီေရြးခ်ယ္ခံရတဲ႔ လူငယ္ေတြအေနနဲ႔ မႏၲေလးတိုင္းေဒသႀကီး အတြင္းက လူငယ္အေရးကိစၥေတြကို ဦးေဆာင္သြားရမွာျဖစ္ျပီး ဘယ္အခန္းက႑ေတြကို ဦးစားေပးေဆာင္ရြက္သြားမလဲဆိုတာကိုေတာ့ ျပန္လည္ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

လူငယ္မူဝါဒေပၚေပါက္လာတဲ႔အတြက္ လူငယ္ေတြရဲ႕ အခနိးက႑ ပိုမိုအားေကာင္းလာၿပီး ပညာေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုမိုေကာင္းမြန္လာဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။

Soundbite – ကိုလင္းသီဟ (အဖြဲ႔ဝင္) လူငယ္မူဝါဒအေကာင္အထည္ေဖာ္ေရးေကာ္မတီ

မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ လူငယ္အဖြဲ႔အစည္းေတြ အမ်ားအျပားဖြဲ႕စည္းထားၾကေပမယ့္ စုစည္းမႈအားနည္းေနတာျဖစ္ၿပီး အဲ႔ဒီအဖြဲ႔အစည္းေတြ စုေပါင္းလုပ္ေဆာင္ ႏိုင္ဖို႔ႀကိဳးစားေနရတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လူငယ်မူဝါဒအကောင်အထည်ဖော်ဖို့အတွက် လူငယ်တွေ့ဆုံပွဲပြုလုပ်ပြီး လုပ်ငန်းကော်မတီ ရွေးချယ်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

လူငယ်မူဝါဒကို အကောင်အထည်ဖော်ဖို့ ရှေ့ဆက်ဆောင်ရွက် သွားမယ့် လုပ်ငန်းကော်မတီဖွဲ့စည်းဖို့အတွက် ကော်မတီဝင်တွေကို ရွေးချယ်သွားဖို့ လုပ်ဆောင်နေပါတယ်။

အဲ့ဒီကော်မတီဝင် ရွေးချယ်ပွဲကို မတ်လ ၁၂ ရက်နဲ့ ၁၃ရက်တွေမှာ မန္တလေးမြို့တော်ခန်းမမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက လူငယ်အဖွဲ့အစည်းတွေ စုပေါင်း တွေ့ဆုံပြီး ဖွဲ့စည်းပုံ စည်းမျဉ်းတွေ သတ်မှတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

Soundbite – ကိုသန်းမြတ်စိုး (လူငယ်အဖွဲ့ဝင်) မန္တလေးတိုင်းဒေသကြီး

အဲ့ဒီရွေးချယ်ခံရတဲ့ လူငယ်တွေအနေနဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းက လူငယ်အရေးကိစ္စတွေကို ဦးဆောင်သွားရမှာဖြစ်ပြီး ဘယ်အခန်းကဏ္ဍတွေကို ဦးစားပေးဆောင်ရွက်သွားမလဲဆိုတာကိုတော့ ပြန်လည်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

လူငယ်မူဝါဒပေါ်ပေါက်လာတဲ့အတွက် လူငယ်တွေရဲ့ အခနိးကဏ္ဍ ပိုမိုအားကောင်းလာပြီး ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်နေကြတာပါ။

Soundbite – ကိုလင်းသီဟ (အဖွဲ့ဝင်) လူငယ်မူဝါဒအကောင်အထည်ဖော်ရေးကော်မတီ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လူငယ်အဖွဲ့အစည်းတွေ အများအပြားဖွဲ့စည်းထားကြပေမယ့် စုစည်းမှုအားနည်းနေတာဖြစ်ပြီး အဲ့ဒီအဖွဲ့အစည်းတွေ စုပေါင်းလုပ်ဆောင် နိုင်ဖို့ကြိုးစားနေရတာဖြစ်ပါတယ် ခင်ဗျာ။

?bph6